ဘိုင်ယန်နဲ့ ကစားမယ့် ပွဲမှာ အဓိက ကစားသမားအများအပြားလွဲချော်မယ့် ဒေါ့မွန်

ဒေါ့မွန် အသင်းဟာ မနက်ဖြန်မနက်ပိုင်းမှာ ကစားမယ့် ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဘွန်ဒစ်လီဂါ ပွဲစဉ်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဆန်ချို၊ ဂွာရဲရိုးနဲ့ ရိုင်နာ တို့ ပါဝင်မှာ မဟုတ်ဘူးလို့ ဂျာမန်ကလပ်က အတည်ပြုလိုက်ပါတယ်။ဆန်ချို နဲ့ ဂွာရဲရိုး ဟာ မိုချန်ဂလာဘတ် အသင်းကို အနိုင်ရခဲ့တဲ့ ဂျာမန်ပိုကယ်လ်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ဒဏ်ရာပြသနာတွေ ရရှိခဲ့တာဖြစ်ပါတယ်။

ဂွာရဲရိုး ဟာ ခြေဖမိုးကြွက်သားဒဏ်ရာကြောင့် နီကိုရှလပ်ဇ် နဲ့ လူစားလဲခံရပြီး ဆန်ချိုကလည်း ဂိုးသွင်းပြီး မကြာခင်မှာ ပေါင်ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရပါတယ်။ဒေါ့မွန် အသင်းနည်းပြ တာဇစ် က “ဆန်ချို နဲ့ ဂွာရဲရိုး တို့ ကို ပွဲအပြီးမှာပဲ ချက်ချင်း စစ်‌ဆေးခဲ့ပြီး နောက်ထပ်စစ်ဆေးမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။ဒါဟာ သူတို့ (၂)ဦးလုံး အတွက် ခက်ခဲနိုင်ပါတယ်။သူတို့ (၂)ဦးကို မြူးနစ် ကို ခေါ်သွားဖို့ မျှော်လင့်ချက်ကို လက်မလျှော့သေးဘူးလို့ “ဆိုခဲ့ပါတယ်။

ဒါပေမယ့် ဒေါ့မွန် အသင်းကတော့ သူတို့ (၂)ဦး အပြင် ရိုင်နာလည်း မြူးနစ် ကို သွားတဲ့ အသင်းလူစာရင်းမှာ မပါဝင်ဘူးလို့ အတည်ပြုပေးခဲ့ပါတယ်။ဒေါ့မွန် အသင်းဟာ အသက်(၁၈)နှစ်အရွယ်ရှိ အမေရိကန် ကစားသမား ရိုင်နာ ကို ချန်လှန်ခဲ့တဲ့ အကြောင်းအရင်းကိုတော့ ထုတ်ပြန်ထားခြင်းမရှိတာဖြစ်ပါတယ်။ရိုင်နာ နဲ့ ဆန်ချို နေရာကို သောဂန်ဟာဇတ် ဝင်ရောက်ကစားဖို့ ရှိနေပြီး ဂွာရဲရိုး နေရာကိုတော့ ရှလပ်ဇ် က ဝင်ရောက်ကစားမယ်လို့ သတင်းမှာ ဆိုပါတယ်။

ဒေါ့မွန် အသင်းဟာ လက်ရှိဘွန်ဒစ်လီဂါ အမှတ်ပေးဇယား အဆင့် (၅)နေရာမှာ ရပ်တည်နေတာဖြစ်ပြီး ထိပ်ဆုံးက ဘိုင်ယန်မြူးနစ် အသင်းနဲ့ (၁၃)မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။ဒေါ့မွန် အသင်းဟာ ဒီပွဲပြီးရင် ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဆီဗီလာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ေဒါ့မြန္ အသင္းဟာ မနက္ျဖန္မနက္ပိုင္းမွာ ကစားမယ့္ ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ ဘြန္ဒစ္လီဂါ ပြဲစဥ္မွာ အဓိက ကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳ၊ ဂြာရဲရိုးနဲ႔ ရိုင္နာ တို႔ ပါဝင္မွာ မဟုတ္ဘူးလို႔ ဂ်ာမန္ကလပ္က အတည္ျပဳလိုက္ပါတယ္။ဆန္ခ်ိဳ နဲ႔ ဂြာရဲရိုး ဟာ မိုခ်န္ဂလာဘတ္ အသင္းကို အနိုင္ရခဲ့တဲ့ ဂ်ာမန္ပိုကယ္လ္ဖလား ကြာတားဖိုင္နယ္ ပြဲစဥ္မွာ ဒဏ္ရာျပသနာေတြ ရရွိခဲ့တာျဖစ္ပါတယ္။

ဂြာရဲရိုး ဟာ ေျခဖမိုးႂကြက္သားဒဏ္ရာေၾကာင့္ နီကိုရွလပ္ဇ္ နဲ႔ လူစားလဲခံရၿပီး ဆန္ခ်ိဳကလည္း ဂိုးသြင္းၿပီး မၾကာခင္မွာ ေပါင္ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရပါတယ္။ေဒါ့မြန္ အသင္းနည္းၿပ တာဇစ္ က “ဆန္ခ်ိဳ နဲ႔ ဂြာရဲရိုး တို႔ ကို ပြဲအၿပီးမွာပဲ ခ်က္ခ်င္း စစ္‌ေဆးခဲ့ၿပီး ေနာက္ထပ္စစ္ေဆးမႈေတြ ျပဳလုပ္ဖို႔ လိုအပ္ပါတယ္။ဒါဟာ သူတို႔ (၂)ဦးလုံး အတြက္ ခက္ခဲနိုင္ပါတယ္။သူတို႔ (၂)ဦးကို ျမဴးနစ္ ကို ေခၚသြားဖို႔ ေမၽွာ္လင့္ခ်က္ကို လက္မေလၽွာ့ေသးဘူးလို႔ “ဆိုခဲ့ပါတယ္။

ဒါေပမယ့္ ေဒါ့မြန္ အသင္းကေတာ့ သူတို႔ (၂)ဦး အျပင္ ရိုင္နာလည္း ျမဴးနစ္ ကို သြားတဲ့ အသင္းလူစာရင္းမွာ မပါဝင္ဘူးလို႔ အတည္ျပဳေပးခဲ့ပါတယ္။ေဒါ့မြန္ အသင္းဟာ အသက္(၁၈)ႏွစ္အရြယ္ရွိ အေမရိကန္ ကစားသမား ရိုင္နာ ကို ခ်န္လွန္ခဲ့တဲ့ အေၾကာင္းအရင္းကိုေတာ့ ထုတ္ျပန္ထားျခင္းမရွိတာျဖစ္ပါတယ္။ရိုင္နာ နဲ႔ ဆန္ခ်ိဳ ေနရာကို ေသာဂန္ဟာဇတ္ ဝင္ေရာက္ကစားဖို႔ ရွိေနၿပီး ဂြာရဲရိုး ေနရာကိုေတာ့ ရွလပ္ဇ္ က ဝင္ေရာက္ကစားမယ္လို႔ သတင္းမွာ ဆိုပါတယ္။

ေဒါ့မြန္ အသင္းဟာ လက္ရွိဘြန္ဒစ္လီဂါ အမွတ္ေပးဇယား အဆင့္ (၅)ေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ထိပ္ဆုံးက ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႔ (၁၃)မွတ္ကြာဟေနတာလည္းျဖစ္ပါတယ္။ေဒါ့မြန္ အသင္းဟာ ဒီပြဲၿပီးရင္ ခ်န္ပီယံလိဂ္ (၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ ပြဲစဥ္အျဖစ္ ဆီဗီလာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။