ဗန်ပါစီနဲ့ ရွန်နီ တို့ရဲ့မှတ်တမ်းကို လိုက်မှီတော့မယ့် ဘရူနိုဖာနန်ဒက်စ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့အဓိက ကစားသမား ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ ဖေဖော်ဝါရီလအတွက် ပရီးမီးယားလိဂ်က ထုတ်ပြန်ခဲ့တဲ့ အကောင်းဆုံးဆန်ကာတင်စာရင်းတွေမှာ ပါဝင်နေပါတယ်။ဘရူနိုဖာနန်ဒက်စ် ဟာ ဖေဖော်ဝါရီလအတွက် တစ်လတာ အကောင်းဆုံး ကစားသမားဆုနဲ့ တစ်လတာ အကောင်း‌ဆုံး သွင်းဂိုးဆု ဆန်ကာတင်စာရင်းမှာ ပါဝင်နေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကမှ စပို့တင်းလစ္စဘွန်း ကနေ မန်ချက်စတာယူနိုက်တက် ကို ပြောင်းရွှေ့လာတဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ အသင်းနိုင်ပွဲပုံဖော်ရာမှာ အကျိုးသက်ရောက်မှု အရှိဆုံးကစားသမားလည်းဖြစ်ပါတယ်။

ပေါ်တူဂီ ကစားသမားဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစားသမားဆုကို (၄)ကြိမ်ရရှိထားပြီးဖြစ်ပါတယ်။ဒီ(၄)ကြိမ်လုံးကို တူညီတဲ့ ပြက္ခဒိန်နှစ်မှာပဲ ရယူနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။ပထမ(၂)ကြိမ်ကတော့ ပြီးခဲ့တဲ့ရာသီက ရယူနိုင်ခဲ့တာဖြစ်ပြီး အခုနှစ်ရာသီ အတွက်ကတော့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ က အကောင်းဆုံးဆုတွေကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

LEICESTER, ENGLAND – DECEMBER 26: Bruno Fernandes of Manchester United celebrates after scoring their sides second goal during the Premier League match between Leicester City and Manchester United at The King Power Stadium on December 26, 2020 in Leicester, England. The match will be played without fans, behind closed doors as a Covid-19 precaution. (Photo by Carl Recine -Pool/Getty Images)

ဘရူနိုဖာနန်ဒက်စ် ဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံးကစားသမားဆုကို (၅)ကြိမ်မြောက်ရယူနိုင်ဖို့ အခွင့်အရေးရှိနေတာဖြစ်ပါတယ်။(၅)ကြိမ်မြောက်ရယူနိုင်မယ်ဆိုရင်တော့ ကစားသမားဟောင်းတွေဖြစ်တဲ့ ဗန်ပါစီ နဲ့ ရွန်နီ တို့ရဲ့စံချိန်မှတ်တမ်းတွေကို လိုက်မှီတော့မှာလည်းဖြစ်ပါတယ်။ဗန်ပါစီ နဲ့ ရွန်နီ တို့ဟာ ပရီးမီးယားလိဂ် တစ်လတာ အကောင်းဆုံး ကစား သမားဆုကို (၅)ကြိမ်စီ ရယူထားနိုင်တာဖြစ်ပါတယ်။ဘရူနိုဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့လက ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲမှာ (၄)ဂိုးသွင်းပြီး (၃)ဂိုးဖန်တီးခဲ့တာလည်းဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ (၁၅)ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ ဆာလတ် ရဲ့နောက်မှာ (၂)ဂိုးလျော့နည်းပြီး ရပ်တည်နေတာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့အဓိက ကစားသမား ျဖစ္တဲ့ ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ေဖေဖာ္ဝါရီလအတြက္ ပရီးမီးယားလိဂ္က ထုတ္ျပန္ခဲ့တဲ့ အေကာင္းဆုံးဆန္ကာတင္စာရင္းေတြမွာ ပါဝင္ေနပါတယ္။ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ေဖေဖာ္ဝါရီလအတြက္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုနဲ႔ တစ္လတာ အေကာင္း‌ဆုံး သြင္းဂိုးဆု ဆန္ကာတင္စာရင္းမွာ ပါဝင္ေနတာျဖစ္ပါတယ္။ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီကမွ စပို႔တင္းလစၥဘြန္း ကေန မန္ခ်က္စတာယူနိုက္တက္ ကို ေျပာင္းေရႊ႕လာတဲ့ ဘ႐ူနိုဖာနန္ဒက္စ္ ဟာ အသင္းနိုင္ပြဲပုံေဖာ္ရာမွာ အက်ိဳးသက္ေရာက္မႈ အရွိဆုံးကစားသမားလည္းျဖစ္ပါတယ္။

ေပၚတူဂီ ကစားသမားဟာ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး ကစားသမားဆုကို (၄)ႀကိမ္ရရွိထားၿပီးျဖစ္ပါတယ္။ဒီ(၄)ႀကိမ္လုံးကို တူညီတဲ့ ျပကၡဒိန္ႏွစ္မွာပဲ ရယူနိုင္ခဲ့တဲ့ ပထမဆုံးကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့တာျဖစ္ပါတယ္။ပထမ(၂)ႀကိမ္ကေတာ့ ၿပီးခဲ့တဲ့ရာသီက ရယူနိုင္ခဲ့တာျဖစ္ၿပီး အခုႏွစ္ရာသီ အတြက္ကေတာ့ နိုဝင္ဘာလနဲ႔ ဒီဇင္ဘာလ က အေကာင္းဆုံးဆုေတြကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံးကစားသမားဆုကို (၅)ႀကိမ္ေျမာက္ရယူနိုင္ဖို႔ အခြင့္အေရးရွိေနတာျဖစ္ပါတယ္။(၅)ႀကိမ္ေျမာက္ရယူနိုင္မယ္ဆိုရင္ေတာ့ ကစားသမားေဟာင္းေတြျဖစ္တဲ့ ဗန္ပါစီ နဲ႔ ရြန္နီ တို႔ရဲ့စံခ်ိန္မွတ္တမ္းေတြကို လိုက္မွီေတာ့မွာလည္းျဖစ္ပါတယ္။ဗန္ပါစီ နဲ႔ ရြန္နီ တို႔ဟာ ပရီးမီးယားလိဂ္ တစ္လတာ အေကာင္းဆုံး ကစား သမားဆုကို (၅)ႀကိမ္စီ ရယူထားနိုင္တာျဖစ္ပါတယ္။ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့လက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္(၅)ပြဲမွာ (၄)ဂိုးသြင္းၿပီး (၃)ဂိုးဖန္တီးခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ (၁၅)ဂိုးသြင္းယူၿပီး ဂိုးသြင္းအမ်ားဆုံး ကစားသမားျဖစ္တဲ့ ဆာလတ္ ရဲ့ေနာက္မွာ (၂)ဂိုးေလ်ာ့နည္းၿပီး ရပ္တည္ေနတာလည္းျဖစ္ပါတယ္။