ဘာကာ နဲ့ ပွဲမှာ နေမာ ပါဝင်နိုင်မလားဆိုတာကို ယတိပြတ်မပြောဆိုခဲ့တဲ့ ပိုချက်တီနို

ပီအက်စ်ဂျီ အသင်းနည်းပြ ပိုချက်တီနို ကတော့ နေမာ ဟာ အသင်းဟောင်း ဘာစီလိုနာ နဲ့ ကစားမယ့် ချန်ပီယံလိဂ်(၁၆)သင်းအ‌ဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ ပါဝင်နိုင်မလားဆိုတာကို အတည်မပြုခဲ့ပဲ သူပြန်လည်ထူထောင်လာတာကို ပျော်ရွှင်တယ်လို့ ဆိုခဲ့ပါတယ်။နေမာ ဟာ ပြီးခဲ့တဲ့လ (၁၀)ရက်က ကိန်းနဲ့ ကစားခဲ့တဲ့ ပြင်သစ်ဖလား ပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

နေမာ ဟာ ဒဏ်ရာကြောင့် ပထမအကျော့က ဘာစီလိုနာ အသင်းကို ပီအက်စ်ဂျီ အသင်းက နူးကမ့်ကွင်းမှာ ဘတ်ပေးရဲ့ခြေစွမ်းပြမှုနဲ့ အနိုင်ရတဲ့ ပွဲကို ပါဝင်နိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ဒီရာသီ နေမာ မပါဝင်တဲ့ ပွဲတွေမှာ အနိုင်ရမှုရာခိုင်နှုန်း (၆၆ ဒသမ ၇)ရာခိုင်နှုန်းကနေ (၇၃ ဒသမ ၇)ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့တယ်လို့ AS သတင်းက ဆိုပါတယ်။ပီအက်စ်ဂျီ အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ ရဲ့(၁၆)သင်းအဆင့် ဒုတိယအကျော့ ပွဲစဉ်ကို အခုလ (၁၁)ရက်မှာ ကစားရမှာဖြစ်ပါတယ်။

ပိုချက်တီနို ကတော့ နေမာ နဲ့ ပတ်သက်ပြီး “ဘရက်စ် နဲ့ ကစားမယ့် ပွဲစဉ်ရဲ့အသင်းလူစာရင်းမှာတော့ သူပါဝင်မှာမဟုတ်ပါဘူး။ဒါပေမယ့် သူ့ရဲ့တိုးတက်မှုအတွက် ကျွန်တော်တို့ အလွန်ဝမ်းမြောက်နေကြပါတယ်။သူဟာ ဘာစီလိုနာ နဲ့ ကစားမယ့် အစုအဖွဲ့ထဲမှာ အစိတ်အပိုင်းအနေနဲ့ ပါဝင်မယ်ဆိုရင် လာမယ့်ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ သူ့ကို တွေ့မြင်ရမှာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Neymar JR of Paris Saint Germain ( PSG ) in action during the Ligue 1 match between Paris Saint Germain and Girondin de Bordeaux at Parc des Princes, on November 28, 2020 in Paris, France. Photo by David Niviere/ABACAPRESS.COM

နေမာ ဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေကြောင့် အသင်းအတွက် ပြိုင်ပွဲစုံ (၁၈)ပွဲပါဝင်ကစားပြီး (၁၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ပီအက္စ္ဂ်ီ အသင္းနည္းၿပ ပိုခ်က္တီနို ကေတာ့ ေနမာ ဟာ အသင္းေဟာင္း ဘာစီလိုနာ နဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္(၁၆)သင္းအ‌ဆင့္ ဒုတိယအေက်ာ့ ပြဲစဥ္မွာ ပါဝင္နိုင္မလားဆိုတာကို အတည္မျပဳခဲ့ပဲ သူျပန္လည္ထူေထာင္လာတာကို ေပ်ာ္ရႊင္တယ္လို႔ ဆိုခဲ့ပါတယ္။ေနမာ ဟာ ၿပီးခဲ့တဲ့လ (၁၀)ရက္က ကိန္းနဲ႔ ကစားခဲ့တဲ့ ျပင္သစ္ဖလား ပြဲစဥ္မွာ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

ေနမာ ဟာ ဒဏ္ရာေၾကာင့္ ပထမအေက်ာ့က ဘာစီလိုနာ အသင္းကို ပီအက္စ္ဂ်ီ အသင္းက ႏူးကမ့္ကြင္းမွာ ဘတ္ေပးရဲ့ေျခစြမ္းျပမႈနဲ႔ အနိုင္ရတဲ့ ပြဲကို ပါဝင္နိုင္ခဲ့ျခင္းမရွိတာလည္းျဖစ္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ဒီရာသီ ေနမာ မပါဝင္တဲ့ ပြဲေတြမွာ အနိုင္ရမႈရာခိုင္ႏႈန္း (၆၆ ဒသမ ၇)ရာခိုင္ႏႈန္းကေန (၇၃ ဒသမ ၇)ရာခိုင္ႏႈန္းအထိ တိုးတက္လာခဲ့တယ္လို႔ AS သတင္းက ဆိုပါတယ္။ပီအက္စ္ဂ်ီ အသင္းနဲ႔ ဘာစီလိုနာ အသင္းတို႔ ရဲ့(၁၆)သင္းအဆင့္ ဒုတိယအေက်ာ့ ပြဲစဥ္ကို အခုလ (၁၁)ရက္မွာ ကစားရမွာျဖစ္ပါတယ္။

ပိုခ်က္တီနို ကေတာ့ ေနမာ နဲ႔ ပတ္သက္ၿပီး “ဘရက္စ္ နဲ႔ ကစားမယ့္ ပြဲစဥ္ရဲ့အသင္းလူစာရင္းမွာေတာ့ သူပါဝင္မွာမဟုတ္ပါဘူး။ဒါေပမယ့္ သူ႔ရဲ့တိုးတက္မႈအတြက္ ကၽြန္ေတာ္တို႔ အလြန္ဝမ္းေျမာက္ေနၾကပါတယ္။သူဟာ ဘာစီလိုနာ နဲ႔ ကစားမယ့္ အစုအဖြဲ႕ထဲမွာ အစိတ္အပိုင္းအေနနဲ႔ ပါဝင္မယ္ဆိုရင္ လာမယ့္ရက္အနည္းငယ္အတြင္းမွာ ကၽြန္ေတာ္တို႔ သူ႔ကို ေတြ႕ျမင္ရမွာပါ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ေနမာ ဟာ ဒီရာသီမွာ ဒဏ္ရာျပသနာေတြေၾကာင့္ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၁၈)ပြဲပါဝင္ကစားၿပီး (၁၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။