ပရီးမီးယားလိဂ်မှာ မှတ်တမ်းအကောင်းဆုံးဂိုးသမားဖြစ်နေတဲ့ ရေဘဝဲမန်ဒီ

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလအတွင်းမှာ ချယ်လ်ဆီးကို ပေါင် ၂၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဂိုးသမားမန်ဒီဟာ လီဗာပူးလ်နဲ့ပွဲမှာ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ ဂိုးသမားတစ်ဦးအတွက် မှတ်တမ်းသစ်တွေ ရေးထိုးနိုင်ခဲ့ပါတယ်။ ချယ်လ်ဆီးက အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး မန်ဒီအတွက် နောက်ထပ်ပေးဂိုးမရှိပွဲတစ်ပွဲလည်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

ထိပ်တန်းလိဂ်ပွဲစဉ်ပေါင်း ၆၀ ခန့်သာ ကစားဖူးပြီး ချယ်လ်ဆီးကို ရောက်လာခဲ့တဲ့ မန်ဒီဟာ လက်စွမ်းပြကစားနိုင်ခဲ့လို့ ရေဘဝဲဆိုတဲ့နာမည်ကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ကီပါ၊ ကာဘယ်လာရိုတို့သာ ရှိနေတဲ့ ချယ်လ်ဆီးဂိုးပေါက်ဟာ မန်ဒီရောက်ရှိလာခဲ့ပြီးနောက် တော်တော်လေးလုံခြုံစိတ်ချရမှုရှိခဲ့ကာ ပေးဂိုးတွေလည်း သိသိသာသာလျော့နည်းခဲ့ပါတယ်။ မန်ဒီကိုယ်တိုင်ကလည်း မယုံကြည်နိုင်ဖွယ်ရာ ကာကွယ်မှုတွေကို ပြုလုပ်နိုင်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ပရီးမီးယားလိဂ်မှာ အနည်းဆုံး ၁၀ ပွဲကစားဖူးတဲ့ ဂိုးသမားတွေကို မှတ်တမ်းပြုစုရာမှာ ပေးဂိုးမရှိပွဲရာခိုင်နှုန်းအများဆုံးရရှိတဲ့ ဂိုးသမားအဖြစ် မန်ဒီက ရပ်တည်နိုင်ခဲ့ပါတယ်။ ရန်းနက်စ်ဂိုးသမားဟောင်းဟာ ချယ်လ်ဆီးအတွက် ၂၂ပွဲကစားပေးခဲ့ပြီး ၁၂ ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ ၅၅% အထိ Clean Sheet ပိုင်ဆိုင်ခဲ့ပြီး ဗီလာဂိုးသမားမာတီနက်ဇ်၊ မန်စီးတီးဂိုးသမား အီဒါဆန်တို့အထက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

မာတီနက်ဇ်က ၃၈ ပွဲမှာ ၁၉ ပွဲပေးဂိုးမရှိ၊ အီဒါဆန်က ၁၃၅ ပွဲမှာ ၆၇ ပွဲအထိပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် ၅၀% စီရှိခဲ့ပါတယ်။ ဒီစာရင်းမှာ ဂိုးသမားပေါင်း ၂၁၀ အထိ ပါဝင်ခဲ့ပြီး အဆင့်လေးနေရာမှာ အာဆင်နယ်ဂိုးသမားဟောင်း အဲလက်စ်မန်နင်ဂါက ၄၇% နဲ့ ရှိနေသလို ယူနိုက်တက်ဂိုးသမားဟောင်းလင်ဒီဂတ်ကလည်း ၄၇% နဲ့ပဲ အဆင့်ငါးနေရာမှာ ရှိနေခဲ့ပါတယ်။

Zawgyi

ၿပီးခဲ့တဲ့ႏွစ္ စက္တင္ဘာလအတြင္းမွာ ခ်ယ္လ္ဆီးကို ေပါင္ ၂၂ သန္းနဲ႔ ေျပာင္းေရႊ႕လာခဲ့တဲ့ ဂိုးသမားမန္ဒီဟာ လီဗာပူးလ္နဲ႔ပြဲမွာ ေပးဂိုးမရွိေအာင္စြမ္းေဆာင္နိုင္ခဲ့ၿပီးေနာက္ ပရီးမီးယားလိဂ္မွာ ဂိုးသမားတစ္ဦးအတြက္ မွတ္တမ္းသစ္ေတြ ေရးထိုးနိုင္ခဲ့ပါတယ္။ ခ်ယ္လ္ဆီးက အေဝးကြင္းမွာ ၁-၀ နဲ႔ အနိုင္ရရွိခဲ့တာျဖစ္ၿပီး မန္ဒီအတြက္ ေနာက္ထပ္ေပးဂိုးမရွိပြဲတစ္ပြဲလည္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။

ထိပ္တန္းလိဂ္ပြဲစဥ္ေပါင္း ၆၀ ခန႔္သာ ကစားဖူးၿပီး ခ်ယ္လ္ဆီးကို ေရာက္လာခဲ့တဲ့ မန္ဒီဟာ လက္စြမ္းျပကစားနိုင္ခဲ့လို႔ ေရဘဝဲဆိုတဲ့နာမည္ကိုလည္း ပိုင္ဆိုင္ခဲ့ပါတယ္။ ကီပါ၊ ကာဘယ္လာရိုတို႔သာ ရွိေနတဲ့ ခ်ယ္လ္ဆီးဂိုးေပါက္ဟာ မန္ဒီေရာက္ရွိလာခဲ့ၿပီးေနာက္ ေတာ္ေတာ္ေလးလုံျခဳံစိတ္ခ်ရမႈရွိခဲ့ကာ ေပးဂိုးေတြလည္း သိသိသာသာေလ်ာ့နည္းခဲ့ပါတယ္။ မန္ဒီကိုယ္တိုင္ကလည္း မယုံၾကည္နိုင္ဖြယ္ရာ ကာကြယ္မႈေတြကို ျပဳလုပ္နိုင္ခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ပရီးမီးယားလိဂ္မွာ အနည္းဆုံး ၁၀ ပြဲကစားဖူးတဲ့ ဂိုးသမားေတြကို မွတ္တမ္းျပဳစုရာမွာ ေပးဂိုးမရွိပြဲရာခိုင္ႏႈန္းအမ်ားဆုံးရရွိတဲ့ ဂိုးသမားအျဖစ္ မန္ဒီက ရပ္တည္နိုင္ခဲ့ပါတယ္။ ရန္းနက္စ္ဂိုးသမားေဟာင္းဟာ ခ်ယ္လ္ဆီးအတြက္ ၂၂ပြဲကစားေပးခဲ့ၿပီး ၁၂ ပြဲအထိ ေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ကာ ၅၅% အထိ Clean Sheet ပိုင္ဆိုင္ခဲ့ၿပီး ဗီလာဂိုးသမားမာတီနက္ဇ္၊ မန္စီးတီးဂိုးသမား အီဒါဆန္တို႔အထက္မွာ ရပ္တည္နိုင္ခဲ့ပါတယ္။

မာတီနက္ဇ္က ၃၈ ပြဲမွာ ၁၉ ပြဲေပးဂိုးမရွိ၊ အီဒါဆန္က ၁၃၅ ပြဲမွာ ၆၇ ပြဲအထိေပးဂိုးမရွိေအာင္ စြမ္းေဆာင္နိုင္ခဲ့ၿပီး ရာခိုင္ႏႈန္းအားျဖင့္ ၅၀% စီရွိခဲ့ပါတယ္။ ဒီစာရင္းမွာ ဂိုးသမားေပါင္း ၂၁၀ အထိ ပါဝင္ခဲ့ၿပီး အဆင့္ေလးေနရာမွာ အာဆင္နယ္ဂိုးသမားေဟာင္း အဲလက္စ္မန္နင္ဂါက ၄၇% နဲ႔ ရွိေနသလို ယူနိုက္တက္ဂိုးသမားေဟာင္းလင္ဒီဂတ္ကလည္း ၄၇% နဲ႔ပဲ အဆင့္ငါးေနရာမွာ ရွိေနခဲ့ပါတယ္။