ဖာနန်ဒက်စ်အတွက် ပေါင် ၄.၂သန်းအထိ ကုန်ကျရဖွယ်ရှိနေတဲ့ ယူနိုက်တက်

ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့မယ်ဆိုရင် မန်ချက်စတာယူနိုက်တက်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းကို ပေါင် ၄.၂ သန်းအထိ ပေးချေရမယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ် ပေါ်တူဂီကြယ်ပွင့်ဟာ ယူနိုက်တက်အတွက် ခြေစွမ်းပြကစားပေးနေသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ရောက်ရှိလာစဉ်ကတည်းက အကောင်းဆုံးပုံစံပြသနေတာဖြစ်ပါတယ်။

ဒီရာသီမှာလည်း ဖာနန်ဒက်စ်က ပြိုင်ပွဲစုံပွဲပေါင်း ၄၀ ကစားပေးထားပြီး ၂၂ ဂိုးသွင်းယူကာ ၁၃ ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် ဖာနန်ဒက်စ်ဟာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိနိုင်မယ်လို့ သတင်းထွက်နေတဲ့ ကစားသမားတွေထဲမှာ ပါဝင်နေပြီး အမှန်တကယ်ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင်တော့ စပို့တင်းအတွက်လည်း ငွေကြေးအကျိုးအမြတ်ရရှိဖို့ ဖြစ်လာမှာပါ။

The Times ရဲ့ ဖော်ပြချက်အရ ကလပ်အသင်းနှစ်သင်းကြား သဘောတူညီချက်ထားရှိခဲ့ပြီး အပိုဆုကြေးအဖြစ် ပေးချေဖို့အတွက် ထည့်သွင်းစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ နောက်ထပ်အချက်အဖြစ် ဖာနန်ဒက်စ်ဟာ ဘလွန်းဒီအောဆု ဆန်ခါတင်အဆင့်မှာပါ ပါဝင်လာဦးမယ်ဆိုရင် ယူနိုက်တက်က နောက်ထပ်အပိုဆုကြေးပေးချေရဦးမှာလည်းဖြစ်ပါတယ်။

လက်ရှိအချိန်ထိ ယူနိုက်တက်ဟာ ဖာနန်ဒက်စ်အတွက် စပို့တင်းကို အပိုဆုကြေးပေးချေရမှု နှစ်ကြိမ်အထိ ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပထမတစ်ကြိမ်မှာတော့ ယူနိုက်တက်အတွက် ၂၅ ပွဲအထိ ပွဲထွက်ပါဝင်ကစားခဲ့ပြီးပါက ပေးချေရမယ့်အပိုဆုကြေးဖြစ်ပြီး နောက်တစ်ခုကတော့ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့မယ်ဆိုရင် ပေးချေရမယ့် ဆုကြေးဖြစ်ကာ အဆိုပါနှစ်ချက်လုံးကို ပြီးခဲ့တဲ့ရာသီမှာပဲ ဖာနန်ဒက်စ်က စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Zawgyi

ဘ႐ူနိုဖာနန္ဒက္စ္အေနနဲ႔ ပရီးမီးယားလိဂ္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့မယ္ဆိုရင္ မန္ခ်က္စတာယူနိုက္တက္အသင္းဟာ စပို႔တင္းလစၥဘြန္းအသင္းကို ေပါင္ ၄.၂ သန္းအထိ ေပးေခ်ရမယ္လို႔ သိရပါတယ္။ အသက္ ၂၆ ႏွစ္အရြယ္ ေပၚတူဂီၾကယ္ပြင့္ဟာ ယူနိုက္တက္အတြက္ ေျခစြမ္းျပကစားေပးေနသူျဖစ္ၿပီး ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီက ေရာက္ရွိလာစဥ္ကတည္းက အေကာင္းဆုံးပုံစံျပသေနတာျဖစ္ပါတယ္။

ဒီရာသီမွာလည္း ဖာနန္ဒက္စ္က ၿပိဳင္ပြဲစုံပြဲေပါင္း ၄၀ ကစားေပးထားၿပီး ၂၂ ဂိုးသြင္းယူကာ ၁၃ ႀကိမ္ဖန္တီးေပးထားနိုင္ခဲ့ပါတယ္။ ဒီအတြက္ေၾကာင့္ ဖာနန္ဒက္စ္ဟာ တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကို ရရွိနိုင္မယ္လို႔ သတင္းထြက္ေနတဲ့ ကစားသမားေတြထဲမွာ ပါဝင္ေနၿပီး အမွန္တကယ္ဆြတ္ခူးနိုင္ခဲ့မယ္ဆိုရင္ေတာ့ စပို႔တင္းအတြက္လည္း ေငြေၾကးအက်ိဳးအျမတ္ရရွိဖို႔ ျဖစ္လာမွာပါ။

The Times ရဲ့ ေဖာ္ျပခ်က္အရ ကလပ္အသင္းႏွစ္သင္းၾကား သေဘာတူညီခ်က္ထားရွိခဲ့ၿပီး အပိုဆုေၾကးအျဖစ္ ေပးေခ်ဖို႔အတြက္ ထည့္သြင္းစာခ်ဳပ္ခ်ဳပ္ဆိုခဲ့တယ္လို႔ သိရပါတယ္။ ေနာက္ထပ္အခ်က္အျဖစ္ ဖာနန္ဒက္စ္ဟာ ဘလြန္းဒီေအာဆု ဆန္ခါတင္အဆင့္မွာပါ ပါဝင္လာဦးမယ္ဆိုရင္ ယူနိုက္တက္က ေနာက္ထပ္အပိုဆုေၾကးေပးေခ်ရဦးမွာလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္ထိ ယူနိုက္တက္ဟာ ဖာနန္ဒက္စ္အတြက္ စပို႔တင္းကို အပိုဆုေၾကးေပးေခ်ရမႈ ႏွစ္ႀကိမ္အထိ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။ ပထမတစ္ႀကိမ္မွာေတာ့ ယူနိုက္တက္အတြက္ ၂၅ ပြဲအထိ ပြဲထြက္ပါဝင္ကစားခဲ့ၿပီးပါက ေပးေခ်ရမယ့္အပိုဆုေၾကးျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိခဲ့မယ္ဆိုရင္ ေပးေခ်ရမယ့္ ဆုေၾကးျဖစ္ကာ အဆိုပါႏွစ္ခ်က္လုံးကို ၿပီးခဲ့တဲ့ရာသီမွာပဲ ဖာနန္ဒက္စ္က စြမ္းေဆာင္ေပးနိုင္ခဲ့ပါတယ္။