ဘရူနိုကို စာချုပ်သစ်ချုပ်ပြီးလုပ်ခလစာတိုးမြှင့်ဖို့ လုပ်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ စပို့တင်းကနေ ရောက်ရှိလာခဲ့တဲ့ ပြီးခဲ့တဲ့နှစ်ထဲက အသင်းအတွက် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းပြသနေတဲ့ ဘရူနိုဖာနန်ဒက်စ် ကို ‌ဆုချတဲ့ အနေနဲ့ စာချုပ်သစ်နဲ့ အတူ တစ်ပတ်လုပ်ခလစာ ပေါင်(၂)သိန်းပေးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။အသက်(၂၆)နှစ်အရွယ်ကစားသမားဟာ ဒီရာသီမှာလည်း မန်ချက်စတာယူနိုက်တက် အတွက် အကောင်းမွန်ဆုံးခြေစွမ်းပြသနေတာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်စ် ဟာ ပြိုင်ပွဲစုံပွဲ(၄၀)မှာ (၂၂)ဂိုးသွင်းပြီး (၁၃)ဂိုးဖန်တီးမှုပြုလုပ်ထားတာပါ။ပေါ်တူဂီ ကစားသမားဟာ မန်ချက်စတာယူနိုက်တက် အသင်းမှာ လုပ်ခလစာအမြင့်ဆုံး နံပတ်(၇)နေရာမှာသာ ရှိနေတာဖြစ်ပြီး သူဟာ တစ်ပတ် ပေါင်(၁)သိန်းသာ ရရှိနေတာဖြစ်ပါတယ်။သူ့ရဲ့အထက်မှာ ဒီဂီယာ၊ ပေါ့ဘာ၊ မာရှယ်၊ ကာဗာနီ၊ ရက်ရှ်ဖိုဒ့် နဲ့ မက်ဂွိုင်းယား တို့ ရှိနေတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဘရူနိုဖာနန်ဒက်စ် ကို တစ်ပတ်လုပ်ခပေါင်(၂)သိန်းနဲ့ စာချုပ်သစ်ချုပ်ဆိုချင်နေတာဖြစ်ပြီး ပွဲအရေအတွက်၊ သွင်းဂိုး၊ ဆုဖလား တွေပေါ်မူတည်ပြီး ထပ်တိုးခံစားခွင့်တွေလည်း ပါဝင်နေတာဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းကို ရောက်ရှိလာပြီးထဲက (၆၂)ပွဲပါဝင်ကစားထားကာ (၃၄)ဂိုးသွင်းပြီး (၂၁)ဂိုးဖန်တီးထားတဲ့ ပေါ်တူဂီ ကစားသမားကို ခေါ်ယူဖို့ ရီးရယ်လ် နဲ့ ဘာစီလိုနာ အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

ပေါ်တူဂီ ကစားသမား နဲ့ မန်ချက်စတာယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၅) မှာ ကုန်ဆုံးမှာလည်းဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ စပို႔တင္းကေန ေရာက္ရွိလာခဲ့တဲ့ ၿပီးခဲ့တဲ့ႏွစ္ထဲက အသင္းအတြက္ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းျပသေနတဲ့ ဘ႐ူနိုဖာနန္ဒက္စ္ ကို ‌ဆုခ်တဲ့ အေနနဲ႔ စာခ်ဳပ္သစ္နဲ႔ အတူ တစ္ပတ္လုပ္ခလစာ ေပါင္(၂)သိန္းေပးဖို႔ ျပင္ဆင္ေနတယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။အသက္(၂၆)ႏွစ္အရြယ္ကစားသမားဟာ ဒီရာသီမွာလည္း မန္ခ်က္စတာယူနိုက္တက္ အတြက္ အေကာင္းမြန္ဆုံးေျခစြမ္းျပသေနတာျဖစ္ပါတယ္။

ဘ႐ူနိုဖာနန္ဒက္စ္ ဟာ ၿပိဳင္ပြဲစုံပြဲ(၄၀)မွာ (၂၂)ဂိုးသြင္းၿပီး (၁၃)ဂိုးဖန္တီးမႈျပဳလုပ္ထားတာပါ။ေပၚတူဂီ ကစားသမားဟာ မန္ခ်က္စတာယူနိုက္တက္ အသင္းမွာ လုပ္ခလစာအျမင့္ဆုံး နံပတ္(၇)ေနရာမွာသာ ရွိေနတာျဖစ္ၿပီး သူဟာ တစ္ပတ္ ေပါင္(၁)သိန္းသာ ရရွိေနတာျဖစ္ပါတယ္။သူ႔ရဲ့အထက္မွာ ဒီဂီယာ၊ ေပါ့ဘာ၊ မာရွယ္၊ ကာဗာနီ၊ ရက္ရွ္ဖိုဒ့္ နဲ႔ မက္ဂြိဳင္းယား တို႔ ရွိေနတာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဘ႐ူနိုဖာနန္ဒက္စ္ ကို တစ္ပတ္လုပ္ခေပါင္(၂)သိန္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခ်င္ေနတာျဖစ္ၿပီး ပြဲအေရအတြက္၊ သြင္းဂိုး၊ ဆုဖလား ေတြေပၚမူတည္ၿပီး ထပ္တိုးခံစားခြင့္ေတြလည္း ပါဝင္ေနတာျဖစ္တယ္လို႔ The Sun က ေဖာ္ျပခဲ့ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းကို ေရာက္ရွိလာၿပီးထဲက (၆၂)ပြဲပါဝင္ကစားထားကာ (၃၄)ဂိုးသြင္းၿပီး (၂၁)ဂိုးဖန္တီးထားတဲ့ ေပၚတူဂီ ကစားသမားကို ေခၚယူဖို႔ ရီးရယ္လ္ နဲ႔ ဘာစီလိုနာ အသင္းတို႔ကလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။

ေပၚတူဂီ ကစားသမား နဲ႔ မန္ခ်က္စတာယူနိုက္တက္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၅) မွာ ကုန္ဆုံးမွာလည္းျဖစ္ပါတယ္။