ဧပြီလထဲမှာ ကိုပါဒယ်ရေးဖလား ကို (၂)ကြိမ်ကိုင်မြှောက်ဖို့ အခွင့်အရေးရှိနေတဲ့ ဘီလ်ဘာအို

ဘီလ်ဘာအို အသင်းကတော့ ဒီမနက်က ကစားခဲ့တဲ့ ကိုပါဒယ်ရေးဖလား အကြိုဗိုလ်လုပွဲ ဒုတိယအကျော့မှာ လီဗန်တေး အသင်းကို အချိန်ပိုမှာ အနိုင်ရပြီး ဗိုလ်လုပွဲကို တက်ရောက်သွားပြီဖြစ်ပါတယ်။ဒီပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပထမအကျော့ကလည်း တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပါတယ်။အဲဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် တစ်ဖက်နှစ်ဂိုးစီ သရေကျနေတဲ့ အတွက် အချိန်ပိုဆက်ကစားခဲ့ရပြီး ဘီလ်ဘာအို အသင်းက (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲတက်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဘီလ်ဘာအို အသင်းဟာ ဗိုလ်လုပွဲအဖြစ် ဆီဗီလာ အသင်းကို အချိန်ပိုမှာ အနိုင်ရခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ဘီလ်ဘာအို အသင်းအတွက်ကတော့ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲ (၂)ခုလုံးကို ဧပြီလထဲမှာ ယှဉ်ပြိုင်ကစားရတော့မှာဖြစ်ပါတယ်။ဘီလ်ဘာအို အသင်းဟာ ပြီးခဲ့တဲ့ရာသီက ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲအဖြစ် ဆိုစီဒက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒါကို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခုနှစ် ဧပြီလ (၃)ရက်မှာ ကစားဖို့ သတ်မှတ်ထားတာပါ။

အခုနှစ်ရာသီ ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကို ဧပြီလ (၁၇)ရက်မှာ ပြုလုပ်မှာဖြစ်တာကြောင့် ဘီလ်ဘာအို အသင်းဟာ တစ်လအတွင်းမှာ ဖလား ဗိုလ်လုပွဲ(၂)ခုကို ကစားရတော့မှာလည်းဖြစ်ပါတယ်။ဘီလ်ဘာအို အသင်းဟာ ကိုပါဒယ်ရေးဖလားကို (၂၃)ကြိမ်ရရှိထားတာဖြစ်ပြီး (၁၉၈၃-၈၄)ရာသီက နောက်ဆုံးရယူထားတာလည်းဖြစ်ပါတယ်။ဘီလ်ဘာအို အသင်းအနေနဲ့ ဧပြီလ (၂)ပတ်အတွင်းမှာပဲ ကိုပါဒယ်ရေးဖလားကို ရယူနိုင်မလား အရှုံးပေးရမလားဆိုတာကို တွေ့မြင်ရမှာပါ။

ဘီလ်ဘာအို နဲ့ ဘာစီလိုနာ အသင်းတို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက စပိန်စူပါဖလား ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ခဲ့ပြီး ဘီလ်ဘာအို အသင်းက အနိုင်ရရှိခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi

ဘီလ္ဘာအို အသင္းကေတာ့ ဒီမနက္က ကစားခဲ့တဲ့ ကိုပါဒယ္ေရးဖလား အႀကိဳဗိုလ္လုပြဲ ဒုတိယအေက်ာ့မွာ လီဗန္ေတး အသင္းကို အခ်ိန္ပိုမွာ အနိုင္ရၿပီး ဗိုလ္လုပြဲကို တက္ေရာက္သြားၿပီျဖစ္ပါတယ္။ဒီပြဲစဥ္မွာ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ၿပီး ပထမအေက်ာ့ကလည္း တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ပါတယ္။အဲဒါေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ တစ္ဖက္ႏွစ္ဂိုးစီ သေရက်ေနတဲ့ အတြက္ အခ်ိန္ပိုဆက္ကစားခဲ့ရၿပီး ဘီလ္ဘာအို အသင္းက (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရၿပီး ဗိုလ္လုပြဲတက္ခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘီလ္ဘာအို အသင္းဟာ ဗိုလ္လုပြဲအျဖစ္ ဆီဗီလာ အသင္းကို အခ်ိန္ပိုမွာ အနိုင္ရခဲ့တဲ့ ဘာစီလိုနာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ဘီလ္ဘာအို အသင္းအတြက္ကေတာ့ ကိုပါဒယ္ေရးဖလား ဗိုလ္လုပြဲ (၂)ခုလုံးကို ဧၿပီလထဲမွာ ယွဥ္ၿပိဳင္ကစားရေတာ့မွာျဖစ္ပါတယ္။ဘီလ္ဘာအို အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ကိုပါဒယ္ေရးဖလား ဗိုလ္လုပြဲအျဖစ္ ဆိုစီဒက္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒါကို ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အခုႏွစ္ ဧၿပီလ (၃)ရက္မွာ ကစားဖို႔ သတ္မွတ္ထားတာပါ။

အခုႏွစ္ရာသီ ကိုပါဒယ္ေရးဖလား ဗိုလ္လုပြဲကို ဧၿပီလ (၁၇)ရက္မွာ ျပဳလုပ္မွာျဖစ္တာေၾကာင့္ ဘီလ္ဘာအို အသင္းဟာ တစ္လအတြင္းမွာ ဖလား ဗိုလ္လုပြဲ(၂)ခုကို ကစားရေတာ့မွာလည္းျဖစ္ပါတယ္။ဘီလ္ဘာအို အသင္းဟာ ကိုပါဒယ္ေရးဖလားကို (၂၃)ႀကိမ္ရရွိထားတာျဖစ္ၿပီး (၁၉၈၃-၈၄)ရာသီက ေနာက္ဆုံးရယူထားတာလည္းျဖစ္ပါတယ္။ဘီလ္ဘာအို အသင္းအေနနဲ႔ ဧၿပီလ (၂)ပတ္အတြင္းမွာပဲ ကိုပါဒယ္ေရးဖလားကို ရယူနိုင္မလား အရႈံးေပးရမလားဆိုတာကို ေတြ႕ျမင္ရမွာပါ။

ဘီလ္ဘာအို နဲ႔ ဘာစီလိုနာ အသင္းတို႔ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီက စပိန္စူပါဖလား ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ခဲ့ၿပီး ဘီလ္ဘာအို အသင္းက အနိုင္ရရွိခဲ့တာလည္းျဖစ္ပါတယ္။