ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ (၆)ပတ်ကြာထိ အနားယူရဖွယ်ရှိတဲ့ အိုဇေးလ်

ဖီနာဘာချီ အသင်း ကစားသမား အိုဇေးလ် ဟာ မနေ့က ကစားခဲ့တဲ့ တူရကီလိဂ်ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ ထမ်းစင်နဲ့ ကွင်းပြင် ကို ထွက်ခွာသွားခဲ့ရတယ်လို့ ဂိုးလ်ကွန်း က ဖော်ပြခဲ့ပါတယ်။အသင်းသစ် ဖီနာဘာချီ အသင်းအတွက် (၄)ပွဲဆက် ပွဲထွက်ခွင့်ရခဲ့တဲ့ အိုဇေးလ် ဟာ အန်တယ်လ်ယာစပေါ အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တဲ့ ဒုတိယပိုင်းရဲ့အစောပိုင်းမှာ ဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိ ကစားသမားဟာ ပြိုင်ဘက်ကစားသမား ဖရီဒီနဲ့ ထိခိုက်မိပြီး ခြေကျင်းဝတ်ဒဏ်ရာရရှိသွားကာ ကွင်းထဲကနေ လမ်းလျှောက်ထွက်ဖို့ ခက်ခဲခဲ့တာကြောင့် ထမ်းစင်နဲ့ ကွင်းပြင်ထွက်ခဲ့ရတာဖြစ်ပါတယ်။အဲဒါကြောင့် အိုဇေးလ် အတွက်တော့ ဖီနာဘာချီ ကစားသမားဘဝ အစဟာ စိတ်ပျက်စရာအခေုအနေနဲ့ ကြုံတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။အိုဇေးလ် ဟာ သူ့ရဲ့အတွင်းပိုင်းနဲ့ အပြင်ဘက် ခြေကျင်းဝတ်ထိခိုက်ခဲ့တာကြောင့် နာကျင်ပြီး မျက်ရည်ကျနေခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

ဂျာမနီလက်ရွေးစင် ကစားသမားဟောင်းဟာ ဒဏ်ရာကြောင့် (၄)ပတ်ကနေ (၆)ပတ်အထိ အနားယူရဖွယ်ရှိတယ်လို့ သတင်းမှာ ဆိုထားပါတယ်။အဲဒါကြောင့် အိုဇေးလ် ဟာ အခုလကုန်ပိုင်းမှာ ကစားမယ့် မဟာပြိုင်ဘက်ကြီး ဘက်ဆီးတပ်စ် အသင်းနဲ့ ပွဲစဉ်ကို လွဲချော်ဖို့ ရှိနေတာပါ။အာဆင်နယ် ကစားသမားဟောင်း ဟာ ဧပြီလ (၅)ရက်မှာ ကစားမယ့် ဒီနီစလီစပေါ် အသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာတော့ ဖီနာဘာချီ အသင်းအတွက် ပါဝင်ကစားပေးနိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အိုဇေးလ် ဟာ ဖီနာဘာချီ အသင်းအတွက် ပြိုင်ပွဲစုံ (၇)ပွဲပါဝင်ကစားထားပေမယ့် ဂိုးဖန်တီးမှုနဲ့ ဂိုးသွင်းမှု ပြုလုပ်ရခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။အိုဇေးလ် ဟာ အန်တယ်လ်ယာစပေါ နဲ့ပွဲမှာ ဂိုးသွင်းဖို့ အခွင့်အရေးကောင်းရခဲ့ပေမယ့် ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိတာဖြစ်ပါတယ်။

Zawgyi

ဖီနာဘာခ်ီ အသင္း ကစားသမား အိုေဇးလ္ ဟာ မေန႔က ကစားခဲ့တဲ့ တူရကီလိဂ္ပြဲစဥ္မွာ ေျခက်င္းဝတ္ဒဏ္ရာရရွိခဲ့လို႔ ထမ္းစင္နဲ႔ ကြင္းျပင္ ကို ထြက္ခြာသြားခဲ့ရတယ္လို႔ ဂိုးလ္ကြန္း က ေဖာ္ျပခဲ့ပါတယ္။အသင္းသစ္ ဖီနာဘာခ်ီ အသင္းအတြက္ (၄)ပြဲဆက္ ပြဲထြက္ခြင့္ရခဲ့တဲ့ အိုေဇးလ္ ဟာ အန္တယ္လ္ယာစေပါ အသင္းနဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တဲ့ ဒုတိယပိုင္းရဲ့အေစာပိုင္းမွာ ဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

အသက္(၃၂)ႏွစ္အရြယ္ရွိ ကစားသမားဟာ ၿပိဳင္ဘက္ကစားသမား ဖရီဒီနဲ႔ ထိခိုက္မိၿပီး ေျခက်င္းဝတ္ဒဏ္ရာရရွိသြားကာ ကြင္းထဲကေန လမ္းေလၽွာက္ထြက္ဖို႔ ခက္ခဲခဲ့တာေၾကာင့္ ထမ္းစင္နဲ႔ ကြင္းျပင္ထြက္ခဲ့ရတာျဖစ္ပါတယ္။အဲဒါေၾကာင့္ အိုေဇးလ္ အတြက္ေတာ့ ဖီနာဘာခ်ီ ကစားသမားဘဝ အစဟာ စိတ္ပ်က္စရာအေခုအေနနဲ႔ ၾကဳံေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။အိုေဇးလ္ ဟာ သူ႔ရဲ့အတြင္းပိုင္းနဲ႔ အျပင္ဘက္ ေျခက်င္းဝတ္ထိခိုက္ခဲ့တာေၾကာင့္ နာက်င္ၿပီး မ်က္ရည္က်ေနခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

ဂ်ာမနီလက္ေရြးစင္ ကစားသမားေဟာင္းဟာ ဒဏ္ရာေၾကာင့္ (၄)ပတ္ကေန (၆)ပတ္အထိ အနားယူရဖြယ္ရွိတယ္လို႔ သတင္းမွာ ဆိုထားပါတယ္။အဲဒါေၾကာင့္ အိုေဇးလ္ ဟာ အခုလကုန္ပိုင္းမွာ ကစားမယ့္ မဟာၿပိဳင္ဘက္ႀကီး ဘက္ဆီးတပ္စ္ အသင္းနဲ႔ ပြဲစဥ္ကို လြဲေခ်ာ္ဖို႔ ရွိေနတာပါ။အာဆင္နယ္ ကစားသမားေဟာင္း ဟာ ဧၿပီလ (၅)ရက္မွာ ကစားမယ့္ ဒီနီစလီစေပၚ အသင္းနဲ႔ ကစားမယ့္ ပြဲစဥ္မွာေတာ့ ဖီနာဘာခ်ီ အသင္းအတြက္ ပါဝင္ကစားေပးနိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

အိုေဇးလ္ ဟာ ဖီနာဘာခ်ီ အသင္းအတြက္ ၿပိဳင္ပြဲစုံ (၇)ပြဲပါဝင္ကစားထားေပမယ့္ ဂိုးဖန္တီးမႈနဲ႔ ဂိုးသြင္းမႈ ျပဳလုပ္ရျခင္းမရွိေသးတာလည္းျဖစ္ပါတယ္။အိုေဇးလ္ ဟာ အန္တယ္လ္ယာစေပါ နဲ႔ပြဲမွာ ဂိုးသြင္းဖို႔ အခြင့္အေရးေကာင္းရခဲ့ေပမယ့္ ဂိုးဝင္ေအာင္ ကန္သြင္းနိုင္ခဲ့ျခင္းမရွိတာျဖစ္ပါတယ္။