ကန်တီရဲ့လက်ထိဘောကို ပင်နယ်တီမပေးလို့ ဒေါသပေါက်ကွဲနေတဲ့ ပရိသတ်များ

ဘောလုံး ပရိသတ်တွေကတော့ လီဗာပူးလ် အသင်းနဲ့ ချယ်လ်‌ဆီး အသင်းတို့ ကစားတဲ့ ပွဲစဉ်ရဲ့ဒုတိယပိုင်းမှာ ဖာမီနို ရဲ့ကန်လိုက်တဲ့ဘောလုံးဟာ ဂိုးဧရိယာထဲမှာ ကန်တီ ရဲ့လက်ကို ထိသွားခဲ့ပေမယ့် ပင်နယ်တီမပေးလို့ ဒေါသထွက်နေကြပါတယ်။ဒီမတိုင်ခင် ကစားခဲ့တဲ့ ဖူလ်ဟမ် နဲ့ စပါး အသင်းတို့ ပွဲစဉ်မှာလည်း ဖူလ်ဟမ် အသင်း ဂိုးခဲ့ပေမယ့် ကစားသမား လီမီနာ လက်ထိခဲ့လို့ ဂိုးအဖြစ် မသတ်မှတ်ခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

အဲဒါကြောင့် ကန်တီ လက်နဲ့ ထိခဲ့တာကို ပြစ်ဒဏ်ဘောမပေးခဲ့ပဲ လီမီနာ လက်ထိခဲ့တာကို ကျ ဂိုးအဖြစ် သတ်မှတ်ခဲ့လို့ စည်းမျဉ်းတွေ အပေါ်မှာ ဝေဖန်မှုတွေ ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။လီမီနာ လက်ထိတာကျ လက်ထိဘောအဖြစ် သတ်မှတ်ပြီး ကန်တီ လက်ထိတာကျ လက်ထိဘောအဖြစ် မသတ်မှတ်ခဲ့တာကို ပုံ(၂)ပုံနှိုင်းယှဉ်ပြီး VAR က နောက်တစ်ကြိမ်လုပ်ချလိုက်ပြန်ပြီလို့ လှောင်ပြောင်ခဲ့ကြပါတယ်။

VAR စတင်အသက်ဝင်လာပြီးထဲက အငြင်းပွားမှုတွေဟာ တစ်ပွဲထက် တစ်ပွဲပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။ပရိသတ်တစ်ဦးက ဒါကို ရှင်းပြဖို့ လုံးဝလိုအပ်ပြီး ဒီတာဝန်ရှိသူတွေဟာ ကမ္ဘာပေါ်မှာ အဆိုးရွားဆုံးဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ဒီပွဲတွေမှာ VAR ကြောင့် လီဗာပူးလ် နဲ့ ဖူလ်ဟမ် အသင်းတို့ ဟာ ချယ်လ်ဆီး နဲ့ စပါး အသင်းတို့ကို (၁)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ် အသင်းကတော့ ဒီပွဲအပါအဝင် အန်ဖီးလ်မှာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲလုံး ရှုံးနိမ့်ပြီး အဆိုးရွား‌ဆုံး စံချိန်မှတ်တမ်း‌တွေ ရရှိခဲ့တာဖြစ်ပါတယ်။ဒါ့အပြင် လက်ရှိချန်ပီယံ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၇)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

Zawgyi

ေဘာလုံး ပရိသတ္ေတြကေတာ့ လီဗာပူးလ္ အသင္းနဲ႔ ခ်ယ္လ္‌ဆီး အသင္းတို႔ ကစားတဲ့ ပြဲစဥ္ရဲ့ဒုတိယပိုင္းမွာ ဖာမီနို ရဲ့ကန္လိုက္တဲ့ေဘာလုံးဟာ ဂိုးဧရိယာထဲမွာ ကန္တီ ရဲ့လက္ကို ထိသြားခဲ့ေပမယ့္ ပင္နယ္တီမေပးလို႔ ေဒါသထြက္ေနၾကပါတယ္။ဒီမတိုင္ခင္ ကစားခဲ့တဲ့ ဖူလ္ဟမ္ နဲ႔ စပါး အသင္းတို႔ ပြဲစဥ္မွာလည္း ဖူလ္ဟမ္ အသင္း ဂိုးခဲ့ေပမယ့္ ကစားသမား လီမီနာ လက္ထိခဲ့လို႔ ဂိုးအျဖစ္ မသတ္မွတ္ခဲ့တာကို ေတြ႕ျမင္ခဲ့ရပါတယ္။

အဲဒါေၾကာင့္ ကန္တီ လက္နဲ႔ ထိခဲ့တာကို ျပစ္ဒဏ္ေဘာမေပးခဲ့ပဲ လီမီနာ လက္ထိခဲ့တာကို က် ဂိုးအျဖစ္ သတ္မွတ္ခဲ့လို႔ စည္းမ်ဥ္းေတြ အေပၚမွာ ေဝဖန္မႈေတြ ျပဳခဲ့ၾကတာလည္းျဖစ္ပါတယ္။လီမီနာ လက္ထိတာက် လက္ထိေဘာအျဖစ္ သတ္မွတ္ၿပီး ကန္တီ လက္ထိတာက် လက္ထိေဘာအျဖစ္ မသတ္မွတ္ခဲ့တာကို ပုံ(၂)ပုံႏွိုင္းယွဥ္ၿပီး VAR က ေနာက္တစ္ႀကိမ္လုပ္ခ်လိုက္ျပန္ၿပီလို႔ ေလွာင္ေျပာင္ခဲ့ၾကပါတယ္။

VAR စတင္အသက္ဝင္လာၿပီးထဲက အျငင္းပြားမႈေတြဟာ တစ္ပြဲထက္ တစ္ပြဲပိုမိုမ်ားျပားလာခဲ့တာျဖစ္ပါတယ္။ပရိသတ္တစ္ဦးက ဒါကို ရွင္းျပဖို႔ လုံးဝလိုအပ္ၿပီး ဒီတာဝန္ရွိသူေတြဟာ ကမၻာေပၚမွာ အဆိုးရြားဆုံးျဖစ္တယ္လို႔ ဆိုခဲ့ပါတယ္။ဒီပြဲေတြမွာ VAR ေၾကာင့္ လီဗာပူးလ္ နဲ႔ ဖူလ္ဟမ္ အသင္းတို႔ ဟာ ခ်ယ္လ္ဆီး နဲ႔ စပါး အသင္းတို႔ကို (၁)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

လီဗာပူးလ္ အသင္းကေတာ့ ဒီပြဲအပါအဝင္ အန္ဖီးလ္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ (၅)ပြဲလုံး ရႈံးနိမ့္ၿပီး အဆိုးရြား‌ဆုံး စံခ်ိန္မွတ္တမ္း‌ေတြ ရရွိခဲ့တာျဖစ္ပါတယ္။ဒါ့အျပင္ လက္ရွိခ်န္ပီယံ အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္(၇)ေနရာကို ေရာက္ရွိသြားခဲ့ပါတယ္။