ဂိုးပေါက်ပျောက်နေတဲ့ ယူနိုက်တက် ကို လွမ်းဆွတ်စေခဲ့တဲ့ လူကာကူနဲ့ ဆန်းချက်စ်

ယူနိုက်တက် ကစားသမားဟောင်း (၂)ဦးဖြစ်တဲ့ လူကာကူ နဲ့ ဆန်းချက်စ် တို့ကတော့ ပြီးခဲ့တဲ့ အပတ်ထဲက အတွဲမိပြီး ခြေစွမ်းပြ ဂိုး‌တွေသွင်းယူခဲ့တာဖြစ်ပါတယ်။သူတို့ (၂)ဦးဟာ ဒီမနက်က ကစားခဲ့တဲ့ ပါးမား အသင်းကို အင်တာမီလန် အသင်းက အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာလည်း အတွဲအဖက် ညီညီနဲ့ ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။အင်တာမီလန် အသင်းဟာ ပါးမား အသင်းကို (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အင်တာမီလန် အသင်းအတွက် (၂)ဂိုးလုံးကို ဆန်းချက်စ် က သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီ(၂)ဂိုးလုံးကို ဖန်တီးပေးခဲ့တာကတော့ လူကာကူ ဖြစ်ပါတယ်။အင်တာမီလန် အသင်းဟာ ဒီပွဲအပါအဝင် စီးရီးအေ ပွဲစဉ်(၆)ပွဲဆက်တိုက် နိုင်ပွဲရခဲ့တာဖြစ်ပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက် အေစီမီလန် အသင်းကို (၆)မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပါတယ်။အဲဒါကြောင့် အင်တာမီလန် အသင်းဟာ စီးရီးအေ ပြိုင်ပွဲမှာ ဂျုဗင်တပ်စ်ရဲ့ကြီးစိုးနေမှုကို အဆုံးသတ်ပေးဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

အင်တာမီလန် အသင်းဟာ (၁၁)နှစ်အကြာမှ ပထမဆုံး စီးရီးအေဖလား ကို ဒီနှစ်မှာ အရယူဖို့ ပစ်မှတ်ထားနေတာပါ။အင်တာမီလန် အသင်း တိုက်စစ်မှုး လူကာကူ ကတော့ ဒီပွဲမှာ ဂိုးမသွင်းခဲ့ပေမယ့် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီး ဒီရာသီ အီတလီကလပ်ကို အမှတ်ပေးဇယား ထိပ်ဆုံးရောက်အောင် အဓိက ဦးဆောင်နေတာလည်းဖြစ်ပါတယ်။လူကာကူ ဟာ စီးရီးအေ ပြိုင်ပွဲမှာ ရော်နယ်ဒိုထက် တစ်ဂိုးလျော့နည်းပြီး (၁၈)ဂိုးသွင်းယူထားကာ ဂိုးဖန်တီးမှု (၆)ကြိမ်ပြုလုပ်ထားတာပါ။

အင်တာမီလန် အသင်းဟာ အခုတစ်ပတ်မှာတော့ အတ္တလန်တာ အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ယူနိုက္တက္ ကစားသမားေဟာင္း (၂)ဦးျဖစ္တဲ့ လူကာကူ နဲ႔ ဆန္းခ်က္စ္ တို႔ကေတာ့ ၿပီးခဲ့တဲ့ အပတ္ထဲက အတြဲမိၿပီး ေျခစြမ္းၿပ ဂိုး‌ေတြသြင္းယူခဲ့တာျဖစ္ပါတယ္။သူတို႔ (၂)ဦးဟာ ဒီမနက္က ကစားခဲ့တဲ့ ပါးမား အသင္းကို အင္တာမီလန္ အသင္းက အနိုင္ရခဲ့တဲ့ စီးရီးေအ ပြဲစဥ္မွာလည္း အတြဲအဖက္ ညီညီနဲ႔ ေျခစြမ္းျပနိုင္ခဲ့တာျဖစ္ပါတယ္။အင္တာမီလန္ အသင္းဟာ ပါးမား အသင္းကို (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အင္တာမီလန္ အသင္းအတြက္ (၂)ဂိုးလုံးကို ဆန္းခ်က္စ္ က သြင္းယူခဲ့တာျဖစ္ပါတယ္။ဒီ(၂)ဂိုးလုံးကို ဖန္တီးေပးခဲ့တာကေတာ့ လူကာကူ ျဖစ္ပါတယ္။အင္တာမီလန္ အသင္းဟာ ဒီပြဲအပါအဝင္ စီးရီးေအ ပြဲစဥ္(၆)ပြဲဆက္တိုက္ နိုင္ပြဲရခဲ့တာျဖစ္ၿပီး ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ ေအစီမီလန္ အသင္းကို (၆)မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ပါတယ္။အဲဒါေၾကာင့္ အင္တာမီလန္ အသင္းဟာ စီးရီးေအ ၿပိဳင္ပြဲမွာ ဂ်ဳဗင္တပ္စ္ရဲ့ႀကီးစိုးေနမႈကို အဆုံးသတ္ေပးဖို႔ ေမၽွာ္လင့္ေနတာလည္းျဖစ္ပါတယ္။

အင္တာမီလန္ အသင္းဟာ (၁၁)ႏွစ္အၾကာမွ ပထမဆုံး စီးရီးေအဖလား ကို ဒီႏွစ္မွာ အရယူဖို႔ ပစ္မွတ္ထားေနတာပါ။အင္တာမီလန္ အသင္း တိုက္စစ္မႈး လူကာကူ ကေတာ့ ဒီပြဲမွာ ဂိုးမသြင္းခဲ့ေပမယ့္ ဂိုးဖန္တီးမႈျပဳလုပ္ခဲ့ၿပီး ဒီရာသီ အီတလီကလပ္ကို အမွတ္ေပးဇယား ထိပ္ဆုံးေရာက္ေအာင္ အဓိက ဦးေဆာင္ေနတာလည္းျဖစ္ပါတယ္။လူကာကူ ဟာ စီးရီးေအ ၿပိဳင္ပြဲမွာ ေရာ္နယ္ဒိုထက္ တစ္ဂိုးေလ်ာ့နည္းၿပီး (၁၈)ဂိုးသြင္းယူထားကာ ဂိုးဖန္တီးမႈ (၆)ႀကိမ္ျပဳလုပ္ထားတာပါ။

အင္တာမီလန္ အသင္းဟာ အခုတစ္ပတ္မွာေတာ့ အတၱလန္တာ အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။