ဆီဗီလာဒါရိုက်တာမွန်ချီနဲ့ ဥမင်အတွင်း စကားများခဲ့တဲ့ မက်ဆီ

စပိန်ကိုပါဒယ်ရေးဖလား ဆီမီးဖိုင်နယ်မှာ ဆီဗီလာကို ပြန်လည်အနိုင်ယူပြီး ဗိုလ်လုပွဲကို ဘာစီလိုနာက တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။ ပထမအကျော့မှာ ၂-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ဘာစီလိုနာဟာ အိမ်ကွင်းမှာတော့ မိနစ် ၉၀ အတွင်း အဆိုပါရလဒ်နဲ့ ပြန်လည်အနိုင်ရခဲ့လို့ အချိန်ပိုဆက်ကစားခဲ့ရကာ ဘရိတ်ဝေ့တ်က အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာတော့ ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီ နဲ့ ဆီဗီလာအားကစားဒါရိုက်တာမွန်ချီတို့ဟာ ဥမင်အတွင်းမှာ အချင်းများခဲ့တယ်လို့ သိရပါတယ်။ စပိန်သတင်းစာ AS က ဖော်ပြခဲ့တာဖြစ်ပြီး မွန်ချီက ဆီဗီလာအသင်းသားတွေရဲ့ အဝတ်လဲခန်းရှိရာဆီ သွားရောက်ခဲ့ချိန်မှာ ဘာစီလိုနာကစားသမားအများအပြားက လှောင်ပြောင်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဘာကာနဲ့ဆီဗီလာတို့ဟာ ပြီးခဲ့တဲ့စနေနေ့ကလည်း လာလီဂါပွဲစဉ်အဖြစ်ကစားခဲ့ပြီး မွန်ချီက ဘာကာနည်းပြကိုးမန်းကို crybaby လို့ ခေါ်ဆိုခဲ့ပါတယ်။ ဒီအပေါ်မှာ ဘာကာကစားသမားတွေက စိတ်ဆိုးနေဆဲဖြစ်တယ်လို့ သိရပြီး ကိုပါဒယ်ရေးပွဲအပြီး ထိပ်တိုက်ဆုံချိန်မှာ အချင်းများခဲ့ကာ မွန်ချီက “မင်းတို့အမြဲတမ်း ဒီလိုပုံစံနဲ့အနိုင်ရနေတာပဲ” လို့ ကျယ်ကျယ်လောင်လောင်ပြောဆိုခဲ့ပြီး မက်ဆီက “မင်း ဒီနေ့တော့ အေးအေးဆေးဆေး အိမ်ပြန်တော့” လို့ ပြန်လည်တုံ့ပြန်ခဲ့ကြပါတယ်။

ဆီဗီလာကတော့ အဆိုပါပွဲမှာ ဖာနန်ဒိုထုတ်ပယ်ခံခဲ့ရလို့ အချိန်ပိုကို ၁၀ ဦးတည်းနဲ့ ကစားခဲ့ရပြီး မွန်ချီက ဘာကာဟာ လူတစ်ယောက်အသာနဲ့ကစားမှ အမြဲတမ်းနိုင်တယ်လို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ မွန်ချီနဲ့ ပြသနာဖြစ်ပွားခဲ့မှုမှာ မက်ဆီလည်း ပါဝင်ခဲ့တယ်လို့သိရပြီး နှစ်ဦးတည်း ထိပ်တိုက်တွေ့ဆုံတာမျိုးမဟုတ်ဘဲ အခြားသော ဘာကာကစားသမားတွေလည်း ပါဝင်ခဲ့ကြတာလို့လည်း သိရပါတယ်။

Zawgyi

စပိန္ကိုပါဒယ္ေရးဖလား ဆီမီးဖိုင္နယ္မွာ ဆီဗီလာကို ျပန္လည္အနိုင္ယူၿပီး ဗိုလ္လုပြဲကို ဘာစီလိုနာက တက္ေရာက္သြားခဲ့ၿပီျဖစ္ပါတယ္။ ပထမအေက်ာ့မွာ ၂-၀ နဲ႔ အေရးနိမ့္ခဲ့တဲ့ ဘာစီလိုနာဟာ အိမ္ကြင္းမွာေတာ့ မိနစ္ ၉၀ အတြင္း အဆိုပါရလဒ္နဲ႔ ျပန္လည္အနိုင္ရခဲ့လို႔ အခ်ိန္ပိုဆက္ကစားခဲ့ရကာ ဘရိတ္ေဝ့တ္က အဖိုးတန္အနိုင္ဂိုးကို သြင္းယူေပးနိုင္ခဲ့လို႔ ဗိုလ္လုပြဲတက္ေရာက္ခဲ့တာျဖစ္ပါတယ္။

အဆိုပါပြဲစဥ္အၿပီးမွာေတာ့ ဘာစီလိုနာအသင္းေခါင္းေဆာင္မက္ဆီ နဲ႔ ဆီဗီလာအားကစားဒါရိုက္တာမြန္ခ်ီတို႔ဟာ ဥမင္အတြင္းမွာ အခ်င္းမ်ားခဲ့တယ္လို႔ သိရပါတယ္။ စပိန္သတင္းစာ AS က ေဖာ္ျပခဲ့တာျဖစ္ၿပီး မြန္ခ်ီက ဆီဗီလာအသင္းသားေတြရဲ့ အဝတ္လဲခန္းရွိရာဆီ သြားေရာက္ခဲ့ခ်ိန္မွာ ဘာစီလိုနာကစားသမားအမ်ားအျပားက ေလွာင္ေျပာင္မႈေတြျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။

ဘာကာနဲ႔ဆီဗီလာတို႔ဟာ ၿပီးခဲ့တဲ့စေနေန႔ကလည္း လာလီဂါပြဲစဥ္အျဖစ္ကစားခဲ့ၿပီး မြန္ခ်ီက ဘာကာနည္းျပကိုးမန္းကို crybaby လို႔ ေခၚဆိုခဲ့ပါတယ္။ ဒီအေပၚမွာ ဘာကာကစားသမားေတြက စိတ္ဆိုးေနဆဲျဖစ္တယ္လို႔ သိရၿပီး ကိုပါဒယ္ေရးပြဲအၿပီး ထိပ္တိုက္ဆုံခ်ိန္မွာ အခ်င္းမ်ားခဲ့ကာ မြန္ခ်ီက “မင္းတို႔အျမဲတမ္း ဒီလိုပုံစံနဲ႔အနိုင္ရေနတာပဲ” လို႔ က်ယ္က်ယ္ေလာင္ေလာင္ေျပာဆိုခဲ့ၿပီး မက္ဆီက “မင္း ဒီေန႔ေတာ့ ေအးေအးေဆးေဆး အိမ္ျပန္ေတာ့” လို႔ ျပန္လည္တုံ႔ျပန္ခဲ့ၾကပါတယ္။

ဆီဗီလာကေတာ့ အဆိုပါပြဲမွာ ဖာနန္ဒိုထုတ္ပယ္ခံခဲ့ရလို႔ အခ်ိန္ပိုကို ၁၀ ဦးတည္းနဲ႔ ကစားခဲ့ရၿပီး မြန္ခ်ီက ဘာကာဟာ လူတစ္ေယာက္အသာနဲ႔ကစားမွ အျမဲတမ္းနိုင္တယ္လို႔ ရည္ရြယ္ခဲ့တာျဖစ္ပါတယ္။ မြန္ခ်ီနဲ႔ ျပသနာျဖစ္ပြားခဲ့မႈမွာ မက္ဆီလည္း ပါဝင္ခဲ့တယ္လို႔သိရၿပီး ႏွစ္ဦးတည္း ထိပ္တိုက္ေတြ႕ဆုံတာမ်ိဳးမဟုတ္ဘဲ အျခားေသာ ဘာကာကစားသမားေတြလည္း ပါဝင္ခဲ့ၾကတာလို႔လည္း သိရပါတယ္။