မြန်မာပြည်သူတွေအနိုင်ရမှ အိမ်ကွင်းမှာအနိုင်ကန်ဖို့ ဆုံးဖြတ်ထားတဲ့ လီဗာပူးလ်

ပရီးမီးယားလိဂ်မှာ အိမ်ကွင်းပွဲ ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားတဲ့ လီဗာပူးလ်အသင်းဟာ မနေ့က ကစားခဲ့တဲ့ပွဲမှာလည်း ချယ်လ်ဆီးကို ထပ်မံအရေးနိမ့်သွားခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်ဟာ အိမ်ကွင်းငါးပွဲဆက်တိုက်အရေးနိမ့်မှုဖြစ်လာခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ရရှိဖို့တောင်မှ ခက်ခဲမှုတွေရှိလာခဲ့ပြီဖြစ်ကာ လက်ကျန်ပွဲတွေကို အကောင်းဆုံးကစားပြဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။

မေဆန်မောင့်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချယ်လ်ဆီးကတော့ နည်းပြသစ်တူချယ်လ်လက်ထက်မှာ ရှုံးပွဲမရှိသေးဘဲ အရှိန်ရနေဆဲဖြစ်ကာ အဆင့် ၄ နေရာအထိ ရောက်ရှိလာခဲ့ပါတယ်။ လီဗာပူးလ်အနေနဲ့ အသင်းသမိုင်းတလျှောက် အိမ်ကွင်းငါးပွဲဆက်တိုက် အရေးနိမ့်မှုဟာ ပထမဆုံးအကြိမ်ဖြစ်လာခဲ့တယ်လို့လည်း သိရပြီး ဘန်လေ၊ ဘရီုက်တန်၊ မန်စီးတီး၊ အဲဗာတန်နဲ့ ချယ်လ်ဆီးတို့ကို အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

နည်းပြယာဂင်ကလော့ပ်အတွက်လည်း ဖိအားတွေများသထက်များလာခဲ့ပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတို့ကို ရယူပေးနိုင်ခဲ့ပေမယ့် ဒီရာသီရလဒ်ဆိုးတွေကြောင့် ကလော့ပ်နေရာကို လီဗာပူးလ်ဂန္ထဝင်ကစားသမားဟောင်းဂျရတ်နဲ့ အစားထိုးတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အချိန်မှာ အခုလိုမျိုးအရေးနိမ့်မှုတွေက နည်းပြထိုုင်ခုံအတွက် စိတ်ပူစရာတွေဖြစ်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်အတွင်း လီဗာပူးလ်ဟာ ရမှတ်ပေါင်း ၃၃ မှတ်ရနိုင်ချေရှိတဲ့အထဲကနေ ရမှတ် ၁၀ မှတ်သာ ရယူထားနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါဟာ ဝက်ဘရွန်း၊ နယူးကာဆယ် နဲ့ ဆောက်သမ်တန်တို့ထက်သာ ရမှတ်ပိုမိုရယူနိုင်ခဲ့တာဖြစ်ပြီး ကျန်အသင်းအားလုံးထက် နည်းပါးခဲ့တာလည်းဖြစ်ပါတယ်။ ရာသီအစမှာ အခြေအနေကောင်းခဲ့ပေမယ့်လည်း ဒီဇင်ဘာလလောက်ကစကာ လီဗာပူးလ်က ခြေစွမ်းကျဆင်းခဲ့ပြီး အခြေအနေဆိုးရွားနေခဲ့တာဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္မွာ အိမ္ကြင္းပြဲ ၄ ပြဲဆက္တိုက္ ရႈံးနိမ့္ထားတဲ့ လီဗာပူးလ္အသင္းဟာ မေန႔က ကစားခဲ့တဲ့ပြဲမွာလည္း ခ်ယ္လ္ဆီးကို ထပ္မံအေရးနိမ့္သြားခဲ့ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္ဟာ အိမ္ကြင္းငါးပြဲဆက္တိုက္အေရးနိမ့္မႈျဖစ္လာခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကို ရရွိဖို႔ေတာင္မွ ခက္ခဲမႈေတြရွိလာခဲ့ၿပီျဖစ္ကာ လက္က်န္ပြဲေတြကို အေကာင္းဆုံးကစားျပဖို႔ လိုအပ္ေနၿပီလည္းျဖစ္ပါတယ္။

ေမဆန္ေမာင့္ရဲ့ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႔ အနိုင္ရရွိခဲ့တဲ့ ခ်ယ္လ္ဆီးကေတာ့ နည္းျပသစ္တူခ်ယ္လ္လက္ထက္မွာ ရႈံးပြဲမရွိေသးဘဲ အရွိန္ရေနဆဲျဖစ္ကာ အဆင့္ ၄ ေနရာအထိ ေရာက္ရွိလာခဲ့ပါတယ္။ လီဗာပူးလ္အေနနဲ႔ အသင္းသမိုင္းတေလၽွာက္ အိမ္ကြင္းငါးပြဲဆက္တိုက္ အေရးနိမ့္မႈဟာ ပထမဆုံးအႀကိမ္ျဖစ္လာခဲ့တယ္လို႔လည္း သိရၿပီး ဘန္ေလ၊ ဘရီုက္တန္၊ မန္စီးတီး၊ အဲဗာတန္နဲ႔ ခ်ယ္လ္ဆီးတို႔ကို အေရးနိမ့္ခဲ့တာျဖစ္ပါတယ္။

နည္းျပယာဂင္ကေလာ့ပ္အတြက္လည္း ဖိအားေတြမ်ားသထက္မ်ားလာခဲ့ၿပီျဖစ္ပါတယ္။ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္ဖလားတို႔ကို ရယူေပးနိုင္ခဲ့ေပမယ့္ ဒီရာသီရလဒ္ဆိုးေတြေၾကာင့္ ကေလာ့ပ္ေနရာကို လီဗာပူးလ္ဂႏၴဝင္ကစားသမားေဟာင္းဂ်ရတ္နဲ႔ အစားထိုးေတာ့မယ္လို႔ သတင္းေတြထြက္ေပၚေနတဲ့အခ်ိန္မွာ အခုလိုမ်ိဳးအေရးနိမ့္မႈေတြက နည္းျပထိုုင္ခုံအတြက္ စိတ္ပူစရာေတြျဖစ္လာခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္အတြင္း လီဗာပူးလ္ဟာ ရမွတ္ေပါင္း ၃၃ မွတ္ရနိုင္ေခ်ရွိတဲ့အထဲကေန ရမွတ္ ၁၀ မွတ္သာ ရယူထားနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါဟာ ဝက္ဘရြန္း၊ နယူးကာဆယ္ နဲ႔ ေဆာက္သမ္တန္တို႔ထက္သာ ရမွတ္ပိုမိုရယူနိုင္ခဲ့တာျဖစ္ၿပီး က်န္အသင္းအားလုံးထက္ နည္းပါးခဲ့တာလည္းျဖစ္ပါတယ္။ ရာသီအစမွာ အေျခအေနေကာင္းခဲ့ေပမယ့္လည္း ဒီဇင္ဘာလေလာက္ကစကာ လီဗာပူးလ္က ေျခစြမ္းက်ဆင္းခဲ့ၿပီး အေျခအေနဆိုးရြားေနခဲ့တာျဖစ္ပါတယ္။