ချန်ပီယံလိဂ်မဝင်ရင် ကစားသမားသစ်တွေကို ဆွဲဆောင်ဖို့ ဘောင်မဝင်ဘူးလို့ဆိုခဲ့တဲ့ ကလောပ့်

လီဗာပူးလ် အသင်းနည်းပြ ကလောပ့် ကတော့ ချန်ပီယံလိဂ်ခြေစစ်ပွဲမဝင်ခဲ့ရင် အသင်းအနေနဲ့ အခုနွေရာသီမှာ ကစားသမားတွေကို ‌ဆွဲဆောင်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ပြောလိုက်ပါတယ်။(၂၀၁၉) က ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ် အသင်းဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။အခုနှစ်မှာတော့ လီဗာပူးလ် အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ရလဒ်ဆိုးနေပြီး အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မနက်ဖြန်မနက်ပိုင်းမှာတော့ လီဗာပူးလ် အသင်းဟာ အဆင့်(၅)နေရာက ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။လန်ဒန်ကလပ် အသင်းဖြစ်တဲ့ ဝက်စ်ဟမ်း အသင်းကတော့ သူတို့ရဲ့အထက် အဆင့်(၄)နေရာမှာ ရပ်တည်နေတာပါ။ကလောပ့် က “ချန်ပီယံလိဂ်ဝင်ခွင့်ရတဲ့ အဓိက အကြောင်းအရင်းကတော့ အမြဲတမ်း ငွေရေးကြေးရေးကြောင့်ပါ။‌ဒါဟာ ကစားဖို့ အတွက် အလွန်ကောင်းမွန်တဲ့ ပြိုင်ပွဲကြီးဖြစ်ပေမယ့် ကလပ်အသင်းအတွက်တော့ ဘဏ္ဍာရေးအကြောင်းပါပဲ။ခင်ဗျားတို့ အနေနဲ့ ကစားသမားတွေကို စိတ်လှုပ်ရှားစေချင်တယ်ဆိုတာ အသေအချာပါပဲ”

“ဒီနှစ်မှာတော့ ခြားနားမှုမရှိပါဘူး။ကျွန်တော်တို့ ပြည့်ပြည့်ဝဝ အကောင်းဆုံးလုပ်ပြီး ဒါကို ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတယ်ဆိုတာကို လူတွေက ကြည့်နေဆဲပါပဲ။ဒါပေမယ့် ဘယ်လို အဆုံးသတ်မလဲဆိုတာကို ကျွန်တော်တို့ မြင်ရပါလိမ့်မယ်။ခင်‌ဗျားအနေနဲ့ ချန်ပီယံလိဂ်မဝင်ခဲ့ရင် ဒါမှမဟုတ် ဝင်ခဲ့ရင်ဆိုပြီး ပိုင်ရှင်တွေက ကျွန်တော့်ကို ခေါ်ပြီးပြောတာမဟုတ်ပါဘူး။ဘာလို့လဲဆိုရင် ကျွန်တော်တို့ အားလုံးအတူတူရှိနေလို့ပါပဲ”

“ကျွန်တော်တို့ အားလုံးဟာ အခြေအနေကို နားလည်ပါတယ်။ကျွန်တော်တို့ ဟာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အတွက် အရာအားလုံးကို ကြိုးစားနေတယ်ဆိုတာက ရှင်းလင်းနေပြီး ဒါကို သူတို့ သိပါတယ်”လို့ ဆိုခဲ့ပါတယ်။

Zawgyi

လီဗာပူးလ္ အသင္းနည္းၿပ ကေလာပ့္ ကေတာ့ ခ်န္ပီယံလိဂ္ေျခစစ္ပြဲမဝင္ခဲ့ရင္ အသင္းအေနနဲ႔ အခုေႏြရာသီမွာ ကစားသမားေတြကို ‌ဆြဲေဆာင္နိုင္ဖို႔ ခက္ခဲလိမ့္မယ္လို႔ ေျပာလိုက္ပါတယ္။(၂၀၁၉) က ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ လီဗာပူးလ္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို ရယူနိုင္ခဲ့တာျဖစ္ပါတယ္။အခုႏွစ္မွာေတာ့ လီဗာပူးလ္ အသင္းဟာ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ရလဒ္ဆိုးေနၿပီး အမွတ္ေပးဇယား အဆင့္(၆)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မနက္ျဖန္မနက္ပိုင္းမွာေတာ့ လီဗာပူးလ္ အသင္းဟာ အဆင့္(၅)ေနရာက ခ်ယ္လ္ဆီး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။လန္ဒန္ကလပ္ အသင္းျဖစ္တဲ့ ဝက္စ္ဟမ္း အသင္းကေတာ့ သူတို႔ရဲ့အထက္ အဆင့္(၄)ေနရာမွာ ရပ္တည္ေနတာပါ။ကေလာပ့္ က “ခ်န္ပီယံလိဂ္ဝင္ခြင့္ရတဲ့ အဓိက အေၾကာင္းအရင္းကေတာ့ အျမဲတမ္း ေငြေရးေၾကးေရးေၾကာင့္ပါ။‌ဒါဟာ ကစားဖို႔ အတြက္ အလြန္ေကာင္းမြန္တဲ့ ၿပိဳင္ပြဲႀကီးျဖစ္ေပမယ့္ ကလပ္အသင္းအတြက္ေတာ့ ဘ႑ာေရးအေၾကာင္းပါပဲ။ခင္ဗ်ားတို႔ အေနနဲ႔ ကစားသမားေတြကို စိတ္လႈပ္ရွားေစခ်င္တယ္ဆိုတာ အေသအခ်ာပါပဲ”

“ဒီႏွစ္မွာေတာ့ ျခားနားမႈမရွိပါဘူး။ကၽြန္ေတာ္တို႔ ျပည့္ျပည့္ဝဝ အေကာင္းဆုံးလုပ္ၿပီး ဒါကို ျဖစ္ေအာင္လုပ္ဖို႔ ႀကိဳးစားေနတယ္ဆိုတာကို လူေတြက ၾကည့္ေနဆဲပါပဲ။ဒါေပမယ့္ ဘယ္လို အဆုံးသတ္မလဲဆိုတာကို ကၽြန္ေတာ္တို႔ ျမင္ရပါလိမ့္မယ္။ခင္‌ဗ်ားအေနနဲ႔ ခ်န္ပီယံလိဂ္မဝင္ခဲ့ရင္ ဒါမွမဟုတ္ ဝင္ခဲ့ရင္ဆိုၿပီး ပိုင္ရွင္ေတြက ကၽြန္ေတာ့္ကို ေခၚၿပီးေျပာတာမဟုတ္ပါဘူး။ဘာလို႔လဲဆိုရင္ ကၽြန္ေတာ္တို႔ အားလုံးအတူတူရွိေနလို႔ပါပဲ”

“ကၽြန္ေတာ္တို႔ အားလုံးဟာ အေျခအေနကို နားလည္ပါတယ္။ကၽြန္ေတာ္တို႔ ဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ အတြက္ အရာအားလုံးကို ႀကိဳးစားေနတယ္ဆိုတာက ရွင္းလင္းေနၿပီး ဒါကို သူတို႔ သိပါတယ္”လို႔ ဆိုခဲ့ပါတယ္။