မက်ဆီ ဘယ်တော့မှမရတဲ့ ဆုဖလား သူ့မှာရှိတယ်လို့ နောက်ပြောင်ခဲ့တဲ့ ရာကီတစ်

ဆီဗီလာ အသင်း ကစားသမား ရာကီတစ် က ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီ အနေနဲ့ ဘယ်တော့မှမရနိုင်တဲ့ ဆုဖလား သူ့ရယူထားတယ်လို့ နောက်ပြောင်လိုက်ပါတယ်။ရာကီတစ် ဟာ ဘာစီလိုနာ အသင်းမှာ မက်ဆီ နဲ့ အတူ (၆)ရာသီကြာ လက်‌တွဲခဲ့ပြီး ဆုဖလား နဲ့ အောင်မြင်မှုအများအပြားရယူကာ ပြီးခဲ့တဲ့ နွေရာသီက အသင်းဟောင်းဆီဗီလာ အသင်းကို ပြန်လည်ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

ရာကီတစ် က မက်ဆီ ဟာ ယူရိုပါလိဂ်ဖလား ကို ဘယ်တော့မှ ရမှာမဟုတ်ဖူးလို့ ဆိုခဲ့တာဖြစ်ပြီး ရာကီတစ် ကတော့ ဘာစီလိုနာ အသင်းကို မပြောင်းရွှေ့ခင် (၂၀၁၃-၁၄) ရာသီက ဆီဗီလာ အသင်းနဲ့ အတူ ယူရိုပါလိဂ် ဆုဖလားကို ကိုင်မြှောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ရာကီတစ် က “ကျွန်တော် မက်ဆီ နဲ့ စကားပြောတဲ့ အခါမှာ မင်း က အရာအားလုံးကို အနိုင်ရခဲ့တယ်။ဂိုးတွေ အများအပြားလည်း သွင်းခဲ့ပါတယ်။ဒါပေမယ့် မင်း ဘယ်တော့မှ မရနိုင်တဲ့ ဆုဖလားကို ငါရရှိထားတယ်လို့ ပြောလိုက်ပါတယ်”

“မင်း ဘယ်တော့မှ ယူရိုပါလိဂ်ကို ရမှာမဟုတ်ဘူးလို့” လာလီဂါတီဗီ နဲ့ တွေ့ဆုံရာဆိုခဲ့ပါတယ်။ဒါ့အပြင် ရာကီတစ် က ဘာစီလိုနာ အသင်းဖော်ဟောင်းတွေနဲ့ ပတ်သက်ပြီး “သူတို့အားလုံးအောင်မြင်ခဲ့ပါတယ်။သူတို့ အားလုံး အနိုင်ရခဲ့တာကတော့ တိုက်ဆိုင်မှုမဟုတ်ပါဘူး။ကစားသမားတိုင်းမှာ ကစားဖို့ အစိတ်အပိုင်းရှိပါတယ်။သူတို့ အားလုံးဟာ သူတို့ ပုံစံအတိုင်းပြုလုပ်ခဲ့ပေမယ့် အမြဲတမ်းအနိုင်ရခဲ့ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ရာကီတစ် ရဲ့ဆီဗီလာ အသင်းဟာ ဒီမနက်ပိုင်းက ကစားခဲ့တဲ့ အသင်းဟောင်း ဘာစီလိုနာ အသင်းနဲ့ ကိုပါဒယ်ရေးဖလား အကြိုဗိုလ်လုပွဲစဉ်မှာ (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပါတယ်။ပထမအကျော့က ဆီဗီလာ အသင်းက (၂)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် တစ်ဖက်(၂)ဂိုးစီ သရေကျခဲ့ပါတယ်။အဲဒါကြောင့် အချိန်ပိုဆက်ကစားရာမှာ ဘာစီလိုနာ အသင်းက အနိုင်ဂိုးသွင်းခဲ့ပြီး (၃)ဂိုး-(၂)ဂိုးနဲ့ အနိုင်ရကာ ဗိုလ်လုပွဲတက်ခဲ့ပါတယ်။

Zawgyi

ဆီဗီလာ အသင္း ကစားသမား ရာကီတစ္ က ဘာစီလိုနာ အသင္းေဖာ္ေဟာင္း မက္ဆီ အေနနဲ႔ ဘယ္ေတာ့မွမရနိုင္တဲ့ ဆုဖလား သူ႔ရယူထားတယ္လို႔ ေနာက္ေျပာင္လိုက္ပါတယ္။ရာကီတစ္ ဟာ ဘာစီလိုနာ အသင္းမွာ မက္ဆီ နဲ႔ အတူ (၆)ရာသီၾကာ လက္‌တြဲခဲ့ၿပီး ဆုဖလား နဲ႔ ေအာင္ျမင္မႈအမ်ားအျပားရယူကာ ၿပီးခဲ့တဲ့ ေႏြရာသီက အသင္းေဟာင္းဆီဗီလာ အသင္းကို ျပန္လည္ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။

ရာကီတစ္ က မက္ဆီ ဟာ ယူရိုပါလိဂ္ဖလား ကို ဘယ္ေတာ့မွ ရမွာမဟုတ္ဖူးလို႔ ဆိုခဲ့တာျဖစ္ၿပီး ရာကီတစ္ ကေတာ့ ဘာစီလိုနာ အသင္းကို မေျပာင္းေရႊ႕ခင္ (၂၀၁၃-၁၄) ရာသီက ဆီဗီလာ အသင္းနဲ႔ အတူ ယူရိုပါလိဂ္ ဆုဖလားကို ကိုင္ေျမႇာက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။ရာကီတစ္ က “ကၽြန္ေတာ္ မက္ဆီ နဲ႔ စကားေျပာတဲ့ အခါမွာ မင္း က အရာအားလုံးကို အနိုင္ရခဲ့တယ္။ဂိုးေတြ အမ်ားအျပားလည္း သြင္းခဲ့ပါတယ္။ဒါေပမယ့္ မင္း ဘယ္ေတာ့မွ မရနိုင္တဲ့ ဆုဖလားကို ငါရရွိထားတယ္လို႔ ေျပာလိုက္ပါတယ္”

“မင္း ဘယ္ေတာ့မွ ယူရိုပါလိဂ္ကို ရမွာမဟုတ္ဘူးလို႔” လာလီဂါတီဗီ နဲ႔ ေတြ႕ဆုံရာဆိုခဲ့ပါတယ္။ဒါ့အျပင္ ရာကီတစ္ က ဘာစီလိုနာ အသင္းေဖာ္ေဟာင္းေတြနဲ႔ ပတ္သက္ၿပီး “သူတို႔အားလုံးေအာင္ျမင္ခဲ့ပါတယ္။သူတို႔ အားလုံး အနိုင္ရခဲ့တာကေတာ့ တိုက္ဆိုင္မႈမဟုတ္ပါဘူး။ကစားသမားတိုင္းမွာ ကစားဖို႔ အစိတ္အပိုင္းရွိပါတယ္။သူတို႔ အားလုံးဟာ သူတို႔ ပုံစံအတိုင္းျပဳလုပ္ခဲ့ေပမယ့္ အျမဲတမ္းအနိုင္ရခဲ့ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ရာကီတစ္ ရဲ့ဆီဗီလာ အသင္းဟာ ဒီမနက္ပိုင္းက ကစားခဲ့တဲ့ အသင္းေဟာင္း ဘာစီလိုနာ အသင္းနဲ႔ ကိုပါဒယ္ေရးဖလား အႀကိဳဗိုလ္လုပြဲစဥ္မွာ (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့ပါတယ္။ပထမအေက်ာ့က ဆီဗီလာ အသင္းက (၂)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ တစ္ဖက္(၂)ဂိုးစီ သေရက်ခဲ့ပါတယ္။အဲဒါေၾကာင့္ အခ်ိန္ပိုဆက္ကစားရာမွာ ဘာစီလိုနာ အသင္းက အနိုင္ဂိုးသြင္းခဲ့ၿပီး (၃)ဂိုး-(၂)ဂိုးနဲ႔ အနိုင္ရကာ ဗိုလ္လုပြဲတက္ခဲ့ပါတယ္။