ပဲလေစ့်နဲ့ပွဲက ယူနိုက်တက်ကို ကြည့်ရတာ ပျင်းဖို့ကောင်းလွန်းတယ်လို့ ဆိုတဲ့ ဂယ်ရီနဗီးလ်

မန်ချက်စတာယူနိုက်တက် အသင်း ကစား သမားဟောင်း ဂယ်ရီနဗီးလ် က ပဲလေ့စ် အသင်းနဲ့ ဂိုးမရှိသရေကျတဲ့ ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့စွမ်းဆောင်ရည်ဟာ ပျင်းဖို့ ကောင်းတယ်လို့ ဝေဖန်လိုက်ပြီး ဘရူနိုဖာနန်ဒက်စ် ကိုကြည့်ရတာကလည်း ပေါ့ပေါ့တန်တန်ဖြစ်နေတယ်လို့ ဆိုလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ သရေကျခဲ့တာကြောင့် ထိပ်‌ဆုံးနေရာက မြို့ခံပြိုင်ဘက် မန်စီးတီး အသင်းနဲ့ (၁၄)မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲမှာ မာတစ် ရဲ့ဂိုးဧရိယာအပြင်က ကန်သွင်းတဲ့ ကန်ချက်သာ ဂိုးပေါက်ထည့်ခဲ့တာဖြစ်ပြီး ပဲလေ့စ် အသင်းဘက်က ပွဲပြီးခါနီးမှာ ဗန်အန်ဟော့ရဲ့ကန်သွင်းချက်ကို ဂိုးသမား ဒိန်းဟန်ဒါဆန် က ကာကွယ်နိုင်ခဲ့လို့ ယူနိုက်တက် အသင်း အရေးမနိမ့်ခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့် မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ဂိုးမရှိသရေကျခဲ့တဲ့ပွဲ(၆)ပွဲအထိ ရှိလာခဲ့တာပါ။ဂယ်ရီနဗီးလ် က “ပဲလေ့စ် အသင်းနဲ့ ပွဲမှာ အမှတ်(၃)မှတ်ကိုရယူပြီး ဒုတိယနေရာပိုခိုင်မာအောင် လုပ်ခဲ့ရမှာပါ”

“အထူးသဖြင့် ရှက်ဖီးနဲ့ အိမ်ကွင်း၊ ဝက်စ်ဘရွမ်းနဲ့ အဝေးကွင်းမှာ (၃)မှတ်ရယူရမှာဖြစ်ပေမယ့် သူတို့က သူတို့ကိုယ်သူတို့ အလွန်ခက်ခဲအောင် လုပ်နေကြပါတယ်။ဒီညကတော့ မန်ချက်စတာယူနိုက်တက် အတွက် ကောင်းတဲ့ည မဖြစ်ခဲ့ပါဘူး။မော်ရင်ဟို နဲ့ ဗန်ဟားလ် နည်းပြဖြစ်ခဲ့တုန်းက အနိုင်ရနိုင်တယ်၊ ရှုံးနိုင်တယ်၊ သရေကျနိုင်ပါတယ်။ဒါပေမယ့် ခင်ဗျားတို့ အနေနဲ့ ပျင်းစရာမဖြစ်ခဲ့ပါဘူး။ဒီနေ့ည ပွဲကို ကြည့်ရတာတော့ ပျင်းဖို့ ကောင်းပါတယ်။သူတို့ဟာ ဒီရာသီ ပထမပိုင်း ကစားပုံဆိုးရွားခဲ့ပေမယ့် ဂိုးတွေရခဲ့ပြီး ဒုတိယပိုင်းမှာ အနိုင်ရခဲ့ပါတယ်”

“ဒီနေ့မှာတော့ ဒါက မဖြစ်ပျက်ခဲ့ပါဘူး။သူတို့ ဘာတွေဖြစ်ပျက်လာနေလဲဆိုတာကို ပိုပြီး ဂရုစိုင်လာရပါမယ်။သူတို့ အနေနဲ့ ဂရုမစိုက်ဘူးဆိုရင် ထိပ်ဆုံး(၄)သင်းဝင်ခွင့်ရဖို့ သူတို့လုပ်ရပါမယ်”လို့ ဆိုခဲ့ပါတယ်။ဒါ့အပြင် ဘရူနိုဖာနန်ဒက်စ် အနေနဲ့ နောက်ဆုံးအပတ်တွေမှာ သူရဲ့အကောင်းဆုံးပုံစံတွေ မရရှိခဲ့ဘူးလို့လည်း ဂယ်ရီနဗီးလ် က ဆိုခဲ့ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ အသင္း ကစား သမားေဟာင္း ဂယ္ရီနဗီးလ္ က ပဲေလ့စ္ အသင္းနဲ႔ ဂိုးမရွိသေရက်တဲ့ ပြဲစဥ္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းရဲ့စြမ္းေဆာင္ရည္ဟာ ပ်င္းဖို႔ ေကာင္းတယ္လို႔ ေဝဖန္လိုက္ၿပီး ဘ႐ူနိုဖာနန္ဒက္စ္ ကိုၾကည့္ရတာကလည္း ေပါ့ေပါ့တန္တန္ျဖစ္ေနတယ္လို႔ ဆိုလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲမွာ သေရက်ခဲ့တာေၾကာင့္ ထိပ္‌ဆုံးေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီး အသင္းနဲ႔ (၁၄)မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲမွာ မာတစ္ ရဲ့ဂိုးဧရိယာအျပင္က ကန္သြင္းတဲ့ ကန္ခ်က္သာ ဂိုးေပါက္ထည့္ခဲ့တာျဖစ္ၿပီး ပဲေလ့စ္ အသင္းဘက္က ပြဲၿပီးခါနီးမွာ ဗန္အန္ေဟာ့ရဲ့ကန္သြင္းခ်က္ကို ဂိုးသမား ဒိန္းဟန္ဒါဆန္ က ကာကြယ္နိုင္ခဲ့လို႔ ယူနိုက္တက္ အသင္း အေရးမနိမ့္ခဲ့တာျဖစ္ပါတယ္။အဲဒါေၾကာင့္ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာ ဂိုးမရွိသေရက်ခဲ့တဲ့ပြဲ(၆)ပြဲအထိ ရွိလာခဲ့တာပါ။ဂယ္ရီနဗီးလ္ က “ပဲေလ့စ္ အသင္းနဲ႔ ပြဲမွာ အမွတ္(၃)မွတ္ကိုရယူၿပီး ဒုတိယေနရာပိုခိုင္မာေအာင္ လုပ္ခဲ့ရမွာပါ”

“အထူးသျဖင့္ ရွက္ဖီးနဲ႔ အိမ္ကြင္း၊ ဝက္စ္ဘရြမ္းနဲ႔ အေဝးကြင္းမွာ (၃)မွတ္ရယူရမွာျဖစ္ေပမယ့္ သူတို႔က သူတို႔ကိုယ္သူတို႔ အလြန္ခက္ခဲေအာင္ လုပ္ေနၾကပါတယ္။ဒီညကေတာ့ မန္ခ်က္စတာယူနိုက္တက္ အတြက္ ေကာင္းတဲ့ည မျဖစ္ခဲ့ပါဘူး။ေမာ္ရင္ဟို နဲ႔ ဗန္ဟားလ္ နည္းျပျဖစ္ခဲ့တုန္းက အနိုင္ရနိုင္တယ္၊ ရႈံးနိုင္တယ္၊ သေရက်နိုင္ပါတယ္။ဒါေပမယ့္ ခင္ဗ်ားတို႔ အေနနဲ႔ ပ်င္းစရာမျဖစ္ခဲ့ပါဘူး။ဒီေန႔ည ပြဲကို ၾကည့္ရတာေတာ့ ပ်င္းဖို႔ ေကာင္းပါတယ္။သူတို႔ဟာ ဒီရာသီ ပထမပိုင္း ကစားပုံဆိုးရြားခဲ့ေပမယ့္ ဂိုးေတြရခဲ့ၿပီး ဒုတိယပိုင္းမွာ အနိုင္ရခဲ့ပါတယ္”

“ဒီေန႔မွာေတာ့ ဒါက မျဖစ္ပ်က္ခဲ့ပါဘူး။သူတို႔ ဘာေတြျဖစ္ပ်က္လာေနလဲဆိုတာကို ပိုၿပီး ဂ႐ုစိုင္လာရပါမယ္။သူတို႔ အေနနဲ႔ ဂ႐ုမစိုက္ဘူးဆိုရင္ ထိပ္ဆုံး(၄)သင္းဝင္ခြင့္ရဖို႔ သူတို႔လုပ္ရပါမယ္”လို႔ ဆိုခဲ့ပါတယ္။ဒါ့အျပင္ ဘ႐ူနိုဖာနန္ဒက္စ္ အေနနဲ႔ ေနာက္ဆုံးအပတ္ေတြမွာ သူရဲ့အေကာင္းဆုံးပုံစံေတြ မရရွိခဲ့ဘူးလို႔လည္း ဂယ္ရီနဗီးလ္ က ဆိုခဲ့ပါတယ္။