ဆီဗီလာကို လက်စားချေအပြီး PSG ကိုပါ အံ့ဖွယ်အနိုင်ယူဖို့ ကိုးမန်း မျှော်လင့်နေ

ကိုပါဒယ်ရေးဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆီဗီလာကို အံ့အားသင့်ဖွယ်အနိုင်ကစားပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့နောက် ဘာကာနည်းပြကိုးမန်းက ပီအက်စ်ဂျီနဲ့ပွဲမှာလည်း သူ့ရဲ့ကစားသမားတွေ အံ့ဖွယ်သရဲစွမ်းဆောင်ပြနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်ပါတယ်။ ဘာစီလိုနာဟာ ပထမအကျော့မှာ ၂ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပေမယ့် အိမ်ကွင်းမှာ သာမန်ပွဲချိန်အတွင်း ၂ ဂိုးပြတ်အနိုင်ယူကာ အချိန်ပိုမှာ အနိုင်ဂိုးထပ်သွင်းပြီး ဗိုလ်လုပွဲတက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအတွက် ဒမ်ဘီလီ၊ ပီကေးနဲ့ ဘရိတ်ဝေ့တ်တို့က ဂိုးတွေ အသီးသီးသွင်းယူခဲ့ပြီး ပထမအကျော့ရှုံးကြွေးကို လှလှပပပြန်ဆပ်နိုင်ခဲ့ပါတယ်။ ဒီအနေအထားကြောင့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာလည်း အံ့ဖွယ်သရဲစွမ်းဆောင်နိုင်ဖို့ ကိုးမန်းက မျှော်လင့်နေတာဖြစ်ပါတယ်။ ဘာကာဟာ ပထမအကျော့ကို အိမ်ကွင်းမှာပဲ ၁-၄ ဂိုးပြတ်နဲ့ အရေးနိမ့်ထားခဲ့လို့ ပြင်သစ်မြေမှာ ခက်ခက်ခဲခဲရုန်းကန်ရမှာလည်းဖြစ်ပါတယ်။

“၂-၀ ဆိုတဲ့ ရလဒ်ကနေ ပြန်လာနိုင်ဖို့က ၁-၄ ဆိုတဲ့ရလဒ်ထက် ပိုပြီးလွယ်ကူပါတယ်၊ ပီအက်စ်ဂျီက အသင်းကောင်းတစ်သင်းဖြစ်ပြီး ကစားသမားကောင်းတွေလည်း ရှိပါတယ်၊ ကျွန်တော်တို့ အနိုင်ရဖို့အတွက် ပွဲစကတည်းက အားထုတ်ရမှာဖြစ်ပြီး ဒါက နောက်တဆင့်ကိုတက်နို်င်ဖို့ အခွင့်အရေးဖြစ်မလား ကြည့်ရပါမယ်၊ ကျွန်တော့်အသင်းအတွက် ဂုဏ်ယူပါတယ်၊ စကားအများကြီးလည်း မပြောခဲ့ရပါဘူး၊ တကယ်ပြောတာပါ၊ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာကိုပဲ ပြောင်းလဲခဲ့တာပါ”

“နူးကမ့်မှာ ပရိသတ်ပေါင်းတစ်သိန်းလောက်နဲ့ ကျွန်တော်တို့ ကစားခဲ့ရသလိုပါပဲ၊ ကတ်တလန်သားတချို့ (ဘာကာပရိသတ်များကိုဆိုလို) တော့ ဆီဗီလာမှာကစားရမယ့် ကိုပါဒယ်ရေးပွဲကို လာကြည့်ခွင့်ရမယ်လို့ မျှော်လင့်ပါတယ်” လို့ ပွဲအပြီးမှာ ကိုးမန်းက ပြောဆိုခဲ့ပါတယ်။ ဘာစီလိုနာကတော့ ပီအက်စ်ဂျီကို ၂၀၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ၁၆ သင်းအဆင့် ပထမအကျော့အဖြစ် အဝေးကွင်းမှာ ၄-၀ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ ၆-၁ နဲ့ ပြန်လည်အနိုင်ယူဖူးတဲ့ မှတ်တမ်းကို ရေးထိုးခဲ့ဖူးပါတယ်။

Zawgyi

ကိုပါဒယ္ေရးဆီမီးဖိုင္နယ္ပြဲစဥ္မွာ ဆီဗီလာကို အံ့အားသင့္ဖြယ္အနိုင္ကစားၿပီး ဗိုလ္လုပြဲကို တက္ေရာက္ခဲ့တဲ့ေနာက္ ဘာကာနည္းျပကိုးမန္းက ပီအက္စ္ဂ်ီနဲ႔ပြဲမွာလည္း သူ႔ရဲ့ကစားသမားေတြ အံ့ဖြယ္သရဲစြမ္းေဆာင္ျပနိုင္ဖို႔ ေမၽွာ္လင့္ေၾကာင္း ေျပာဆိုလိုက္ပါတယ္။ ဘာစီလိုနာဟာ ပထမအေက်ာ့မွာ ၂ဂိုးျပတ္နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ အိမ္ကြင္းမွာ သာမန္ပြဲခ်ိန္အတြင္း ၂ ဂိုးျပတ္အနိုင္ယူကာ အခ်ိန္ပိုမွာ အနိုင္ဂိုးထပ္သြင္းၿပီး ဗိုလ္လုပြဲတက္ေရာက္ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအတြက္ ဒမ္ဘီလီ၊ ပီေကးနဲ႔ ဘရိတ္ေဝ့တ္တို႔က ဂိုးေတြ အသီးသီးသြင္းယူခဲ့ၿပီး ပထမအေက်ာ့ရႈံးေႂကြးကို လွလွပပျပန္ဆပ္နိုင္ခဲ့ပါတယ္။ ဒီအေနအထားေၾကာင့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့မွာလည္း အံ့ဖြယ္သရဲစြမ္းေဆာင္နိုင္ဖို႔ ကိုးမန္းက ေမၽွာ္လင့္ေနတာျဖစ္ပါတယ္။ ဘာကာဟာ ပထမအေက်ာ့ကို အိမ္ကြင္းမွာပဲ ၁-၄ ဂိုးျပတ္နဲ႔ အေရးနိမ့္ထားခဲ့လို႔ ျပင္သစ္ေျမမွာ ခက္ခက္ခဲခဲ႐ုန္းကန္ရမွာလည္းျဖစ္ပါတယ္။

“၂-၀ ဆိုတဲ့ ရလဒ္ကေန ျပန္လာနိုင္ဖို႔က ၁-၄ ဆိုတဲ့ရလဒ္ထက္ ပိုၿပီးလြယ္ကူပါတယ္၊ ပီအက္စ္ဂ်ီက အသင္းေကာင္းတစ္သင္းျဖစ္ၿပီး ကစားသမားေကာင္းေတြလည္း ရွိပါတယ္၊ ကၽြန္ေတာ္တို႔ အနိုင္ရဖို႔အတြက္ ပြဲစကတည္းက အားထုတ္ရမွာျဖစ္ၿပီး ဒါက ေနာက္တဆင့္ကိုတက္နို္င္ဖို႔ အခြင့္အေရးျဖစ္မလား ၾကည့္ရပါမယ္၊ ကၽြန္ေတာ့္အသင္းအတြက္ ဂုဏ္ယူပါတယ္၊ စကားအမ်ားႀကီးလည္း မေျပာခဲ့ရပါဘူး၊ တကယ္ေျပာတာပါ၊ ကၽြန္ေတာ္တို႔ရဲ့ စိတ္ပိုင္းဆိုင္ရာကိုပဲ ေျပာင္းလဲခဲ့တာပါ”

“ႏူးကမ့္မွာ ပရိသတ္ေပါင္းတစ္သိန္းေလာက္နဲ႔ ကၽြန္ေတာ္တို႔ ကစားခဲ့ရသလိုပါပဲ၊ ကတ္တလန္သားတခ်ိဳ႕ (ဘာကာပရိသတ္မ်ားကိုဆိုလို) ေတာ့ ဆီဗီလာမွာကစားရမယ့္ ကိုပါဒယ္ေရးပြဲကို လာၾကည့္ခြင့္ရမယ္လို႔ ေမၽွာ္လင့္ပါတယ္” လို႔ ပြဲအၿပီးမွာ ကိုးမန္းက ေျပာဆိုခဲ့ပါတယ္။ ဘာစီလိုနာကေတာ့ ပီအက္စ္ဂ်ီကို ၂၀၁၇ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲရဲ့ ၁၆ သင္းအဆင့္ ပထမအေက်ာ့အျဖစ္ အေဝးကြင္းမွာ ၄-၀ နဲ႔ အေရးနိမ့္ခဲ့ေပမယ့္ ဒုတိယအေက်ာ့မွာ ၆-၁ နဲ႔ ျပန္လည္အနိုင္ယူဖူးတဲ့ မွတ္တမ္းကို ေရးထိုးခဲ့ဖူးပါတယ္။