ဆင်ဖမ်း၊ကျားဖမ်းရတော့မယ်ဆိုရင် တီကောင်တောင် မမိဘူးဖြစ်နေတဲ့ ယူနိုက်တက်

အမှတ်ပေးဖလားအတွက် မန်စီးတီးကို အမီလိုက်ဖို့ကြိုးစားနေရတဲ့ ယူနိုက်တက်ဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂိုးမရှိသရေထပ်ကျခဲ့လို့ အဆင့် ၄ အတွင်း ဝင်ခွင့်ကိုသာ ကြိုးစားရဖွယ်ရှိခဲ့ပြီဖြစ်ပါတယ်။ မန်စီးတီးက တောက်လျှောက်နိုင်ပွဲဆက်နေချိန်မှာ ယူနိုက်တက်က သရေပွဲတွေကျနေခဲ့လို့ အမှတ်ကွာဟချက် ပိုမိုများပြားလာခဲ့ပြီး အခုဆိုရင် ၁၄ မှတ်အထိ ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ အမှတ်ပေးပွဲ ငါးပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး လေးပွဲအထိ ယူနိုက်တက်တို့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။ အရေးကြီးတဲ့အချိန်အခါမှာမှ ရမှတ်တွေ ဆက်တိုက်ဆုံးရှုံးခဲ့တာလည်းဖြစ်ပြီး အခန့်မသင့်ခဲ့ရင် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကိုတောင် ဆုံးရှုံးနိုင်တဲ့ အနေအထားမှာရှိနေလို့ ဆိုးလ်ရှားအတွက် လာမယ့်ပွဲတွေကို အနိုင်ကစားပြဖို့ လိုအပ်နေပြီလည်းဖြစ်ပါတယ်။

ပဲလေ့စ်နဲ့ပွဲမှာလည်း ယူနိုက်တက်ဟာ ဂိုးပေါက်တည့်မှုတစ်ကြိမ်တည်းသာ ရရှိခဲ့ပါတယ်။ ကာဗာနီ၊ ရက်ရှ်ဖို့ဒ်၊ ဖာနန်ဒက်စ်တို့ ပါဝင်ခဲ့ပေမယ့်လည်း ယူနိုက်တက်တိုက်စစ်ပိုင်းက အားနည်းနေခဲ့ပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအသာစီးရရှိခဲ့တာကလွဲရင် အနိုင်ရဖို့ လုံလောက်တဲ့ ပုံစံမျိုးကို မပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ယူနိုက်တက်ကိုဆို အခက်တွေ့အောင်ကစားပြလေ့ရှိတဲ့ ပဲလေ့စ်ကတော့ သရေတစ်မှတ်ရယူသွားနိုင်ခဲ့ပါတယ်။

ယူနိုက်တက်တို့ အဆင့် ၂ နေရာမှာ ဆက်ရှိနေခဲ့ပေမယ့်လည်း လက်စတာနဲ့ တစ်မှတ်သာကွာဟတော့တာဖြစ်ပြီး အဆင့် ၄ နေရာက ဝက်စ်ဟမ်းနဲ့ ၆ မှတ်၊ အဆင့် ၅ နေရာက ချယ်လ်ဆီးနဲ့ ၇ မှတ်သာ ကွာဟနေပါတယ်။ ဝက်စ်ဟမ်းနဲ့ ချယ်လ်ဆီးတို့ကသာ ဒီနေ့ကစားမယ့်ပွဲတွေမှာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ကွာဟချက်ပိုမိုကျဉ်းမြောင်းလာမှာဖြစ်ပြီး အဆင့် ၂ နေရာအတွက်တောင် ခြိမ်းခြောက်ခံရတော့မှာဖြစ်ပါတယ်။

Zawgyi

အမွတ္ေပးဖလားအတြက္ မန္စီးတီးကို အမီလိုက္ဖို႔ႀကိဳးစားေနရတဲ့ ယူနိုက္တက္ဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ ဂိုးမရွိသေရထပ္က်ခဲ့လို႔ အဆင့္ ၄ အတြင္း ဝင္ခြင့္ကိုသာ ႀကိဳးစားရဖြယ္ရွိခဲ့ၿပီျဖစ္ပါတယ္။ မန္စီးတီးက ေတာက္ေလၽွာက္နိုင္ပြဲဆက္ေနခ်ိန္မွာ ယူနိုက္တက္က သေရပြဲေတြက်ေနခဲ့လို႔ အမွတ္ကြာဟခ်က္ ပိုမိုမ်ားျပားလာခဲ့ၿပီး အခုဆိုရင္ ၁၄ မွတ္အထိ ကြာဟသြားခဲ့ၿပီျဖစ္ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ အမွတ္ေပးပြဲ ငါးပြဲမွာ တစ္ပြဲသာအနိုင္ရခဲ့ၿပီး ေလးပြဲအထိ ယူနိုက္တက္တို႔ သေရက်ခဲ့တာလည္းျဖစ္ပါတယ္။ အေရးႀကီးတဲ့အခ်ိန္အခါမွာမွ ရမွတ္ေတြ ဆက္တိုက္ဆုံးရႈံးခဲ့တာလည္းျဖစ္ၿပီး အခန႔္မသင့္ခဲ့ရင္ ခ်န္ပီယံလိဂ္ဝင္ခြင့္ေနရာကိုေတာင္ ဆုံးရႈံးနိုင္တဲ့ အေနအထားမွာရွိေနလို႔ ဆိုးလ္ရွားအတြက္ လာမယ့္ပြဲေတြကို အနိုင္ကစားျပဖို႔ လိုအပ္ေနၿပီလည္းျဖစ္ပါတယ္။

ပဲေလ့စ္နဲ႔ပြဲမွာလည္း ယူနိုက္တက္ဟာ ဂိုးေပါက္တည့္မႈတစ္ႀကိမ္တည္းသာ ရရွိခဲ့ပါတယ္။ ကာဗာနီ၊ ရက္ရွ္ဖို႔ဒ္၊ ဖာနန္ဒက္စ္တို႔ ပါဝင္ခဲ့ေပမယ့္လည္း ယူနိုက္တက္တိုက္စစ္ပိုင္းက အားနည္းေနခဲ့ပါတယ္။ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရရွိခဲ့တာကလြဲရင္ အနိုင္ရဖို႔ လုံေလာက္တဲ့ ပုံစံမ်ိဳးကို မျပသနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ ယူနိုက္တက္ကိုဆို အခက္ေတြ႕ေအာင္ကစားျပေလ့ရွိတဲ့ ပဲေလ့စ္ကေတာ့ သေရတစ္မွတ္ရယူသြားနိုင္ခဲ့ပါတယ္။

ယူနိုက္တက္တို႔ အဆင့္ ၂ ေနရာမွာ ဆက္ရွိေနခဲ့ေပမယ့္လည္း လက္စတာနဲ႔ တစ္မွတ္သာကြာဟေတာ့တာျဖစ္ၿပီး အဆင့္ ၄ ေနရာက ဝက္စ္ဟမ္းနဲ႔ ၆ မွတ္၊ အဆင့္ ၅ ေနရာက ခ်ယ္လ္ဆီးနဲ႔ ၇ မွတ္သာ ကြာဟေနပါတယ္။ ဝက္စ္ဟမ္းနဲ႔ ခ်ယ္လ္ဆီးတို႔ကသာ ဒီေန႔ကစားမယ့္ပြဲေတြမွာ အနိုင္ရရွိခဲ့မယ္ဆိုရင္ အမွတ္ကြာဟခ်က္ပိုမိုက်ဥ္းေျမာင္းလာမွာျဖစ္ၿပီး အဆင့္ ၂ ေနရာအတြက္ေတာင္ ၿခိမ္းေျခာက္ခံရေတာ့မွာျဖစ္ပါတယ္။