ဆိုးလ်ရှားကြောင့် ၂ ရက်လောက် ထမင်းမစားနိုင်ဖြစ်ခဲ့ရတယ်လို့ ဝန်ခံလိုက်တဲ့ တူချယ်လ်

ယူနိုက်တက်နည်းပြဆိုးလ်ရှားဟာ သူ့ဘဝမှာ အဆိုးရွားဆုံးရှုံးပွဲရအောင် လုပ်ခဲ့သူလို့ ချယ်လ်ဆီးနည်းပြတူချယ်လ်က ပြောဆိုလိုက်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာ ကစားရမယ့် ပွဲမတိုင်ခင် တူချယ်လ်က ပြောဆိုခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်မှာ ယူနို်က်တက်ရဲ့ အံ့ဖွယ်သရဲအနိုင်ရရှိခဲ့တဲ့ပွဲကို အမှတ်တရပြန်လည်ပြောဆိုခဲ့တာဖြစ်ပြီး ဒီအရှုံးဟာ သူ့အတွက် အနာကျင်ရဆုံးဖြစ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

MANCHESTER, ENGLAND – FEBRUARY 12: Thomas Tuchel (L) the coach of Paris Saint-Germain greets Ole Gunnar Solskjaer the manager of Manchester United during the UEFA Champions League Round of 16 First Leg match between Manchester United and Paris Saint-Germain at Old Trafford on February 12, 2019 in Manchester, England. (Photo by Michael Steele/Getty Images)

၂၀၁၉ မတ်လအတွင်းက ဆိုးလ်ရှားရဲ့အသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့ကို အိမ်ကွင်းမှာပဲ ၂-၀ နဲ့ ပီအက်စ်ဂျီရဲ့ အနိုင်ယူခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့်လည်း ဒုတိယအကျော့အဖြစ် ပြင်သစ်မြေမှာ ကစားခဲ့ရာမှာတော့ ၃-၁ နဲ့ ပြန်လည်အနိုင်ရရှိခဲ့မှုက အံ့အားသင့်ဖွယ်ရာကောင်းမွန်ခဲ့ပြီး အဆိုပါနိုင်ပွဲဟာ ဆိုးလ်ရှားကို ယူနိုက်တက်ရဲ့ အမြဲတမ်းနည်းပြဖြစ်လာစေခဲ့တဲ့ ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ထိပ်ဆုံးလေးသင်းနေရာအတွင်း ဝင်နိုင်ခွင့်ရှိဖို့ ကစားရမယ့်ပွဲစဉ်မတိုင်ခင်မှာ တူချယ်လ်က “အဲဒီပွဲအပြီး နှစ်ရက်လောက် ကျွန်တော်အမှောင်ကမ္ဘာထဲရောက်နေခဲ့တယ်ဆိုတာကို ရိုးရိုးသားသားဝန်ခံချင်ပါတယ်၊ ဘယ်သူ့ကိုမှ ကျွန်တော်စကားမပြောနိုင်ခဲ့တော့သလို ဘာကိုမှလည်း မတွေးတော့နိုင်ဘဲ အဲဒီရှုံးပွဲအကြောင်းပဲ စဉ်းစားနေခဲ့ပါတယ်၊ အဲဒီအရှုံးက ကျွန်တော့်ဘဝမှာ အဆိုးရွားဆုံးရှုံးပွဲဖြစ်နိုင်ပါတယ်”

“ဒီရှုံးပွဲအတွက် ဘယ်လိုခံစားခဲ့ရလဲဆိုတာ ကျွန်တော်ပြောပြခဲ့ပြီးပါပြီ၊ ဒီရှုံးပွဲက မေ့ပျောက်ပစ်နိုင်ဖို့ တော်တော်ခက်ပါတယ်၊ ကျွန်တော်က အကောင်းဆုံးအရှုံးသမားဆိုရင်တော့ ဟုတ်မှာပေါ့” လို့ ပြောခဲ့ပါတယ်။ ချယ်လ်ဆီးကတော့ တူချယ်လ်လက်ထက်မှာ ရှုံးပွဲမရှိစံချိန်နဲ့ ရှေ့ဆက်နေပြီး လက်ရှိမှာ အဆင့် ၂ နေရာက ယူနိုက်တက်နဲ့ ၆ မှတ်ကွာဟနေကာ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ဆိုရင် လာမယ့်ပွဲကို အနိုင်ကစားဖို့လိုအပ်နေပြီဖြစ်ပါတယ်။

Zawgyi

ယူနိုက္တက္နည္းျပဆိုးလ္ရွားဟာ သူ႔ဘဝမွာ အဆိုးရြားဆုံးရႈံးပြဲရေအာင္ လုပ္ခဲ့သူလို႔ ခ်ယ္လ္ဆီးနည္းျပတူခ်ယ္လ္က ေျပာဆိုလိုက္ပါတယ္။ လာမယ့္တနဂၤေႏြေန႔မွာ ကစားရမယ့္ ပြဲမတိုင္ခင္ တူခ်ယ္လ္က ေျပာဆိုခဲ့တာျဖစ္ၿပီး ခ်န္ပီယံလိဂ္မွာ ယူနို္က္တက္ရဲ့ အံ့ဖြယ္သရဲအနိုင္ရရွိခဲ့တဲ့ပြဲကို အမွတ္တရျပန္လည္ေျပာဆိုခဲ့တာျဖစ္ၿပီး ဒီအရႈံးဟာ သူ႔အတြက္ အနာက်င္ရဆုံးျဖစ္ခဲ့တယ္လို႔ ဝန္ခံခဲ့ပါတယ္။

၂၀၁၉ မတ္လအတြင္းက ဆိုးလ္ရွားရဲ့အသင္းဟာ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ကို အိမ္ကြင္းမွာပဲ ၂-၀ နဲ႔ ပီအက္စ္ဂ်ီရဲ့ အနိုင္ယူျခင္းခံခဲ့ရပါတယ္။ ဒါေပမယ့္လည္း ဒုတိယအေက်ာ့အျဖစ္ ျပင္သစ္ေျမမွာ ကစားခဲ့ရာမွာေတာ့ ၃-၁ နဲ႔ ျပန္လည္အနိုင္ရရွိခဲ့မႈက အံ့အားသင့္ဖြယ္ရာေကာင္းမြန္ခဲ့ၿပီး အဆိုပါနိုင္ပြဲဟာ ဆိုးလ္ရွားကို ယူနိုက္တက္ရဲ့ အျမဲတမ္းနည္းျပျဖစ္လာေစခဲ့တဲ့ ပြဲလည္း ျဖစ္ခဲ့ပါတယ္။

ထိပ္ဆုံးေလးသင္းေနရာအတြင္း ဝင္နိုင္ခြင့္ရွိဖို႔ ကစားရမယ့္ပြဲစဥ္မတိုင္ခင္မွာ တူခ်ယ္လ္က “အဲဒီပြဲအၿပီး ႏွစ္ရက္ေလာက္ ကၽြန္ေတာ္အေမွာင္ကမၻာထဲေရာက္ေနခဲ့တယ္ဆိုတာကို ရိုးရိုးသားသားဝန္ခံခ်င္ပါတယ္၊ ဘယ္သူ႔ကိုမွ ကၽြန္ေတာ္စကားမေျပာနိုင္ခဲ့ေတာ့သလို ဘာကိုမွလည္း မေတြးေတာ့နိုင္ဘဲ အဲဒီရႈံးပြဲအေၾကာင္းပဲ စဥ္းစားေနခဲ့ပါတယ္၊ အဲဒီအရႈံးက ကၽြန္ေတာ့္ဘဝမွာ အဆိုးရြားဆုံးရႈံးပြဲျဖစ္နိုင္ပါတယ္”

“ဒီရႈံးပြဲအတြက္ ဘယ္လိုခံစားခဲ့ရလဲဆိုတာ ကၽြန္ေတာ္ေျပာျပခဲ့ၿပီးပါၿပီ၊ ဒီရႈံးပြဲက ေမ့ေပ်ာက္ပစ္နိုင္ဖို႔ ေတာ္ေတာ္ခက္ပါတယ္၊ ကၽြန္ေတာ္က အေကာင္းဆုံးအရႈံးသမားဆိုရင္ေတာ့ ဟုတ္မွာေပါ့” လို႔ ေျပာခဲ့ပါတယ္။ ခ်ယ္လ္ဆီးကေတာ့ တူခ်ယ္လ္လက္ထက္မွာ ရႈံးပြဲမရွိစံခ်ိန္နဲ႔ ေရွ႕ဆက္ေနၿပီး လက္ရွိမွာ အဆင့္ ၂ ေနရာက ယူနိုက္တက္နဲ႔ ၆ မွတ္ကြာဟေနကာ ခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔ဆိုရင္ လာမယ့္ပြဲကို အနိုင္ကစားဖို႔လိုအပ္ေနၿပီျဖစ္ပါတယ္။