ယူရိုပါလိဂ်မှာ ပြန်ဆုံတွေ့တော့မယ့် ယူနိုက်တက် နဲ့ ဇလာတန်

ယူရိုပါလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုတွေကို မနေ့က ပြုလုပ်ခဲ့ရာမှာတော့ အကောင်းဆုံးပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက် နဲ့ အေစီမီလန်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ ဒါဟာ ၁၆ သင်းအဆင့်မှာ စိတ်ဝင်စားစရာအကောင်းဆုံးပွဲနဲ့ အကြိတ်အနယ်အရှိဆုံးဖြစ်လာမယ့် ပွဲစဉ်ဖြစ်လာလိမ့်မယ်လို့လည်း ကျွမ်းကျင်သူတွေက သုံးသပ်နေကြပြီး ပရိသတ်တွေကလည်း စိတ်ဝင်စားနေပြီဖြစ်ပါတယ်။

အထူးသဖြင့် ယူနိုက်တက်တိုက်စစ်မှူးဟောင်းဇလာတန်ဟာ အေစီမီလန်ကို ကိုယ်စားပြုပြီး ယူနိုက်တက်နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ မော်ရင်ဟိုလက်ထက်မှာ ယူနိုက်တက်အတွက် ၂ရာသီကြာကစးပေးခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ ဇလာတန်ဟာ အိုးထရက်ဖို့ဒ်ကို နောက်တစ်ကြိ်မ် ပြန်လည်ခြေချခွင့်ရရှိတော့မှာဖြစ်ပြီး ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကို စောင့်ကြည့်ရတော့မှာပါ။

နောက်ထပ်ထူးခြားချက်ကတော့ ယူနိုက်တက်ကနေ အေစီမီလန်မှာ အငှားနဲ့သွားကစားနေတဲ့ နောက်ခံလူဒါလော့ဖြစ်ပါတယ်။ အေစီအတွက် ဒါလော့က ခြေစွမ်းပြနေပြီး သူ နေရာမရရှိခဲ့တဲ့ မိခင်အသင်းနဲ့ ပြန်ရင်ဆိုင်ရမှာဖြစ်ကာ ဒီပွဲစဉ်ကို ဒါလော့ပါဝင်ကစားခွင့်ရှိတယ်လီု့ ယူနိုက်တက်က အတည်ပြုထားပြီးဖြစ်ပါတယ်။ ဒါကြောင့် သူ့ခြေစွမ်းကို သက်သေပြနိုင်ဖို့အတွက် ဒါလော့က ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုလည်း စောင့်ကြည့်ရမှာပါ။

CARDIFF, WALES – AUGUST 03: Marcus Rashford of Manchester United challenged by Lucas Biglia (l) and Alessio Romagnoli (r) of Milan during the 2019 International Champions Cup match between Manchester United and AC Milan at Principality Stadium on August 03, 2019 in Cardiff, Wales. (Photo by Michael Steele/Getty Images)

အခြားပွဲစဉ်တွေအဖြစ် အာဆင်နယ် နဲ့ အိုလံပီယာကေ့စ်၊ စပါး နဲ့ ဒိုင်နမိုဇာဂရက်၊ ရိန်းဂျား နဲ့ ဆလာဗီးယားပရပ်ဂ်၊ ရိုးမား နဲ့ ရှက်တာ၊ ဗီလာရီးရဲလ် နဲ့ ဒိုင်နမိုကိဗ်၊ အေဂျက်ဇ် နဲ့ ယန်းဘွိုင်း၊ ဂရန်နာဒါ နဲ့ မိုလ်ဒီတို့ တွေ့ဆုံနေကြပါတယ်။ ယူနိုက်တက်ကတော့ ပထမအကျော့ကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပြီး နောက်ဆုံးအကြိမ်တွေ့ဆုံထားခဲ့စဉ်ကတော့ ယူနိုက်တက်က အသာစီးရရှိထားခဲ့ပါတယ်။

Zawgyi

ယူရိုပါလိဂ္ ၁၆ သင္းအဆင့္ မဲခြဲမႈေတြကို မေန႔က ျပဳလုပ္ခဲ့ရာမွာေတာ့ အေကာင္းဆုံးပြဲစဥ္အျဖစ္ မန္ခ်က္စတာယူနိုက္တက္ နဲ႔ ေအစီမီလန္တို႔ ထိပ္တိုက္ေတြ႕ဆုံေနပါတယ္။ ဒါဟာ ၁၆ သင္းအဆင့္မွာ စိတ္ဝင္စားစရာအေကာင္းဆုံးပြဲနဲ႔ အႀကိတ္အနယ္အရွိဆုံးျဖစ္လာမယ့္ ပြဲစဥ္ျဖစ္လာလိမ့္မယ္လို႔လည္း ကၽြမ္းက်င္သူေတြက သုံးသပ္ေနၾကၿပီး ပရိသတ္ေတြကလည္း စိတ္ဝင္စားေနၿပီျဖစ္ပါတယ္။

အထူးသျဖင့္ ယူနိုက္တက္တိုက္စစ္မႉးေဟာင္းဇလာတန္ဟာ ေအစီမီလန္ကို ကိုယ္စားျပဳၿပီး ယူနိုက္တက္နဲ႔ ျပန္လည္ရင္ဆိုင္ရမွာျဖစ္ပါတယ္။ ေမာ္ရင္ဟိုလက္ထက္မွာ ယူနိုက္တက္အတြက္ ၂ရာသီၾကာကစးေပးခဲ့ၿပီး ပရိသတ္ေတြရဲ့ အားေပးမႈကို ရရွိခဲ့တဲ့ ဇလာတန္ဟာ အိုးထရက္ဖို႔ဒ္ကို ေနာက္တစ္ႀကိ္မ္ ျပန္လည္ေျခခ်ခြင့္ရရွိေတာ့မွာျဖစ္ၿပီး ဘယ္လိုရင္ဆိုင္သြားမလဲဆိုတာကို ေစာင့္ၾကည့္ရေတာ့မွာပါ။

ေနာက္ထပ္ထူးျခားခ်က္ကေတာ့ ယူနိုက္တက္ကေန ေအစီမီလန္မွာ အငွားနဲ႔သြားကစားေနတဲ့ ေနာက္ခံလူဒါေလာ့ျဖစ္ပါတယ္။ ေအစီအတြက္ ဒါေလာ့က ေျခစြမ္းျပေနၿပီး သူ ေနရာမရရွိခဲ့တဲ့ မိခင္အသင္းနဲ႔ ျပန္ရင္ဆိုင္ရမွာျဖစ္ကာ ဒီပြဲစဥ္ကို ဒါေလာ့ပါဝင္ကစားခြင့္ရွိတယ္လီု႔ ယူနိုက္တက္က အတည္ျပဳထားၿပီးျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ေျခစြမ္းကို သက္ေသျပနိုင္ဖို႔အတြက္ ဒါေလာ့က ဘယ္လိုႀကိဳးစားသြားမလဲဆိုတာကိုလည္း ေစာင့္ၾကည့္ရမွာပါ။

အျခားပြဲစဥ္ေတြအျဖစ္ အာဆင္နယ္ နဲ႔ အိုလံပီယာေက့စ္၊ စပါး နဲ႔ ဒိုင္နမိုဇာဂရက္၊ ရိန္းဂ်ား နဲ႔ ဆလာဗီးယားပရပ္ဂ္၊ ရိုးမား နဲ႔ ရွက္တာ၊ ဗီလာရီးရဲလ္ နဲ႔ ဒိုင္နမိုကိဗ္၊ ေအဂ်က္ဇ္ နဲ႔ ယန္းဘြိဳင္း၊ ဂရန္နာဒါ နဲ႔ မိုလ္ဒီတို႔ ေတြ႕ဆုံေနၾကပါတယ္။ ယူနိုက္တက္ကေတာ့ ပထမအေက်ာ့ကို အိမ္ကြင္းမွာ လက္ခံကစားရမွာျဖစ္ၿပီး ေနာက္ဆုံးအႀကိမ္ေတြ႕ဆုံထားခဲ့စဥ္ကေတာ့ ယူနိုက္တက္က အသာစီးရရွိထားခဲ့ပါတယ္။