ယူနိုက်တက် အတွက် ပေါ့ဘာ ကစားပေးနိုင်မှာမဟုတ်သေးဘူးဆိုတဲ့ ဆိုးလ်ရှား

ပေါင်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပေါ့ဘာ ဟာ နောက်ထပ်ရက်သတ္တပတ် အနည်းငယ်ကြာ အနားကြာ ပွဲတွေလွဲချော်ဦးမှာ ဖြစ်တယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက အတည်ပြုပြောလိုက်ပါတယ်။

ပေါ့ဘာ ဟာ အဲဗာတန် အသင်းနဲ့ တစ်ဖက်(၃)ဂိုးစီ သရေကျတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာပြသနာရရှိသွားခဲ့တာဖြစ်ပြီး အနားယူနေရတာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ ဒီမနက်ပိုင်းက ဆိုစီဒက် အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်အပါအဝင် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်(၅)ပွဲကို လွဲချော်ထားခဲ့တာဖြစ်ပါတယ်။

ဆိုစီဒက် နဲ့ ပွဲမှာ တောင်ပံကစားသမား ဒန်နီရယ်လ်ဂျိမ်းစ် လည်း ဒဏ်ရာရရှိသွားခဲ့တယ်လို့ နည်းပြက ဆိုထားတာဖြစ်ပါတယ်။ဆိုးလ်ရှား က “ဒန်နီရယ်လ်ဂျိမ်းစ် ရဲ့ဒဏ်ရာအခြေအနေကို ဒီညမှာ စစ်ဆေးသွားမှာပါ”

“မတ်တိုမီနေး၊ ဗန်ဒီဘိခ်နဲ့ ကာဗာနီ တို့ကတော့ ဒီတစ်ပတ်မှာ ပါဝင်ကစားနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။

ပေါ့ဘာ ကတော့ ရက်သတ္တပတ် အနည်းငယ်ကြာ အနားယူရမှာပါ”လို့ BT Sports နဲ့ တွေ့ဆုံရာမှာ ဆိုခဲ့တာဖြစ်ပါတယ်။

ပေါ့ဘာ ဟာ မတ်လ (၁၄)ရက်မှာ ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပွဲစဉ်မှ မန်ချက်စတာယူနိုက်တက် အတွက် ပြန်လည်ပါဝင်ဖွယ်ရှိတယ်လို့လည်း သတင်းမှာဆိုထားပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ချယ်လ်ဆီး အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ေပါင္ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ေပါ့ဘာ ဟာ ေနာက္ထပ္ရက္သတၱပတ္ အနည္းငယ္ၾကာ အနားၾကာ ပြဲေတြလြဲေခ်ာ္ဦးမွာ ျဖစ္တယ္လို႔ မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ဆိုးလ္ရွားက အတည္ျပဳေျပာလိုက္ပါတယ္။

‌ေပါ့ဘာ ဟာ အဲဗာတန္ အသင္းနဲ႔ တစ္ဖက္(၃)ဂိုးစီ သေရက်တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒဏ္ရာျပသနာရရွိသြားခဲ့တာျဖစ္ၿပီး အနားယူေနရတာျဖစ္ပါတယ္။

ေပါ့ဘာ ဟာ ဒီမနက္ပိုင္းက ဆိုစီဒက္ အသင္းနဲ႔ ဂိုးမရွိသေရက်ခဲ့တဲ့ ယူရိုပါလိဂ္ပြဲစဥ္အပါအဝင္ ေနာက္ဆုံးကစားခဲ့တဲ့ ပြဲစဥ္(၅)ပြဲကို လြဲေခ်ာ္ထားခဲ့တာျဖစ္ပါတယ္။

နဲ႔ ပြဲမွာ ေတာင္ပံကစားသမား ဒန္နီရယ္လ္ဂ်ိမ္းစ္ လည္း ဒဏ္ရာရရွိသြားခဲ့တယ္လို႔ နည္းျပက ဆိုထားတာျဖစ္ပါတယ္။ဆိုးလ္ရွား က “ဒန္နီရယ္လ္ဂ်ိမ္းစ္ ရဲ့ဒဏ္ရာအေျခအေနကို ဒီညမွာ စစ္ေဆးသြားမွာပါ”

“မတ္တိုမီေနး၊ ဗန္ဒီဘိခ္နဲ႔ ကာဗာနီ တို႔ကေတာ့ ဒီတစ္ပတ္မွာ ပါဝင္ကစားနိုင္ဖို႔ ကၽြန္ေတာ္တို႔ ေမၽွာ္လင့္ပါတယ္။

‌ေပါ့ဘာ ကေတာ့ ရက္သတၱပတ္ အနည္းငယ္ၾကာ အနားယူရမွာပါ”လို႔ BT Sports နဲ႔ ေတြ႕ဆုံရာမွာ ဆိုခဲ့တာျဖစ္ပါတယ္။

‌ေပါ့ဘာ ဟာ မတ္လ (၁၄)ရက္မွာ ကစားမယ့္ ဝက္စ္ဟမ္းနဲ႔ ပြဲစဥ္မွ မန္ခ်က္စတာယူနိုက္တက္ အတြက္ ျပန္လည္ပါဝင္ဖြယ္ရွိတယ္လို႔လည္း သတင္းမွာဆိုထားပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီတစ္ပတ္မွာေတာ့ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ခ်ယ္လ္ဆီး အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။