ဟာလန်း ကို လိုချင်ရင် ခေါ်လို့ ချယ်လ်ဆီး ကို ပြောလိုက်တဲ့ အေဘရာမိုဗစ်ခ်ျ

ချယ်လ်ဆီး အသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ ကတော့ အသင်းကြီး အများအပြားရဲ့စိတ်ဝင် စားမှုကို ခံနေရတဲ့ ဒေါ့မွန် အသင်းတိုက်စစ်မှုး ဟာလန်း ကို ခေါ်ယူဖို့ မီးစိမ်းပြလိုက်ပြီလို့ ဂျာမန်သတင်းဖြစ်တဲ့ Bild က ဖော်ပြခဲ့ပါတယ်။

ချယ်လ်ဆီး အသင်းနည်းပြသစ် တူချယ်လ် ကလည်း ဟာလန်း ကို ခေါ်ယူချင်နေတာကြောင့် အသင်းပိုင်ရှင်က ငွေကြေးအသုံးပြုဖို့ ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဟာလန်း ရဲ့အေးဂျင့်ဖြစ်တဲ့ ရွိုင်အိုလာ က သူ့ရဲ့ကစားသမားကို ခေါ်ယူနိုင်ဖို့ ကလပ်အသင်း (၁၀)သင်းကပဲ တက်နိုင်ပြီး ဒီထဲမှာ အင်္ဂလန်က (၄)သင်းပါဝင်တယ်လို့ မကြာသေးခင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

နော်ဝေးတိုက်စစ်မှုး ကို ခေါ်ယူဖို့ ချယ်လ်ဆီး အသင်းအပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် နဲ့ မန်စီးတီး အသင်းတို့ကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အဲဒါကြောင့် ချယ်လ်ဆီး အသင်းဟာ ဟာလန်း ကို အခြားအသင်းတွေထက် လက်ဦးမှုရယူနိုင်အောင် ကြိုးစားနေတာဖြစ်ပြီး အသင်းပိုင်ရှင်ရဲ့ခွင့်ပြုချက်ကို ရရှိပြီလည်းဖြစ်ပါတယ်။

ဒေါ့မွန် အသင်းကလည်း အသင်းရဲ့ဂိုးသွင်းစက် ဟာလန်း ကို ဆက်ထိန်းချင်နေပေမယ့် သူ့ရဲ့စာချုပ်ဖျက်သိမ်းကြေး အသက်မဝင်ခင်ဖြစ်တဲ့ ဒီနွေရာသီမှာ ရောင်းချဖို့ စဉ်းစားနေတာပါ။

စာချုပ်ဖျက်သိမ်းကြေးအရဆိုရင် ဒေါ့မွန် အသင်းဟာ ပေါင်သန်း(၇၀)နဲ့ ဟာလန်းကို လက်လွှတ်ရမှာဖြစ်ပါတယ်။

ဒေါ့မွန် အသင်းကတော့ အခုနွေရာသီမှာ ဟာလန်း ကို ခေါ်ယူချင်တဲ့ အသင်းတွေကို ပေါင်သန်း (၁၅၀)နဲ့ အထက်ရရင် ရောင်းချချင်နေတယ်လို့ Star သတင်းက မကြာသေးခင်က ဖော်ပြထားပါတယ်။

ဟာလန်း ဟာ ဒေါ့မွန် အသင်းအတွက် ပြိုင်ပွဲစုံ(၄၃)ပွဲကစားပြီး (၄၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ခ်ယ္လ္ဆီး အသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ္် ကေတာ့ အသင္းႀကီး အမ်ားအျပားရဲ့စိတ္ဝင္စားမႈကို ခံေနရတဲ့ ေဒါ့မြန္ အသင္းတိုက္စစ္မႈး ဟာလန္း ကို ေခၚယူဖို႔ မီးစိမ္းျပလိုက္ၿပီလို႔ ဂ်ာမန္သတင္းျဖစ္တဲ့ Bild က ေဖာ္ျပခဲ့ပါတယ္။

ခ်ယ္လ္ဆီး အသင္းနည္းျပသစ္ တူခ်ယ္လ္ ကလည္း ဟာလန္း ကို ေခၚယူခ်င္ေနတာေၾကာင့္ အသင္းပိုင္ရွင္က ေငြေၾကးအသုံးျပဳဖို႔ ခြင့္ျပဳလိုက္တာျဖစ္ပါတယ္။

ဟာလန္း ရဲ့ေအးဂ်င့္ျဖစ္တဲ့ ရြိဳင္အိုလာ က သူ႔ရဲ့ကစားသမားကို ေခၚယူနိုင္ဖို႔ ကလပ္အသင္း (၁၀)သင္းကပဲ တက္နိုင္ၿပီး ဒီထဲမွာ အဂၤလန္က (၄)သင္းပါဝင္တယ္လို႔ မၾကာေသးခင္က ေျပာဆိုခဲ့တာျဖစ္ပါတယ္။

‌ေနာ္ေဝးတိုက္စစ္မႈး ကို ေခၚယူဖို႔ ခ်ယ္လ္ဆီး အသင္းအပါအဝင္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္ နဲ႔ မန္စီးတီး အသင္းတို႔ကလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ခ်ယ္လ္ဆီး အသင္းဟာ ဟာလန္း ကို အျခားအသင္းေတြထက္ လက္ဦးမႈရယူနိုင္ေအာင္ ႀကိဳးစားေနတာျဖစ္ၿပီး အသင္းပိုင္ရွင္ရဲ့ခြင့္ျပဳခ်က္ကို ရရွိၿပီလည္းျဖစ္ပါတယ္။

‌ေဒါ့မြန္ အသင္းကလည္း အသင္းရဲ့ဂိုးသြင္းစက္ ဟာလန္း ကို ဆက္ထိန္းခ်င္ေနေပမယ့္ သူ႔ရဲ့စာခ်ဳပ္ဖ်က္သိမ္းေၾကး အသက္မဝင္ခင္ျဖစ္တဲ့ ဒီေႏြရာသီမွာ ေရာင္းခ်ဖို႔ စဥ္းစားေနတာပါ။

စာခ်ဳပ္ဖ်က္သိမ္းေၾကးအရဆိုရင္ ေဒါ့မြန္ အသင္းဟာ ေပါင္သန္း(၇၀)နဲ႔ ဟာလန္းကို လက္လႊတ္ရမွာျဖစ္ပါတယ္။

ေဒါ့မြန္ အသင္းကေတာ့ အခုေႏြရာသီမွာ ဟာလန္း ကို ေခၚယူခ်င္တဲ့ အသင္းေတြကို ေပါင္သန္း (၁၅၀)နဲ႔ အထက္ရရင္ ေရာင္းခ်ခ်င္ေနတယ္လို႔ Star သတင္းက မၾကာေသးခင္က ေဖာ္ျပထားပါတယ္။

ဟာလန္း ဟာ ေဒါ့မြန္ အသင္းအတြက္ ၿပိဳင္ပြဲစုံ(၄၃)ပြဲကစားၿပီး (၄၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။