ဘာကာ ကနေ မက်ဆီ ထွက်ခွာမှာ ကို အလွန်နာကျင်ရတယ် ဆိုတဲ့ အသင်းဖော်ဟောင်း

မက်ဆီ ဘာစီလိုနာ အသင်းကနေ ထွက်ခွာမှာကို အလွန်နာကျင်ရပါတယ်လို့ အသင်းဖော်ဟောင်း မားကွက်ဇ် က ပြောလိုက်ပါတယ်။

မက်ဆီ ဟာ ကာလကြာရှည်ကစားခဲ့တဲ့ ဘာစီလိုနာ အသင်းနဲ့ အဆုံးသတ်ဖို့က နီးစပ်လာခဲ့တာဖြစ်ပြီး မားကွက်ဇ် ကတော့ သူ့ရဲ့အသင်းဖော်ဟောင်း နဲ့ အသင်းတို့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေဆဲဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။

ဘောလွန်းဒီအောဆု (၆)ကြိမ်ရထားတဲ့ မက်ဆီ နဲ့ ဘာစီလိုနာ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ဒီရာသီအကုန်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းကနေ အလွတ်နဲ့ ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။

မက်ဆီ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ နဲ့ မန်စီးတီး အသင်းတို့က ချိတ်ဆက်မှုတွေပြုလုပ်နေကြတာဖြစ်ပြီး ဘာစီလိုနာ အသင်းကတော့ အခုအချိန်ထိ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုမရသေးတာဖြစ်ပါတယ်။

မက်ဆီ ကတော့ ရာသီ ကုန်မှသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။

မားကွက်ဇ် က “သူဟာ နှစ်တိုင်း သူ့ကိုယ်သူ အကောင်းဆုံးကို ပေးဆပ်ခဲ့ပြီး၊ သူ ဘာစီလိုနာ အသင်းကနေ ထွက်ခွာမှာဟာ အလွန်နာကျင်ရပါတယ်။

သူ ထွက်ခွာမလား ဒီမှာဆက်ရှိမလားဆိုတာ မသေချာသေးပါဘူး။သူ ဒီမှာပဲ ဆက်နေပြီး ကစားသမားဘဝအဆုံးသတ်မယ်ဆိုရင် အလွန်ကောင်းမွန်ပါတယ်။

သူဟာ အားကစားသမိုင်းရဲ့အကောင်းဆုံးဘောလုံးသမားတွေထဲက တစ်ဦးပါ”လို့ ဆိုခဲ့ပါတယ်။

အခုနှစ်ရာသီမစခင်က ဘာစီလိုနာ အသင်းကနေ ထွက်ခွာခွင့်တောင်းခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် ဆက်ရှိခဲ့တဲ့ မက်ဆီ ဟာ ဒီရာသီမှာ ပွဲပေါင်း (၃၁)ပွဲကစားထားပြီး (၂၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

မက္ဆီ ဘာစီလိုနာ အသင္းကေန ထြက္ခြာမွာကို အလြန္နာက်င္ရပါတယ္လို႔ အသင္းေဖာ္ေဟာင္း မားကြက္ဇ္ က ေျပာလိုက္ပါတယ္။

မက္ဆီ ဟာ ကာလၾကာရွည္ကစားခဲ့တဲ့ ဘာစီလိုနာ အသင္းနဲ႔ အဆုံးသတ္ဖို႔က နီးစပ္လာခဲ့တာျဖစ္ၿပီး မားကြက္ဇ္ ကေတာ့ သူ႔ရဲ့အသင္းေဖာ္ေဟာင္း နဲ႔ အသင္းတို႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုနိုင္ဖို႔ ေမၽွာ္လင့္ေနဆဲျဖစ္တယ္လို႔လည္း ဆိုခဲ့ပါတယ္။

ေဘာလြန္းဒီေအာဆု (၆)ႀကိမ္ရထားတဲ့ မက္ဆီ နဲ႔ ဘာစီလိုနာ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ ဒီရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အသင္းကေန အလြတ္နဲ႔ ထြက္ခြာခြင့္ရမွာျဖစ္ပါတယ္။

မက္ဆီ ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ နဲ႔ မန္စီးတီး အသင္းတို႔က ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနၾကတာျဖစ္ၿပီး ဘာစီလိုနာ အသင္းကေတာ့ အခုအခ်ိန္ထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈမရေသးတာျဖစ္ပါတယ္။

မက္ဆီ ကေတာ့ ရာသီ ကုန္မွသာ သူ႔ရဲ့အနာဂတ္ကို ဆုံးျဖတ္မွာျဖစ္တယ္လို႔ ဆိုထားတာျဖစ္ပါတယ္။

မားကြက္ဇ္ က “သူဟာ ႏွစ္တိုင္း သူ႔ကိုယ္သူ အေကာင္းဆုံးကို ေပးဆပ္ခဲ့ၿပီး၊ သူ ဘာစီလိုနာ အသင္းကေန ထြက္ခြာမွာဟာ အလြန္နာက်င္ရပါတယ္။

သူ ထြက္ခြာမလား ဒီမွာဆက္ရွိမလားဆိုတာ မေသခ်ာေသးပါဘူး။သူ ဒီမွာပဲ ဆက္ေနၿပီး ကစားသမားဘဝအဆုံးသတ္မယ္ဆိုရင္ အလြန္ေကာင္းမြန္ပါတယ္။

သူဟာ အားကစားသမိုင္းရဲ့အေကာင္းဆုံးေဘာလုံးသမားေတြထဲက တစ္ဦးပါ”လို႔ ဆိုခဲ့ပါတယ္။

အခုႏွစ္ရာသီမစခင္က ဘာစီလိုနာ အသင္းကေန ထြက္ခြာခြင့္ေတာင္းခဲ့ေပမယ့္ အဆင္မေျပခဲ့တာေၾကာင့္ ဆက္ရွိခဲ့တဲ့ မက္ဆီ ဟာ ဒီရာသီမွာ ပြဲေပါင္း (၃၁)ပြဲကစားထားၿပီး (၂၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။