ယူရိုပါလိဂ် က ထွက်ရလို့ ဂရန်နာဒါ ရဲ့နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ ဂတ်တူဆို

နာပိုလီ အသင်းနည်းပြ ဂတ်တူဆို က ယူရိုပါလိဂ်က ထွက်ခွာရအပြီးမှာ ဂရန်နာဒါ အသင်းရဲ့နည်းစနစ်ကို ဝေဖန်လိုက်ပြီး အီတလီကလပ်တွေသာ ဂရန်နာဒါလို ကစားမယ်ဆိုရင် သူတို့ဟာ စာရွက်စာတမ်း‌ တွေအားလုံးမှာ အသတ်ခံရနိုင်တယ်လို့ ဆိုသွားပါတယ်။

နာပိုလီ အသင်းဟာ ဒီမနက်ပိုင်းက ယူရိုပါလိဂ် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဂရန်နာဒါ အသင်းနဲ့ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒါပေမယ့် နာပိုလီ အသင်းဟာ ပထမအကျော့တုန်းက (၂)ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် (၃)ဂိုး-(၂)ဂိုးနဲ့ ဂရန်နာဒါ အသင်းကို အရေးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ဂတ်တူဆို က စပိန်ကလပ်ရဲ့အပျက်သဘောဆောင်တဲ့ ပွဲကိုချဉ်းကပ်တဲ့ ပုံစံနဲ့ အချိန်ဖြုန်းတာကို စိတ်ပျက်မိတယ်လို့ ပွဲအပြီးမှာ ဆိုခဲ့တာဖြစ်ပါတယ်။

ဂတ်တူဆို က “အလွန်စိတ်ပျက်ဖို့ ကောင်းတဲ့ ဂိုးကို ပေးခဲ့ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ စွမ်းဆောင်ပြခဲ့တာကိုတော့ ဂုဏ်ယူပါတယ်။ကျွန်တော်တို့ကို ကိုယ်စားပြုတဲ့သူတွေဟာ သူတို့ကိုယ်သူတို့ လေးစားဆက်ဆံဖို့လိုပါတယ်။

တကယ်လို့ အီတလီအသင်းသာ ဂရန်နာဒါလို ကစားမယ်ဆိုရင် စာရွက်တွေအားလုံးမှာ သတ်ခံရပါလိမ့်မယ်။လေးစားမှုရှိဖို့ လိုအပ်ပါတယ်”

“ဒီ‌နေ့မှာ သူတို့ဟာ အချိန်တွေအရမ်းဖြုန်းတီးခဲ့ကြပါတယ်။ရှုံးနိမ့်ခဲ့တဲ့ အတွက် ကျွန်တော်ဒေါသမထွက်ပါဘူး။ဒါပေမယ့် အနည်းငယ်ပဲ ကစားရလို့ ဒေါသထွက်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဂတ်တူဆို ဟာ ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရဖို့ နီးစပ်လာခဲ့ပြီး နာပိုလီ အသင်းဟာ နည်းပြသစ်အဖြစ် နည်းပြဟောင်းတွေဖြစ်တဲ့ ဆာရီ၊ ဘင်နီတက်စ် တို့ကို ခန့်အပ်ဖွယ်ရှိတယ်လို့ သတင်းတွေထွက်နေတာဖြစ်ပါတယ်။

Zawgyi

နာပိုလီ အသင္းနည္းၿပ ဂတ္တူဆို က ယူရိုပါလိဂ္က ထြက္ခြာရအၿပီးမွာ ဂရန္နာဒါ အသင္းရဲ့နည္းစနစ္ကို ေဝဖန္လိုက္ၿပီး အီတလီကလပ္ေတြသာ ဂရန္နာဒါလို ကစားမယ္ဆိုရင္ သူတို႔ဟာ စာရြက္စာတမ္း‌ ေတြအားလုံးမွာ အသတ္ခံရနိုင္တယ္လို႔ ဆိုသြားပါတယ္။

နာပိုလီ အသင္းဟာ ဒီမနက္ပိုင္းက ယူရိုပါလိဂ္ (၃၂)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဂရန္နာဒါ အသင္းနဲ႔ ကစားခဲ့ရာ (၂)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့ပါတယ္။

ဒါေပမယ့္ နာပိုလီ အသင္းဟာ ပထမအေက်ာ့တုန္းက (၂)ဂိုး-ဂိုးမရွိနဲ႔ အေရးနိမ့္ခဲ့တာေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ (၃)ဂိုး-(၂)ဂိုးနဲ႔ ဂရန္နာဒါ အသင္းကို အေရးနိမ့္ကာ ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရပါတယ္။

ဂတ္တူဆို က စပိန္ကလပ္ရဲ့အပ်က္သေဘာေဆာင္တဲ့ ပြဲကိုခ်ဥ္းကပ္တဲ့ ပုံစံနဲ႔ အခ်ိန္ျဖဳန္းတာကို စိတ္ပ်က္မိတယ္လို႔ ပြဲအၿပီးမွာ ဆိုခဲ့တာျဖစ္ပါတယ္။

ဂတ္တူဆို က “အလြန္စိတ္ပ်က္ဖို႔ ေကာင္းတဲ့ ဂိုးကို ေပးခဲ့ရပါတယ္။ဒါေပမယ့္ ကၽြန္ေတာ္တို႔ စြမ္းေဆာင္ျပခဲ့တာကိုေတာ့ ဂုဏ္ယူပါတယ္။ကၽြန္ေတာ္တို႔ကို ကိုယ္စားျပဳတဲ့သူေတြဟာ သူတို႔ကိုယ္သူတို႔ ေလးစားဆက္ဆံဖို႔လိုပါတယ္။

တကယ္လို႔ အီတလီအသင္းသာ ဂရန္နာဒါလို ကစားမယ္ဆိုရင္ စာရြက္ေတြအားလုံးမွာ သတ္ခံရပါလိမ့္မယ္။ေလးစားမႈရွိဖို႔ လိုအပ္ပါတယ္”

“ဒီ‌ေန႔မွာ သူတို႔ဟာ အခ်ိန္ေတြအရမ္းျဖဳန္းတီးခဲ့ၾကပါတယ္။ရႈံးနိမ့္ခဲ့တဲ့ အတြက္ ကၽြန္ေတာ္ေဒါသမထြက္ပါဘူး။ဒါေပမယ့္ အနည္းငယ္ပဲ ကစားရလို႔ ေဒါသထြက္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ဂတ္တူဆို ဟာ ရလဒ္ဆိုးေတြေၾကာင့္ ထုတ္ပယ္ခံရဖို႔ နီးစပ္လာခဲ့ၿပီး နာပိုလီ အသင္းဟာ နည္းျပသစ္အျဖစ္ နည္းျပေဟာင္းေတြျဖစ္တဲ့ ဆာရီ၊ ဘင္နီတက္စ္ တို႔ကို ခန႔္အပ္ဖြယ္ရွိတယ္လို႔ သတင္းေတြထြက္ေနတာျဖစ္ပါတယ္။