ကစားသမားဘဝမှာ ဂိုးမသွင်းနိုင်တဲ့ အသင်း ၈ သင်းထိရှိနေတဲ့ မက်ဆီ

ဘာစီလိုနာ အသင်းခေါင်းဆောင် မက်‌ဆီ ဟာ ကာဒစ်ဇ် အသင်းနဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် ကစားသမားဘဝအတွင်းမှာ ဂိုးမသွင်းနိုင်တဲ့ အသင်း (၈)သင်း ရှိနေတယ်လို့ SportBible က ဖော်ပြခဲ့ပါတယ်။

ဘောလွန်းဒီအော (၆)ကြိမ်ရကစားသမားဟာ ပရော်ဖက်ရှင်နယ် ကစား သမားဘဝ (၁၇)နှစ်နီးပါး အတွင်းမှာ (၇၆၂)ပွဲပါဝင်ကစားကာ (၆၅၅)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဂိုးမသွင်းနိုင်တဲ့ အသင်း(၈)သင်းထဲမှာ အင်တာမီလန် အသင်းဟာ အကြီးမားဆုံး အသင်းအဖြစ် ရှိနေခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ အင်တာမီလန် အသင်းနဲ့ (၄)ကြိမ်‌ တွေ့ဆုံခဲ့ရာမှာ (၄)ကြိမ်လုံး ဂိုးမသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီထဲမှာ မော်ရင်ဟို ကိုင်တွယ်ခဲ့တဲ့ (၂၀၀၉-၁၀) ရာသီက ဆုဖလား(၃)လုံးရခဲ့တဲ့ အင်တာမီလန် အသင်းလည်း ပါဝင်နေတာဖြစ်ပါတယ်။

မက်ဆီ နောက်ထပ်ဂိုးမသွင်းယူနိုင်ခဲ့တဲ့ အသင်းတွေကတော့ ရူဘင်ကာဇန်၊ ဘင်ဖီကာ၊ အူဒီးနီးစ်၊ အယ်လ်ဆတ်ဒ်၊ ဇီရတ်ဇ် ၊မာစီယာနဲ့ ဂရာမီနတ် အသင်းတို့ ဖြစ်တယ်လို့ သတင်းမှာ ဆိုပါတယ်။

မက်ဆီ ဟာ ဒီ(၈)သင်းကို ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် အသင်းကြီး (၆)သင်းနဲ့ (၃၄)ပွဲကစားအပြီးမှာ စံချိန်တင် (၂၆)ဂိုးအထိ သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒီရာသီအကုန်မှာ ဘာစီလိုနာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မက်ဆီ ဟာ အခုရာသီမှာ စပိန်ကလပ်အတွက် ပြိုင်ပွဲစုံ (၃၀)ပွဲပါဝင်ကစားထားပြီး (၂၁)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းေခါင္းေဆာင္ မက္‌ဆီ ဟာ ကာဒစ္ဇ္ အသင္းနဲ႔ ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ကစားသမားဘဝအတြင္းမွာ ဂိုးမသြင္းနိုင္တဲ့ အသင္း (၈)သင္း ရွိေနတယ္လို႔ SportBible က ေဖာ္ျပခဲ့ပါတယ္။

‌ေဘာလြန္းဒီေအာ (၆)ႀကိမ္ရကစားသမားဟာ ပေရာ္ဖက္ရွင္နယ္ ကစား သမားဘဝ (၁၇)ႏွစ္နီးပါး အတြင္းမွာ (၇၆၂)ပြဲပါဝင္ကစားကာ (၆၅၅)ဂိုးသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဂိုးမသြင္းနိုင္တဲ့ အသင္း(၈)သင္းထဲမွာ အင္တာမီလန္ အသင္းဟာ အႀကီးမားဆုံး အသင္းအျဖစ္ ရွိေနခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဟာ အင္တာမီလန္ အသင္းနဲ႔ (၄)ႀကိမ္‌ေတြ႕ဆုံခဲ့ရာမွာ (၄)ႀကိမ္လုံး ဂိုးမသြင္းယူနိုင္ခဲ့တာျဖစ္ပါတယ္။

ဒီထဲမွာ ေမာ္ရင္ဟို ကိုင္တြယ္ခဲ့တဲ့ (၂၀၀၉-၁၀) ရာသီက ဆုဖလား(၃)လုံးရခဲ့တဲ့ အင္တာမီလန္ အသင္းလည္း ပါဝင္ေနတာျဖစ္ပါတယ္။

မက္ဆီ ေနာက္ထပ္ဂိုးမသြင္းယူနိုင္ခဲ့တဲ့ အသင္းေတြကေတာ့ ႐ူဘင္ကာဇန္၊ ဘင္ဖီကာ၊ အူဒီးနီးစ္၊ အယ္လ္ဆတ္ဒ္၊ ဇီရတ္ဇ္ ၊မာစီယာနဲ႔ ဂရာမီနတ္ အသင္းတို႔ ျဖစ္တယ္လို႔ သတင္းမွာ ဆိုပါတယ္။

မက္ဆီ ဟာ ဒီ(၈)သင္းကို ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ အသင္းႀကီး (၆)သင္းနဲ႔ (၃၄)ပြဲကစားအၿပီးမွာ စံခ်ိန္တင္ (၂၆)ဂိုးအထိ သြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဒီရာသီအကုန္မွာ ဘာစီလိုနာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ မက္ဆီ ဟာ အခုရာသီမွာ စပိန္ကလပ္အတြက္ ၿပိဳင္ပြဲစုံ (၃၀)ပြဲပါဝင္ကစားထားၿပီး (၂၁)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *