မြန်မာပြည်သူတွေအတွက် သတင်းစကားပါးလိုက်တဲ့ ဂါရတ်ဘေးလ်

စပါးအသင်းရဲ့ တောင်ပံကစားသမားတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ဟာ မြန်မာပြည်တွင်းအခြေအနေတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေအတွက် အားပေးစကားပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံက စပါးပရိသတ်တစ်ဦးဖြစ်သူဆီကို တော့တင်ဟမ်အသင်းက အဆိုပါမက်ဆေ့ဂျ်ဗီဒီယိုကို တိုက်ရိုက််ပေးပို့ခဲ့တာလို့လည်း သိရပါတယ်။

စက္ကန့်အနည်းငယ်ရှိတဲ့ ဗီဒီယိုဖိုင်တစ်ခုကို ပေးပို့ခဲ့တာဖြစ်ပြီး ဂါရတ်ဘေးလ်က “မြန်မာပြည်မှာရှိတဲ့ ကျွန်တော့်ရဲ့ ပရိသတ်အားလုံးဆီကို သတင်းစကားပေးပို့ချင်ပါတယ်၊ အခုလိုမျိုး ခက်ခဲတဲ့အချိန်ကာလအတွင်းမှာ အားလုံးပဲ စိတ်ချလုံခြုံစွာနဲ့ ဘေးကင်းအောင်နေထိုင်ကြပါ၊ ခင်ဗျားတို့ရဲ့ မယုံကြည်နိုင်ဖွယ်ရာအားပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်” လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီသတင်းစကားဟာ မြန်မာနိုင်ငံမှာ စစ်အစိုးရက အာဏာသိမ်းယူမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းမှာ နာမည်ကျော်ဘောလုံးသမားတစ်ဦးဆီက ပထမဆုံးအကြိမ် ကြားသိရတဲ့ သတင်းစကားလည်းဖြစ်ပါတယ်။ Thiha Maung Maung လို့ နာမည်ပေးထားတဲ့ Facebook အကောင့်ပိုင်ရှင်က သူ့ရဲ့စာမျက်နှာမှာ ပြန်လည်ဖော်ပြခဲ့တာဖြစ်ပြီး စပါးအသင်းဆီကနေ တိုက်ရိုက်ပေးပို့ခဲ့တာလို့လည်း ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့နေ့ရက်တွေအတွင်းမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ မြန်မာနိုင်ငံအတွင်းက ဘောလုံးပရိသတ်တွေကလည်း အားပေးရာအသင်းဂျာစီတွေ ဝတ်ဆင်ပြီး စုပေါင်းဆန္ဒထုတ်ဖော်မှုတွေကို ပြုလုပ်ခဲ့ကြပါသေးတယ်။ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတစ်သင်းဆီကနေ အခုလိုမျိုး အားပေးစကားပြောကြားမှုကို ရရှိခဲ့တာကလည်း တကယ်ကို ကျေနပ်ဖွယ်ရာကောင်းနေခဲ့ပါတယ်။

(ဒီသတင်းရေးသားရာမှာ ကို Thiha Maung Maung ဆီက သတင်းရင်းမြစ်ရရှိမှုအတွက် အထူးကျေးဇူးတင်ရှိပါတယ်။)

Zawgyi

စပါးအသင္းရဲ့ ေတာင္ပံကစားသမားတစ္ဦးျဖစ္တဲ့ ဂါရတ္ေဘးလ္ဟာ ျမန္မာျပည္တြင္းအေျခအေနေတြနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြအတြက္ အားေပးစကားေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။ ျမန္မာနိုင္ငံက စပါးပရိသတ္တစ္ဦးျဖစ္သူဆီကို ေတာ့တင္ဟမ္အသင္းက အဆိုပါမက္ေဆ့ဂ်္ဗီဒီယိုကို တိုက္ရိုက္္ေပးပို႔ခဲ့တာလို႔လည္း သိရပါတယ္။

စကၠန႔္အနည္းငယ္ရွိတဲ့ ဗီဒီယိုဖိုင္တစ္ခုကို ေပးပို႔ခဲ့တာျဖစ္ၿပီး ဂါရတ္ေဘးလ္က “ျမန္မာျပည္မွာရွိတဲ့ ကၽြန္ေတာ့္ရဲ့ ပရိသတ္အားလုံးဆီကို သတင္းစကားေပးပို႔ခ်င္ပါတယ္၊ အခုလိုမ်ိဳး ခက္ခဲတဲ့အခ်ိန္ကာလအတြင္းမွာ အားလုံးပဲ စိတ္ခ်လုံျခဳံစြာနဲ႔ ေဘးကင္းေအာင္ေနထိုင္ၾကပါ၊ ခင္ဗ်ားတို႔ရဲ့ မယုံၾကည္နိုင္ဖြယ္ရာအားေပးမႈအတြက္လည္း ေက်းဇူးတင္ပါတယ္” လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဒီသတင္းစကားဟာ ျမန္မာနိုင္ငံမွာ စစ္အစိုးရက အာဏာသိမ္းယူမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းမွာ နာမည္ေက်ာ္ေဘာလုံးသမားတစ္ဦးဆီက ပထမဆုံးအႀကိမ္ ၾကားသိရတဲ့ သတင္းစကားလည္းျဖစ္ပါတယ္။ Thiha Maung Maung လို႔ နာမည္ေပးထားတဲ့ Facebook အေကာင့္ပိုင္ရွင္က သူ႔ရဲ့စာမ်က္ႏွာမွာ ျပန္လည္ေဖာ္ျပခဲ့တာျဖစ္ၿပီး စပါးအသင္းဆီကေန တိုက္ရိုက္ေပးပို႔ခဲ့တာလို႔လည္း ေဖာ္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ေန႔ရက္ေတြအတြင္းမွာ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့အေနနဲ႔ ျမန္မာနိုင္ငံအတြင္းက ေဘာလုံးပရိသတ္ေတြကလည္း အားေပးရာအသင္းဂ်ာစီေတြ ဝတ္ဆင္ၿပီး စုေပါင္းဆႏၵထုတ္ေဖာ္မႈေတြကို ျပဳလုပ္ခဲ့ၾကပါေသးတယ္။ ပရီးမီးယားလိဂ္ရဲ့ ထိပ္တန္းအသင္းႀကီးတစ္သင္းဆီကေန အခုလိုမ်ိဳး အားေပးစကားေျပာၾကားမႈကို ရရွိခဲ့တာကလည္း တကယ္ကို ေက်နပ္ဖြယ္ရာေကာင္းေနခဲ့ပါတယ္။

(ဒီသတင္းေရးသားရာမွာ ကို Thiha Maung Maung ဆီက သတင္းရင္းျမစ္ရရွိမႈအတြက္ အထူးေက်းဇူးတင္ရွိပါတယ္။)

Leave a Reply

Your email address will not be published. Required fields are marked *