နွေရာသီမှာ အလွတ်နဲ့ရမယ့် အဂွေရိုကို အပြိုင်လိုက်နေတဲ့ ဥရောပအသင်းကြီး(၄)သင်း

မန်စီးတီး အသင်းတိုက်စစ်ကစားသမား အဂွေရို ကို နွေရာသီမှာ ခေါ်ယူဖို့ ဥရောပအသင်းကြီး (၄)သင်းက ချဉ်းကပ်မှုတွေပြုလုပ်နေတယ်လို့ မေရာ သတင်းမှာ ဖော်ပြထားပါတယ်။

မန်စီးတီး အသင်းနဲ့ အတူ ပရီးမီးယားလိဂ်ဖလား (၄)ကြိမ်ရယူထားတဲ့ ဝါရင့်တိုက်စစ်မှုးဟာ အခုရာသီအကုန်မှာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကုန်ဆုံးတော့မှာပါ။

အဲဒါ့ကြောင့် ကစားသမား ဟာ ရာသီအကုန်မှာ နေရာအသစ်ကို ပြောင်းရွှေ့ကစားဖို့ ရှိနေတာဖြစ်ပါတယ်။

မန်စီးတီးနဲ့ အာဂျင်တီးနား ကစားသမားတို့ဟာ အခုအချိန်ထိ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေ မရှိသေးတာကြောင့် ကစားသမားဟာ အသင်းကထွက်ခွာဖို့ ပိုပြီးအလားအလာ ရှိနေတာလည်းဖြစ်ပါတယ်။

အဂွေရို ဟာ သူ့ရဲ့ငယ်ဘဝကလပ် အင်ဒီပန်းဒီယန့်ဒီ အသင်းနဲ့ အတူ သူ့ရဲ့ဇာတိ အာဂျင်တီးနား ကို ပြန်လာဖို့ လည်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

မေရာ ကတော့ အဂွေရို ကို ခေါ်ယူဖို့ ချဉ်းကပ်နေတဲ့ ဥရောပအသင်းကြီး (၄)သင်းကို ဖော်ပြသွားခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွယ်ရှိ ကစားသမား ကို ခေါ်ယူဖို့ ဘာစီလိုနာ၊ ပီအက်စ်ဂျီ၊ ဂျုဗင်တပ်စ်နဲ့ အင်တာမီလန် အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

အဆိုပါ သတင်းမှာ အဂွေရို ဟာ သူ့ရဲ့ဇာတိကို ပြန်ချင်နေတယ်လို့ ဆိုထားပေမယ့် ဥရောပထိပ်တန်း အဆင့်မှာ နောက်ထပ်နှစ်အနည်းငယ် ထပ်မံကစားနိုင်ဖို့လည်း ယုံကြည်မှုရှိနေတာဖြစ်ပါတယ်။

အဂွေရိုဟာ ဒီရာသီမှာ ဒဏ်ရာပြသနာတွေ၊ ကိုရိုနာဗိုင်းရပ်စ် ရှိခဲ့တာကြောင့် မန်စီးတီး အတွက် ပွဲအနည်းငယ်သာပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

အဂွေရို ဟာ ဒီအဖြစ်အပျက်တွေကြောင့် ဒီရာသီမှာ မန်စီးတီး အသင်းအတွက် ပြိုင်ပွဲစုံ (၉)ပွဲသာ ပါဝင်ကစားထားပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

မန္စီးတီး အသင္းတိုက္စစ္ကစားသမား အေဂြရို ကို ေႏြရာသီမွာ ေခၚယူဖို႔ ဥေရာပအသင္းႀကီး (၄)သင္းက ခ်ဥ္းကပ္မႈေတြျပဳလုပ္ေနတယ္လို႔ ေမရာ သတင္းမွာ ေဖာ္ျပထားပါတယ္။

မန္စီးတီး အသင္းနဲ႔ အတူ ပရီးမီးယားလိဂ္ဖလား (၄)ႀကိမ္ရယူထားတဲ့ ဝါရင့္တိုက္စစ္မႈးဟာ အခုရာသီအကုန္မွာ အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ကုန္ဆုံးေတာ့မွာပါ။

အဲဒါ့ေၾကာင့္ ကစားသမား ဟာ ရာသီအကုန္မွာ ေနရာအသစ္ကို ေျပာင္းေရႊ႕ကစားဖို႔ ရွိေနတာျဖစ္ပါတယ္။

မန္စီးတီးနဲ႔ အာဂ်င္တီးနား ကစားသမားတို႔ဟာ အခုအခ်ိန္ထိ စာခ်ဳပ္သစ္အတြက္ ေဆြးေႏြးမႈေတြ မရွိေသးတာေၾကာင့္ ကစားသမားဟာ အသင္းကထြက္ခြာဖို႔ ပိုၿပီးအလားအလာ ရွိေနတာလည္းျဖစ္ပါတယ္။

အေဂြရို ဟာ သူ႔ရဲ့ငယ္ဘဝကလပ္ အင္ဒီပန္းဒီယန႔္ဒီ အသင္းနဲ႔ အတူ သူ႔ရဲ့ဇာတိ အာဂ်င္တီးနား ကို ျပန္လာဖို႔ လည္း သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ပါတယ္။

‌ေမရာ ကေတာ့ အေဂြရို ကို ေခၚယူဖို႔ ခ်ဥ္းကပ္ေနတဲ့ ဥေရာပအသင္းႀကီး (၄)သင္းကို ေဖာ္ျပသြားခဲ့ပါတယ္။

အသက္(၃၂)ႏွစ္အရြယ္ရွိ ကစားသမား ကို ေခၚယူဖို႔ ဘာစီလိုနာ၊ ပီအက္စ္ဂ်ီ၊ ဂ်ဳဗင္တပ္စ္နဲ႔ အင္တာမီလန္ အသင္းတို႔က စိတ္ဝင္စားေနတာျဖစ္ပါတယ္။

အဆိုပါ သတင္းမွာ အေဂြရို ဟာ သူ႔ရဲ့ဇာတိကို ျပန္ခ်င္ေနတယ္လို႔ ဆိုထားေပမယ့္ ဥေရာပထိပ္တန္း အဆင့္မွာ ေနာက္ထပ္ႏွစ္အနည္းငယ္ ထပ္မံကစားနိုင္ဖို႔လည္း ယုံၾကည္မႈရွိေနတာျဖစ္ပါတယ္။

အေဂြရိုဟာ ဒီရာသီမွာ ဒဏ္ရာျပသနာေတြ၊ ကိုရိုနာဗိုင္းရပ္စ္ ရွိခဲ့တာေၾကာင့္ မန္စီးတီး အတြက္ ပြဲအနည္းငယ္သာပါဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

အေဂြရို ဟာ ဒီအျဖစ္အပ်က္ေတြေၾကာင့္ ဒီရာသီမွာ မန္စီးတီး အသင္းအတြက္ ၿပိဳင္ပြဲစုံ (၉)ပြဲသာ ပါဝင္ကစားထားၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ (၂)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *