အေတီကို နဲ့ ချန်ပီယံလိဂ်ပွဲမတိုင်ခင် ဆွာရက်စ် ကို ထိတ်လန့်နေတဲ့ တူချယ်လ်

အသလက်တီကို နဲ့ ချယ်လ်‌ဆီး အသင်းတို့ ရဲ့ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်ကို မနက်ဖြန်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ချယ်လ်ဆီး အသင်းနည်းပြ တူချယ်လ် ကတော့ ဆွာရက်စ် ရဲ့ခြိမ်းခြောက်မှုကို သတိထားရမယ်လို့ ပြောလိုက်ပါတယ်။

ချယ်လ်ဆီး အသင်းနောက်ခံလူ သီယာဂိုဆေးလ်ဗား ကတော့ ဒီပွဲမှာပါဝင်နိုင်မှာမဟုတ်ပဲ ဟာဗတ်ဇ် နဲ့ ပူလီဆစ်တို့ကတော့ ပါဝင်နိုင်ဖွယ်ရှိနေတာဖြစ်ပါတယ်။

အသလက်တီကို အသင်းမှာတော့ ဂျီမီနက်စ်၊ ကာရက်စ်စကို၊ ဗာဆယ်လ်ဂျီကို ၊ထရစ်ပီယာ နဲ့ ဟတ်တာဟာရဲရားတို့က ပါဝင်နိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

တူချယ်လ် က “ဒါဟာ ကြီးမားတဲ့ စမ်းသပ်မှုပါ။သူတို့ဟာ ဒီအဆင့်မှာ အတွေ့ အကြုံရှိတဲ့အသင်းဖြစ်သလို အတွေ့အကြုံရှိတဲ့နည်းပြလည်းရှိပါတယ်။

ဒါဟာ ကျွန်တော်တို့ အတွက် အကောင်းဆုံးလုပ်နိုင်မယ်ဆိုတာ မျှော်လင့်ပါတယ်။ကျွန်တော်တို့ဟာ အရာရာကို ကျွန်တော်တို့ပုံစံအတိုင်းသွားမှာပါ။သူတို့ကလည်း သူတို့ပုံစံအတိုင်းပဲသွားမှာပါ”

“အသလက်တီကိုနဲ့ ကစားတဲ့အခါမှာ ခင်ဗျားတို့ရရှိတဲ့အရာက ရှင်းပါတယ်။သူတို့ဟာ အလွန်ကောင်းမွန်တဲ့ စိတ်ဓါတ်နဲ့ တိုက်ပွဲဝင်နေတဲ့ အတွေ့အကြုံရှိတဲ့အသင်းပါ”လို့ ဆိုပါတယ်။

တူချယ်လ် ဟာ ပြီးခဲ့တဲ့နွေရာသီက ပီအက်စ်ဂျီ အသင်းကို ကိုင်တွယ်နေတဲ့ အချိန်တုန်းက ဥရုဂွေးတိုက်စစ်မှုး ကို ခေါ်ယူဖို့ ကြိုးစားခဲ့တယ်လို့လည်း ဆိုခဲ့ပါတယ်။

တူချယ်လ် က “သူဟာ တိုက်စစ်မှုးအဖြစ် မွေးဖွားခဲ့လာတာပါ။သူ့မှာ တိုက်စစ်မှုးတွေမှာပဲ ရှိတဲ့ စိတ်ဓါတ်အချို့ရှိပါတယ်”

“ဒီစိတ်ဓါတ်ဟာ သူ့ရဲ့ပုံစံကို ပြသနေပြီး ပြင်း ထန်မှု၊ ဂိုးသွင်းဖို့ ဒေါသထွက်တာ ဂိုးသွင်းတာ၊ ဂိုးသွင်းတာနဲ့ ဘယ်တော့မှ ကျေနပ်မှုမရှိပါဘူး”လို့ ဆိုခဲ့ပါတယ်။

ဒီပွဲကို ရိုမေးနီးယားမှာ ရှိတဲ့ နေရှင်နယ် အရီနာမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

Zawgyi

အသလက္တီကို နဲ႔ ခ်ယ္လ္‌ဆီး အသင္းတို႔ ရဲ့ခ်န္ပီယံလိဂ္(၁၆)သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္ကို မနက္ျဖန္မွာ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ခ်ယ္လ္ဆီး အသင္းနည္းၿပ တူခ်ယ္လ္ ကေတာ့ ဆြာရက္စ္ ရဲ့ၿခိမ္းေျခာက္မႈကို သတိထားရမယ္လို႔ ေျပာလိုက္ပါတယ္။

ခ်ယ္လ္ဆီး အသင္းေနာက္ခံလူ သီယာဂိုေဆးလ္ဗား ကေတာ့ ဒီပြဲမွာပါဝင္နိုင္မွာမဟုတ္ပဲ ဟာဗတ္ဇ္ နဲ႔ ပူလီဆစ္တို႔ကေတာ့ ပါဝင္နိုင္ဖြယ္ရွိေနတာျဖစ္ပါတယ္။

အသလက္တီကို အသင္းမွာေတာ့ ဂ်ီမီနက္စ္၊ ကာရက္စ္စကို၊ ဗာဆယ္လ္ဂ်ီကို ၊ထရစ္ပီယာ နဲ႔ ဟတ္တာဟာရဲရားတို႔က ပါဝင္နိုင္ဖြယ္မရွိတာျဖစ္ပါတယ္။

တူခ်ယ္လ္ က “ဒါဟာ ႀကီးမားတဲ့ စမ္းသပ္မႈပါ။သူတို႔ဟာ ဒီအဆင့္မွာ အေတြ႕ အၾကဳံရွိတဲ့အသင္းျဖစ္သလို အေတြ႕အၾကဳံရွိတဲ့နည္းျပလည္းရွိပါတယ္။

ဒါဟာ ကၽြန္ေတာ္တို႔ အတြက္ အေကာင္းဆုံးလုပ္နိုင္မယ္ဆိုတာ ေမၽွာ္လင့္ပါတယ္။ကၽြန္ေတာ္တို႔ဟာ အရာရာကို ကၽြန္ေတာ္တို႔ပုံစံအတိုင္းသြားမွာပါ။သူတို႔ကလည္း သူတို႔ပုံစံအတိုင္းပဲသြားမွာပါ”

“အသလက္တီကိုနဲ႔ ကစားတဲ့အခါမွာ ခင္ဗ်ားတို႔ရရွိတဲ့အရာက ရွင္းပါတယ္။သူတို႔ဟာ အလြန္ေကာင္းမြန္တဲ့ စိတ္ဓါတ္နဲ႔ တိုက္ပြဲဝင္ေနတဲ့ အေတြ႕အၾကဳံရွိတဲ့အသင္းပါ”လို႔ ဆိုပါတယ္။

တူခ်ယ္လ္ ဟာ ၿပီးခဲ့တဲ့ေႏြရာသီက ပီအက္စ္ဂ်ီ အသင္းကို ကိုင္တြယ္ေနတဲ့ အခ်ိန္တုန္းက ဥ႐ုေဂြးတိုက္စစ္မႈး ကို ေခၚယူဖို႔ ႀကိဳးစားခဲ့တယ္လို႔လည္း ဆိုခဲ့ပါတယ္။

တူခ်ယ္လ္ က “သူဟာ တိုက္စစ္မႈးအျဖစ္ ေမြးဖြားခဲ့လာတာပါ။သူ႔မွာ တိုက္စစ္မႈးေတြမွာပဲ ရွိတဲ့ စိတ္ဓါတ္အခ်ိဳ႕ရွိပါတယ္”

“ဒီစိတ္ဓါတ္ဟာ သူ႔ရဲ့ပုံစံကို ျပသေနၿပီး ျပင္း ထန္မႈ၊ ဂိုးသြင္းဖို႔ ေဒါသထြက္တာ ဂိုးသြင္းတာ၊ ဂိုးသြင္းတာနဲ႔ ဘယ္ေတာ့မွ ေက်နပ္မႈမရွိပါဘူး”လို႔ ဆိုခဲ့ပါတယ္။

ဒီပြဲကို ရိုေမးနီးယားမွာ ရွိတဲ့ ေနရွင္နယ္ အရီနာမွာ က်င္းပသြားမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *