ဒေါ့မွန်မှာ ခေါင်းဆောင်တစ်ဦးလို ခံစားနေရတဲ့ ဟာလန်း

နော်ဝေးလက်ရွေးစင် ကစားသမား ဟာလန်း က သူဟာ ဒေါ့မွန်အသင်းမှာ ခေါင်းဆောင်တစ်ဦးလို ခံစားနေရတယ်လို့ ဝန်ခံလိုက်ပါတယ်။ဟာလန်း ဟာ မကြာသေးခင်က ကစားခဲ့တဲ့ ရှော်လ်ကေး အသင်းနဲ့ ဒါဘီပွဲစဉ်မှာ ခြေစွမ်းပြပြီး လှပတဲ့ဂိုးသွင်းယူနိုင်ခဲ့တာနဲ့ အတူ ဒီရာသီမှာ ဥရောပရဲ့အကောင်းဆုံးလူငယ်တိုက်စစ်မှုး တစ်ဦးဖြစ်ကြောင်း သက်သေပြခဲ့ပြီးဖြစ်ပါတယ်။

အသက်(၂၀)အရွယ်ကစားသမား ဟာ ဒီရာသီ ပြည်တွင်းနဲ့ ဥရောပပြိုင်ပွဲမှာ အောင်မြင်အောင် စွမ်းဆောင်ဖို့ တိုက်ပွဲဝင်နေတဲ့ အသင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေတာလည်းဖြစ်ပါတယ်။ဒေါ့မွန် အသင်းရဲ့အဝတ်စားလဲခန်းမှာ သူ့ကိုယ်သူ အသင်းခေါင်းဆောင်တစ်ဦးအနေနဲ့ မြင်မိလားလို့ မေးမြန်းခဲ့ရာမှာ ဟာလန်း က “ခင်ဗျားဒီလိုပြောနိုင်ပါတယ်။ကျွန်တော်လည်း ဒီလိုပဲ ခံစားနေရပါတယ်။ကလပ်ကလည်း ကျွန်တော့်ကို ယုံကြည်မှုရှိပါတယ်”

“ကျွန်တော်လည်း ဒီအခန်းကဏ္ဍမှာ ဖြစ်နေတဲ့အတွက် ပျော်ရွှင်ပါတယ်။အဲ့ဒါကြောင့် ဒီနေရာမှာ ခင်ဗျားနဲ့အတူ သဘောအတူတူပဲလို့ ကျွန်တော်ထင်ပါတယ်။ကျွန်တော်ဟာ အသက်ငယ်နေပေမယ့် အတွေ့အကြုံများကြီး ရှိသလို ခံစားရပါတယ်။ကျွန်တော့်ထက်ငယ်တဲ့သူတွေကို ဂရုစိုက်ဖို့ ကြိုးစားနေသလို လူတိုင်းပိုကောင်းလာအောင် ကူညီဖို့လည်း ကြိုးစားနေပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဟာလန်း ပြီးခဲ့တဲ့နှစ် ဇန်နဝါရီက ဆဲလ်ဘတ် အသင်းကနေ လိုက်ပ်ဇစ် အသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီ သွင်းဂိုး (၂၇)ဂိုးအပါအဝင် ပြိုင်ပွဲစုံ (၄၃)ပွဲမှာ (၄၃)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ေနာ္ေဝးလက္ေရြးစင္ ကစားသမား ဟာလန္း က သူဟာ ေဒါ့မြန္အသင္းမွာ ေခါင္းေဆာင္တစ္ဦးလို ခံစားေနရတယ္လို႔ ဝန္ခံလိုက္ပါတယ္။ဟာလန္း ဟာ မၾကာေသးခင္က ကစားခဲ့တဲ့ ေရွာ္လ္ေကး အသင္းနဲ႔ ဒါဘီပြဲစဥ္မွာ ေျခစြမ္းျပၿပီး လွပတဲ့ဂိုးသြင္းယူနိုင္ခဲ့တာနဲ႔ အတူ ဒီရာသီမွာ ဥေရာပရဲ့အေကာင္းဆုံးလူငယ္တိုက္စစ္မႈး တစ္ဦးျဖစ္ေၾကာင္း သက္ေသျပခဲ့ၿပီးျဖစ္ပါတယ္။

အသက္(၂၀)အရြယ္ကစားသမား ဟာ ဒီရာသီ ျပည္တြင္းနဲ႔ ဥေရာပၿပိဳင္ပြဲမွာ ေအာင္ျမင္ေအာင္ စြမ္းေဆာင္ဖို႔ တိုက္ပြဲဝင္ေနတဲ့ အသင္းမွာ အဓိက အခန္းက႑ကေန ပါဝင္ေနတာလည္းျဖစ္ပါတယ္။ေဒါ့မြန္ အသင္းရဲ့အဝတ္စားလဲခန္းမွာ သူ႔ကိုယ္သူ အသင္းေခါင္းေဆာင္တစ္ဦးအေနနဲ႔ ျမင္မိလားလို႔ ေမးျမန္းခဲ့ရာမွာ ဟာလန္း က “ခင္ဗ်ားဒီလိုေျပာနိုင္ပါတယ္။ကၽြန္ေတာ္လည္း ဒီလိုပဲ ခံစားေနရပါတယ္။ကလပ္ကလည္း ကၽြန္ေတာ့္ကို ယုံၾကည္မႈရွိပါတယ္”

“ကၽြန္ေတာ္လည္း ဒီအခန္းက႑မွာ ျဖစ္ေနတဲ့အတြက္ ေပ်ာ္ရႊင္ပါတယ္။အဲ့ဒါေၾကာင့္ ဒီေနရာမွာ ခင္ဗ်ားနဲ႔အတူ သေဘာအတူတူပဲလို႔ ကၽြန္ေတာ္ထင္ပါတယ္။ကၽြန္ေတာ္ဟာ အသက္ငယ္ေနေပမယ့္ အေတြ႕အၾကဳံမ်ားႀကီး ရွိသလို ခံစားရပါတယ္။ကၽြန္ေတာ့္ထက္ငယ္တဲ့သူေတြကို ဂ႐ုစိုက္ဖို႔ ႀကိဳးစားေနသလို လူတိုင္းပိုေကာင္းလာေအာင္ ကူညီဖို႔လည္း ႀကိဳးစားေနပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ဟာလန္း ၿပီးခဲ့တဲ့ႏွစ္ ဇန္နဝါရီက ဆဲလ္ဘတ္ အသင္းကေန လိုက္ပ္ဇစ္ အသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး ဒီရာသီ သြင္းဂိုး (၂၇)ဂိုးအပါအဝင္ ၿပိဳင္ပြဲစုံ (၄၃)ပြဲမွာ (၄၃)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *