ဘာကာ ကိုပြောင်းခဲ့တာ က ဂရစ်ဇ်မန်း အမှားအယွင်းပြုလုပ်ခဲ့တာလို့ ဆိုတဲ့ မက်သယူး

ဂရစ်ဇ်မန်း အနေနဲ့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဟာ အမှားအယွင်းပြုလုပ်ခဲ့တာပဲလို့ ဘာစီလိုနာ ကစားသမားဟောင်း မက်သယူးက ပြောလိုက်ပါတယ်။ဂရစ်ဇ်မန်း ဟာ (၂၀၁၉) နွေရာသီက အသလက်တီကို အသင်းကနေ ထွက်ခွာကာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ပြင်သစ်ကစားသမားဟာ အသလက်တီကို မှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးကို ဘာစီလိုနာမှာ ပြသနိုင်ဖို့ ရုန်းကန်နေရတာဖြစ်ပါတယ်။

ဂရစ်ဇ်မန်း ဟာ ဒီရာသီမှာလည်း ပွဲအနည်းငယ်မှာသာ ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းမှာ သူ့ရဲ့အမှတ်အသားကို ပြုလုပ်နိုင်ဖို့ ရုန်းကန်နေရတာပါ။အဲဒါကြောင့် မက်သယူးက ပြင်သစ်ကစားသမားအနေနဲ့ အသလက်တီကို ကနေထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းခဲ့တာဟာ မှားယွင်းခဲ့တယ်လို့ ခံစားနေရတာဖြစ်ပါတယ်။ဒါ့အပြင် မက်သယူးက ဝေဖန်မှုတွေခံနေရတဲ့ လန့်ဂလန့်ကိုလည်း ထောက်ခံပေးခဲ့ပါတယ်။

မက်သယူး က “ဂရစ်ဇ်မန်း ဟာ သူ့ကစားခဲ့တဲ့ အသလက်တီကို အသင်းရဲ့အဆင့်မှာ ရှိမနေပါဘူး။ပုဂ္ဂိုလ်ရေးအရပြောရရင် ကျွန်တော့်အမြင်မှာတော့ ဂရစ်ဇ်မန်း ဟာ ဘာစီလိုနာ အသင်းကို ရောက်လာတာက အမှားအယွင်းဖြစ်ခဲ့ပါတယ်။အသလက်တီကိုမှာဆိုရင် သူက အလွန်အရေးပါတဲ့ ကစားသမားတစ်ယောက်ပါ။ဘာစီလိုနာ အသင်းမှာတော့ သူဟာ အရေးပါတဲ့သူဖြစ်လားဆိုတာ ကျွန်တော်မသိပါဘူး”လို့ RAC1 နဲ့တွေ့ဆုံရာမှာဆိုခဲ့တာပါ။

ဂရစ်ဇ်မန်း ဟာ ဒီရာသီမှာ ဘာစီလိုနာ အသင်းအ‌တွက် (၃၄)ပွဲကစားထားပြီး (၁၂)ဂိုးသွင်းယူထားပါတယ်။ပြင်သစ်ကစားသမားဟာ ဘာစီလိုနာ အသင်းအတွက် (၂)ရာသီပေါင်းမှာတော့ (၈၂)ပွဲပါဝင်ကစားထားပြီး (၂၇)ဂိုးသွင်းယူထားခဲ့တာဖြစ်ပါတယ်။

Zawgyi

ဂရစ္ဇ္မန္း အေနနဲ႔ ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕လာခဲ့တာဟာ အမွားအယြင္းျပဳလုပ္ခဲ့တာပဲလို႔ ဘာစီလိုနာ ကစားသမားေဟာင္း မက္သယူးက ေျပာလိုက္ပါတယ္။ဂရစ္ဇ္မန္း ဟာ (၂၀၁၉) ေႏြရာသီက အသလက္တီကို အသင္းကေန ထြက္ခြာကာ ဘာစီလိုနာ အသင္းကို ေျပာင္းေရႊ႕လာခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ျပင္သစ္ကစားသမားဟာ အသလက္တီကို မွာ ျပသခဲ့တဲ့ ေျခစြမ္းမ်ိဳးကို ဘာစီလိုနာမွာ ျပသနိုင္ဖို႔ ႐ုန္းကန္ေနရတာျဖစ္ပါတယ္။

ဂရစ္ဇ္မန္း ဟာ ဒီရာသီမွာလည္း ပြဲအနည္းငယ္မွာသာ ေျခစြမ္းျပနိုင္ခဲ့ၿပီး အသင္းမွာ သူ႔ရဲ့အမွတ္အသားကို ျပဳလုပ္နိုင္ဖို႔ ႐ုန္းကန္ေနရတာပါ။အဲဒါေၾကာင့္ မက္သယူးက ျပင္သစ္ကစားသမားအေနနဲ႔ အသလက္တီကို ကေနထြက္ခြာၿပီး ဘာစီလိုနာကို ေျပာင္းခဲ့တာဟာ မွားယြင္းခဲ့တယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။ဒါ့အျပင္ မက္သယူးက ေဝဖန္မႈေတြခံေနရတဲ့ လန႔္ဂလန႔္ကိုလည္း ေထာက္ခံေပးခဲ့ပါတယ္။

မက္သယူး က “ဂရစ္ဇ္မန္း ဟာ သူ႔ကစားခဲ့တဲ့ အသလက္တီကို အသင္းရဲ့အဆင့္မွာ ရွိမေနပါဘူး။ပုဂၢိဳလ္ေရးအရေျပာရရင္ ကၽြန္ေတာ့္အျမင္မွာေတာ့ ဂရစ္ဇ္မန္း ဟာ ဘာစီလိုနာ အသင္းကို ေရာက္လာတာက အမွားအယြင္းျဖစ္ခဲ့ပါတယ္။အသလက္တီကိုမွာဆိုရင္ သူက အလြန္အေရးပါတဲ့ ကစားသမားတစ္ေယာက္ပါ။ဘာစီလိုနာ အသင္းမွာေတာ့ သူဟာ အေရးပါတဲ့သူျဖစ္လားဆိုတာ ကၽြန္ေတာ္မသိပါဘူး”လို႔ RAC1 နဲ႔ေတြ႕ဆုံရာမွာဆိုခဲ့တာပါ။

ဂရစ္ဇ္မန္း ဟာ ဒီရာသီမွာ ဘာစီလိုနာ အသင္းအ‌တြက္ (၃၄)ပြဲကစားထားၿပီး (၁၂)ဂိုးသြင္းယူထားပါတယ္။ျပင္သစ္ကစားသမားဟာ ဘာစီလိုနာ အသင္းအတြက္ (၂)ရာသီေပါင္းမွာေတာ့ (၈၂)ပြဲပါဝင္ကစားထားၿပီး (၂၇)ဂိုးသြင္းယူထားခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *