သူ့ကိုအိုနေပြီလို့ပြောခဲ့တဲ့ ဘာကာကို လှလှပပပြန်တုံ့ပြန်ပြောခဲ့တဲ့ ဆွာရက်ဇ်

မိမိအနေနဲ့ အမြင့်ဆုံးအဆင့်မှာ ကစားနိုင်ဖို့ အသက်အရွယ်အရ အလွန်အမင်းကြီးရင့်နေပြီလို့ ဘာစီလိုနာအသင်းက ပြောဆိုခဲ့တယ်လို့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူးဆွာရက်ဇ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆွာရက်ဇ်ဟာ ဒီရာသီအစကမှ ဘာစီလိုနာကနေ အေတီကိုကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိမှာ အသင်းသစ်အတွက် ခြေစွမ်းပြနေကာ ၁၆ ဂိုးသွင်းယူပေးထားသလို အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိနေအောင်လည်း စွမ်းဆောင်ပေးထားခဲ့ပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဥရုဂွေးတိုက်စစ်မှူးက နူးကမ့်ကနေ မထွက်ခွာချင်ခဲ့ပေမယ့်လည်း ဘာစီလိုနာဘက်က သူ့ကိုအလိုမရှိတော့ဘူးလို့ ပြတ်ပြတ်သားသားပြောဆိုခဲ့လို့ ထွက်ခွာခဲ့ရပါတယ်။ နောက်ဆုံးအချိန်ထိ ဆွာရက်ဇ်က အသင်းမှာဆက်ရှိနေဖို့ ကြိုးစားခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့ဘဲ အေတီကိုက သူ့ကိုအလွတ်ခေါ်ယူခဲ့ကာ အကျိုးရှိတဲ့ အပြောင်းအရွှေ့ဖြစ်လာခဲ့ပြီး ဘာစီလိုနာအတွက်တော့ လွတ်တဲ့ငါးကြီးတဲ့ကိန်းဆိုက်ခဲ့ရပါတယ်။

“ကျွန်တော်က အသက်ကြီးနေပြီလို့ သူတို့တွေပြောခဲ့ချိန်မှာ တော်တော်လေးစိတ်ပျက်ခဲ့ရပါတယ်၊ ကျွန်တော်က ထိပ်တန်းအဆင့်မှာလည်း ကစားဖို့အချိန်မရှိတော့ဘူးလို့လည်း ပြောခဲ့ပါတယ်၊ ဒါကို ကျွန်တော်သဘောမကျပါဘူး၊ ဘာစီလိုနာလိုအသင်းမှာ ၃ရာသီ၊ ၄ ရာသီလောက် ကျွန်တော်က ဘာမှမလုပ်ပြနိုင်ခဲ့ဘူးဆိုရင်လည်း ထားပါတော့ဗျာ၊ ကျွန်တော်နားလည်ပေးနိုင်တာပေါ့”

“ဒါပေမယ့် ဘာစီလိုနာမှာ နှစ်တိုင်း ကျွန်တော်က ဂိုးပေါင်း ၂၀ နဲ့ အထက် သွင်းယူနိုင်ခဲ့တာပါ၊ မက်ဆီရဲ့ နောက်မှာ အမြဲတမ်းလိုလို တကယ်ကောင်းမွန်တဲ့ အချက်အလက်မှတ်တမ်းတွေနဲ့ ရှိနေခဲ့တာပါ၊ အခုဆိုရင် ဘာစီလိုနာအတွက် ကစားပေးရဖို့ဆိုတာ မလွယ်ကူမှန်း အားလုံးသိမှာပါ၊ သူတို့ မျှော်လင့်ကြီးစွာနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမားတော်တော်များများက မျှော်လင့်သလိုမကစားနိုင်ကြပါဘူး၊ ကျွန်တော် ဘာကာအတွက် ခြောက်ရာသီကစားခဲ့ပြီး ကျွန်တော့်အဆင့်ကိုထိန်းထားနိုင်ခဲ့ပါတယ်” လို့ ဆွာရက်ဇ်က ပြောဆိုခဲ့ပါတယ်။

ဆွာရက်ဇ်ကတော့ ဘာစီလိုနာမှာ မက်ဆီပြီးရင် ဂိုးသွင်းအားအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ၂၀၁၅-၁၆ ဘောလုံးရာသီမှာဆိုရင် အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၅၉ ဂိုးအထိ ရရှိခဲ့ပြီး မက်ဆီထက် ဂိုးပိုသွင်းနိုင်ခဲ့ကာ ဥရောပရွှေဖိနပ်ဆုကိုပါဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၁၆-၁၇ မှာတော့ ၃၆ ဂိုးအထိ ရရှိခဲ့ပြီး နောက်ရာသီမှာ ၃၁ ဂိုး၊ နောက်ထပ်နှစ်ရာသီမှာတော့ ၂၃ ဂိုးနဲ့ ၂၁ ဂီုးစီသွင်းယူပေးခဲ့ပါတယ်။

Zawgyi

မိမိအေနနဲ႔ အျမင့္ဆုံးအဆင့္မွာ ကစားနိုင္ဖို႔ အသက္အရြယ္အရ အလြန္အမင္းႀကီးရင့္ေနၿပီလို႔ ဘာစီလိုနာအသင္းက ေျပာဆိုခဲ့တယ္လို႔ အက္သလက္တီကိုမက္ဒရစ္တိုက္စစ္မႉးဆြာရက္ဇ္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ဆြာရက္ဇ္ဟာ ဒီရာသီအစကမွ ဘာစီလိုနာကေန ေအတီကိုကို ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး လက္ရွိမွာ အသင္းသစ္အတြက္ ေျခစြမ္းျပေနကာ ၁၆ ဂိုးသြင္းယူေပးထားသလို အမွတ္ေပးဇယားထိပ္ဆုံးကို ေရာက္ရွိေနေအာင္လည္း စြမ္းေဆာင္ေပးထားခဲ့ပါတယ္။

အသက္ ၃၄ ႏွစ္အရြယ္ရွိေနၿပီျဖစ္တဲ့ ဥ႐ုေဂြးတိုက္စစ္မႉးက ႏူးကမ့္ကေန မထြက္ခြာခ်င္ခဲ့ေပမယ့္လည္း ဘာစီလိုနာဘက္က သူ႔ကိုအလိုမရွိေတာ့ဘူးလို႔ ျပတ္ျပတ္သားသားေျပာဆိုခဲ့လို႔ ထြက္ခြာခဲ့ရပါတယ္။ ေနာက္ဆုံးအခ်ိန္ထိ ဆြာရက္ဇ္က အသင္းမွာဆက္ရွိေနဖို႔ ႀကိဳးစားခဲ့ေပမယ့္လည္း မေအာင္ျမင္ခဲ့ဘဲ ေအတီကိုက သူ႔ကိုအလြတ္ေခၚယူခဲ့ကာ အက်ိဳးရွိတဲ့ အေျပာင္းအေရႊ႕ျဖစ္လာခဲ့ၿပီး ဘာစီလိုနာအတြက္ေတာ့ လြတ္တဲ့ငါးႀကီးတဲ့ကိန္းဆိုက္ခဲ့ရပါတယ္။

“ကၽြန္ေတာ္က အသက္ႀကီးေနၿပီလို႔ သူတို႔ေတြေျပာခဲ့ခ်ိန္မွာ ေတာ္ေတာ္ေလးစိတ္ပ်က္ခဲ့ရပါတယ္၊ ကၽြန္ေတာ္က ထိပ္တန္းအဆင့္မွာလည္း ကစားဖို႔အခ်ိန္မရွိေတာ့ဘူးလို႔လည္း ေျပာခဲ့ပါတယ္၊ ဒါကို ကၽြန္ေတာ္သေဘာမက်ပါဘူး၊ ဘာစီလိုနာလိုအသင္းမွာ ၃ရာသီ၊ ၄ ရာသီေလာက္ ကၽြန္ေတာ္က ဘာမွမလုပ္ျပနိုင္ခဲ့ဘူးဆိုရင္လည္း ထားပါေတာ့ဗ်ာ၊ ကၽြန္ေတာ္နားလည္ေပးနိုင္တာေပါ့”

“ဒါေပမယ့္ ဘာစီလိုနာမွာ ႏွစ္တိုင္း ကၽြန္ေတာ္က ဂိုးေပါင္း ၂၀ နဲ႔ အထက္ သြင္းယူနိုင္ခဲ့တာပါ၊ မက္ဆီရဲ့ ေနာက္မွာ အျမဲတမ္းလိုလို တကယ္ေကာင္းမြန္တဲ့ အခ်က္အလက္မွတ္တမ္းေတြနဲ႔ ရွိေနခဲ့တာပါ၊ အခုဆိုရင္ ဘာစီလိုနာအတြက္ ကစားေပးရဖို႔ဆိုတာ မလြယ္ကူမွန္း အားလုံးသိမွာပါ၊ သူတို႔ ေမၽွာ္လင့္ႀကီးစြာနဲ႔ ေခၚယူခဲ့တဲ့ ကစားသမားေတာ္ေတာ္မ်ားမ်ားက ေမၽွာ္လင့္သလိုမကစားနိုင္ၾကပါဘူး၊ ကၽြန္ေတာ္ ဘာကာအတြက္ ေျခာက္ရာသီကစားခဲ့ၿပီး ကၽြန္ေတာ့္အဆင့္ကိုထိန္းထားနိုင္ခဲ့ပါတယ္” လို႔ ဆြာရက္ဇ္က ေျပာဆိုခဲ့ပါတယ္။

ဆြာရက္ဇ္ကေတာ့ ဘာစီလိုနာမွာ မက္ဆီၿပီးရင္ ဂိုးသြင္းအားအေကာင္းဆုံးကစားသမားအျဖစ္ ရပ္တည္ခဲ့သူျဖစ္ပါတယ္။ ၂၀၁၅-၁၆ ေဘာလုံးရာသီမွာဆိုရင္ အသင္းအတြက္ ၿပိဳင္ပြဲစုံသြင္းဂိုး ၅၉ ဂိုးအထိ ရရွိခဲ့ၿပီး မက္ဆီထက္ ဂိုးပိုသြင္းနိုင္ခဲ့ကာ ဥေရာပေရႊဖိနပ္ဆုကိုပါဆြတ္ခူးနိုင္ခဲ့ပါတယ္။ ၂၀၁၆-၁၇ မွာေတာ့ ၃၆ ဂိုးအထိ ရရွိခဲ့ၿပီး ေနာက္ရာသီမွာ ၃၁ ဂိုး၊ ေနာက္ထပ္ႏွစ္ရာသီမွာေတာ့ ၂၃ ဂိုးနဲ႔ ၂၁ ဂီုးစီသြင္းယူေပးခဲ့ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *