လက်ရှိစီးရီးအေအသင်းတိုင်းကို ဂိုးသွင်းနိုင်တဲ့မှတ်တမ်း ရယူသွားခဲ့တဲ့ ရော်နယ်ဒို

ခရိုတွန်နဲ့ ကစားခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်စ်အတွက် အနိုင်ဂိုးနှစ်ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီးနောက် ရော်နယ်ဒိုဟာ လက်ရှိစီးရီးအေကလပ်အသင်းအားလုံးကို ဂိုးသွင်းယူနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ပထမပိုင်းမှာပဲ ရော်နယ်ဒိုက နှစ်ဂိုးသွင်းယူခဲ့တာဖြစ်ပြီးတော့ ဒီရာသီစီးရီးအေပြိုင်ပွဲမှာ သွင်းဂိုး ၁၈ ဂိုးအထိ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် ဂိုးပိုသွင်းနိုင်မယ့် အလားအလာတွေ ရှိနေခဲ့ပါတယ်။

လက်ရှိမှာ စီးရီးအေပြိုင်ဘက် ၁၉ သင်းစလုံးကို ရော်နယ်ဒို ဂိုးသွင်းယူထားနိုင်ခဲ့ပြီးဖြစ်ကာ ခရိုတွန်ကတော့ သူ ဂိုးသွင်းနိုင်ဖို့ကျန်နေသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ်ကနေ ပျက်ပြယ်ခဲ့ရပါတယ်။

ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ခဲ့ပြီးနောက်မှာ ရော်နယ်ဒိုရဲ့ သွင်းဂိုးစုစုပေါင်းကလည်း ၇၀ အထိ ရှိသွားခဲ့ပြီး ဂျူဗီကစားသမားဘဝမှာ သူဂိုးမသွင်းနိုင်တဲ့ တစ်ခုတည်းသော အသင်းကတော့ ချီယေဗိုတစ်သင်းတည်းသာ ရှိနေခဲ့ပါတယ်။

ချီယေဗိုကတော့ လက်ရှိမှာ စီးရီးဘီမှာ ကစားနေတာဖြစ်ပြီး ရော်နယ်ဒို ရောက်ရှိခဲ့တဲ့ ရာသီမှာပဲ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။ ခရိုတွန်ကတော့ ရော်နယ်ဒိုရဲ့ ဥရောပထိပ်တန်းလိဂ်တွေမှာ ကျင်လည်ခဲ့တဲ့ သက်တမ်းတစ်လျှောက် သူဂိုးသွင်းနိုင်ခဲ့တဲ့ ၇၈ သင်းမြောက် အသင်းဖြစ်လာခဲ့ပါတယ်။

ဒီမှတ်တမ်းဟာ အသင်းပေါင်း ၇၉ သင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ ဇလာတန်အီဘရာဟီမိုဗစ်ရဲ့ စံချိန်ကို လိုက်မီဖို့ နောက်ထပ်တစ်သင်းတည်းသာ ကျန်ရှိနေတော့တာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အတွက် ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်နေခဲ့လို့ ဝေဖန်မှုအနည်းငယ်ကြုံတွေ့ခဲ့ရတဲ့ ရော်နယ်ဒိုအတွက် ဒီသွင်းဂိုးတွေက အားတက်စရာလည်းဖြစ်လာခဲ့ရပါတယ်။

မနေ့က ထွက်ပေါ်လာခဲ့တဲ့သတင်းတွေမှာလည်း ရော်နယ်ဒိုက ရာသီကုန်မှာ အသင်းသစ်ရှာဖွေဖို့ အေးဂျင့်ဖြစ်သူကို ညွှန်ကြားထားတယ်လို့ သိရပေမယ့် ကစားသမားကတော့ သူ့ရဲ့အလုပ်ကိုသူ အကောင်းဆုံးပြုလုပ်ပြသွားခဲ့ပြီး ထွက်ပေါ်နေတဲ့သတင်းတွေနဲ့ မဆိုင်သလိုဖြစ်နေခဲ့ပါတယ်။

Zawgyi

ခရိုတြန္နဲ႔ ကစားခဲ့တဲ့ စီးရီးေအပြဲစဥ္မွာ ဂ်ဴဗင္တပ္စ္အတြက္ အနိုင္ဂိုးႏွစ္ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ၿပီးေနာက္ ေရာ္နယ္ဒိုဟာ လက္ရွိစီးရီးေအကလပ္အသင္းအားလုံးကို ဂိုးသြင္းယူနိုင္တဲ့ ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

ပထမပိုင္းမွာပဲ ေရာ္နယ္ဒိုက ႏွစ္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီးေတာ့ ဒီရာသီစီးရီးေအၿပိဳင္ပြဲမွာ သြင္းဂိုး ၁၈ ဂိုးအထိ ရရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကထက္ ဂိုးပိုသြင္းနိုင္မယ့္ အလားအလာေတြ ရွိေနခဲ့ပါတယ္။

လက္ရွိမွာ စီးရီးေအၿပိဳင္ဘက္ ၁၉ သင္းစလုံးကို ေရာ္နယ္ဒို ဂိုးသြင္းယူထားနိုင္ခဲ့ၿပီးျဖစ္ကာ ခရိုတြန္ကေတာ့ သူ ဂိုးသြင္းနိုင္ဖို႔က်န္ေနေသးတဲ့ တစ္ခုတည္းေသာအသင္းအျဖစ္ကေန ပ်က္ျပယ္ခဲ့ရပါတယ္။

ဂ်ဴဗင္တပ္စ္ကို ေျပာင္းေရႊ႕ခဲ့ၿပီးေနာက္မွာ ေရာ္နယ္ဒိုရဲ့ သြင္းဂိုးစုစုေပါင္းကလည္း ၇၀ အထိ ရွိသြားခဲ့ၿပီး ဂ်ဴဗီကစားသမားဘဝမွာ သူဂိုးမသြင္းနိုင္တဲ့ တစ္ခုတည္းေသာ အသင္းကေတာ့ ခ်ီေယဗိုတစ္သင္းတည္းသာ ရွိေနခဲ့ပါတယ္။

ခ်ီေယဗိုကေတာ့ လက္ရွိမွာ စီးရီးဘီမွာ ကစားေနတာျဖစ္ၿပီး ေရာ္နယ္ဒို ေရာက္ရွိခဲ့တဲ့ ရာသီမွာပဲ တန္းဆင္းခဲ့ရတာျဖစ္ပါတယ္။

ခရိုတြန္ကေတာ့ ေရာ္နယ္ဒိုရဲ့ ဥေရာပထိပ္တန္းလိဂ္ေတြမွာ က်င္လည္ခဲ့တဲ့ သက္တမ္းတစ္ေလၽွာက္ သူဂိုးသြင္းနိုင္ခဲ့တဲ့ ၇၈ သင္းေျမာက္ အသင္းျဖစ္လာခဲ့ၿပီး ဒီမွတ္တမ္းဟာ အသင္းေပါင္း ၇၉ သင္းကို ဂိုးသြင္းနိုင္ခဲ့တဲ့ ဇလာတန္အီဘရာဟီမိုဗစ္ရဲ့ စံခ်ိန္ကို လိုက္မီဖို႔ ေနာက္ထပ္တစ္သင္းတည္းသာ က်န္ရွိေနေတာ့တာလည္း ျဖစ္ပါတယ္။

ဂ်ဴဗင္တပ္စ္အတြက္ ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ဂိုးေပါက္ေပ်ာက္ေနခဲ့လို႔ ေဝဖန္မႈအနည္းငယ္ၾကဳံေတြ႕ခဲ့ရတဲ့ ေရာ္နယ္ဒိုအတြက္ ဒီသြင္းဂိုးေတြက အားတက္စရာလည္းျဖစ္လာခဲ့ရပါတယ္။

မေန႔က ထြက္ေပၚလာခဲ့တဲ့သတင္းေတြမွာလည္း ေရာ္နယ္ဒိုက ရာသီကုန္မွာ အသင္းသစ္ရွာေဖြဖို႔ ေအးဂ်င့္ျဖစ္သူကို ညႊန္ၾကားထားတယ္လို႔ သိရေပမယ့္ ကစားသမားကေတာ့ သူ႔ရဲ့အလုပ္ကိုသူ အေကာင္းဆုံးျပဳလုပ္ျပသြားခဲ့ၿပီး ထြက္ေပၚေနတဲ့သတင္းေတြနဲ႔ မဆိုင္သလိုျဖစ္ေနခဲ့ပါတယ္။