ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူးရော်နယ်ဒိုဟာ သူ့ရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်ကို ကလပ်အသင်းသစ်ရှာဖွေဖို့အတွက် ပြောဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဒီနေ့မှာ ထွက်ပေါ်လာခဲ့တာဖြစ်ပြီးတော့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်နဲ့ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ စာချုပ်သက်တမ်းကန်ရှိနေပေမယ့်လည်း လာမယ့်နွေရာသီမှာ ထွက်ခွာဖို့ စီစဉ်နေတာလို့လည်း ronaldo.com က ဖော်ပြခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်မှူးဟာ ဂျူဗီနဲ့အတူ စီးရီးအေဖလား၊ အီတလီစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ဖို့အတွက်တော့ စောင့်ဆိုင်းနေရသူဖြစ်ပါတယ်။
ဂျူဗီကလည်း ရော်နယ်ဒိုကို ခေါ်ယူခဲ့ရာမှာ ဥရောပအောင်မြင်မှုပြန်လည် ရယူဖို့ဖြစ်ပေမယ့်လည်း ကံအကြောင်းမလှစွာနဲ့ဘဲ အောင်မြင်မှုရရှိဖို့က အလှမ်းဝေးနေခဲ့ပြီး ဒီရာသီမှာလည်း ၁၆ သင်းအဆင့် ပထမအကျော့မှာ ပေါ်တိုကို ၂-၁ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အသက်အရွယ်ရလာခဲ့ပေမယ့် ခြေစွမ်းပိုင်းကတော့ ထိပ်တန်းအဆင့်မှာရှိနေဆဲဖြစ်ပြီး ဒီရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး ၂၀ ကျော်အထိ ရရှိထားခဲ့ပါတယ်။
ဒါပေမယ့်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ ရော်နယ်ဒို ဂိုးပေါက်ပျောက်ဆုံးနေပြီး နည်းပြပီယာလိုရဲ့ အသင်းလိုက်ကစားပုံကို အားပြုနေမှုက ရော်နယ်ဒိုအတွက် အခက်တွေ့နေကာ သူ့ကိုတည်ကစားခြင်းမျိုးမရှိလို့ ရုန်းကန်နေရတယ်လို့ အီတလီတိုက်စစ်မှူးဟောင်းကာဆာနိုက သုံးသပ်ခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ ယူနိုက်တက်တိုက်စစ်မှူးဟောင်းဟာ ဂျော့မန်ဒက်စ်ကို ဆက်သွယ်ကာ ညွှန်ကြားခဲ့တာလို့ သိရပြီး ရာသီကုန်တာနဲ့ အသင်းသစ်ရှာဖွေပေးဖို့ တောင်းဆိုခဲ့ကြောင်းလည်း ဆိုပါတယ်။ ရော်နယ်ဒိုသာ အမှန်တကယ်အသင်းပြောင်းရွှေ့မယ်ဆိုရင်တော့ သူ့ကို အလိုရှိနေတဲ့ အသင်းတွေ ရှိနေဆဲဖြစ်ကာ အထူးသဖြင့် ငွေကြေးကြွယ်ဝတဲ့ ပီအက်စ်ဂျီအသင်းက လိုလိုလားလားကမ်းလှမ်းဖွယ်ရှိသလို အသင်းဟောင်း ယူနိုက်တက်နဲ့ ရီးရဲလ်တို့ကလည်း ပြန်လည်ချိတ်ဆက်ဖွယ်ရှိနေပါတယ်။
Zawgyi
ဂ်ဴဗင္တပ္စ္အသင္းရဲ့ တိုက္စစ္မႉးေရာ္နယ္ဒိုဟာ သူ႔ရဲ့ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္စ္ကို ကလပ္အသင္းသစ္ရွာေဖြဖို႔အတြက္ ေျပာဆိုခဲ့တယ္လို႔ သတင္းေတြထြက္ေပၚလာခဲ့ပါတယ္။ ဒီေန႔မွာ ထြက္ေပၚလာခဲ့တာျဖစ္ၿပီးေတာ့ ေရာ္နယ္ဒိုဟာ ဂ်ဴဗင္တပ္စ္နဲ႔ ၂၀၂၂ ခုႏွစ္၊ ဇြန္လအထိ စာခ်ဳပ္သက္တမ္းကန္ရွိေနေပမယ့္လည္း လာမယ့္ေႏြရာသီမွာ ထြက္ခြာဖို႔ စီစဥ္ေနတာလို႔လည္း ronaldo.com က ေဖာ္ျပခဲ့ပါတယ္။
အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီတိုက္စစ္မႉးဟာ ဂ်ဴဗီနဲ႔အတူ စီးရီးေအဖလား၊ အီတလီစူပါဖလားတို႔ကို ဆြတ္ခူးနိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္ဖလားကို ရယူနိုင္ဖို႔အတြက္ေတာ့ ေစာင့္ဆိုင္းေနရသူျဖစ္ပါတယ္။ ဂ်ဴဗီကလည္း ေရာ္နယ္ဒိုကို ေခၚယူခဲ့ရာမွာ ဥေရာပေအာင္ျမင္မႈျပန္လည္ ရယူဖို႔ျဖစ္ေပမယ့္လည္း ကံအေၾကာင္းမလွစြာနဲ႔ဘဲ ေအာင္ျမင္မႈရရွိဖို႔က အလွမ္းေဝးေနခဲ့ၿပီး ဒီရာသီမွာလည္း ၁၆ သင္းအဆင့္ ပထမအေက်ာ့မွာ ေပၚတိုကို ၂-၁ နဲ႔ အေရးနိမ့္ထားခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ အသက္အရြယ္ရလာခဲ့ေပမယ့္ ေျခစြမ္းပိုင္းကေတာ့ ထိပ္တန္းအဆင့္မွာရွိေနဆဲျဖစ္ၿပီး ဒီရာသီမွာ ၿပိဳင္ပြဲစုံသြင္းဂိုး ၂၀ ေက်ာ္အထိ ရရွိထားခဲ့ပါတယ္။ ဒါေပမယ့္လည္း ေနာက္ပိုင္းပြဲစဥ္ေတြမွာ ေရာ္နယ္ဒို ဂိုးေပါက္ေပ်ာက္ဆုံးေနၿပီး နည္းျပပီယာလိုရဲ့ အသင္းလိုက္ကစားပုံကို အားျပဳေနမႈက ေရာ္နယ္ဒိုအတြက္ အခက္ေတြ႕ေနၿပီး သူ႔ကိုတည္ကစားျခင္းမ်ိဳးမရွိလို႔ ႐ုန္းကန္ေနရတယ္လို႔ အီတလီတိုက္စစ္မႉးေဟာင္းကာဆာနိုက သုံးသပ္ခဲ့ပါတယ္။
ရီးရဲလ္မက္ဒရစ္နဲ႔ ယူနိုက္တက္တိုက္စစ္မႉးေဟာင္းဟာ ေဂ်ာ့မန္ဒက္စ္ကို ဆက္သြယ္ကာ ညႊန္ၾကားခဲ့တာလို႔ သိရၿပီး ရာသီကုန္တာနဲ႔ အသင္းသစ္ရွာေဖြေပးဖို႔ ေတာင္းဆိုခဲ့ေၾကာင္းလည္း ဆိုပါတယ္။ ေရာ္နယ္ဒိုသာ အမွန္တကယ္အသင္းေျပာင္းေရႊ႕မယ္ဆိုရင္ေတာ့ သူ႔ကို အလိုရွိေနတဲ့ အသင္းေတြ ရွိေနဆဲျဖစ္ကာ အထူးသျဖင့္ ေငြေၾကးႂကြယ္ဝတဲ့ ပီအက္စ္ဂ်ီအသင္းက လိုလိုလားလားကမ္းလွမ္းဖြယ္ရွိသလို အသင္းေဟာင္း ယူနိုက္တက္နဲ႔ ရီးရဲလ္တို႔ကလည္း ျပန္လည္ခ်ိတ္ဆက္ဖြယ္ရွိေနပါတယ္။