ပရီးမီးယားလိဂ်ဖလားလုပွဲ မပြီးဆုံးသေးဘူးဆိုတဲ့ဆိုးလ်ရှား

ပရီးမီးယားလိဂ် ဆုဖလားအတွက် ယှဉ်ပြိုင်နေရတဲ့ ပြိုင်ပွဲဟာ မပြီးဆုံးသေးပဲ တစ်ခုခုဖြစ်လာနိုင်သေးတယ်လို့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား က ပြောလိုက်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းက နယူးကာဆယ် အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲအပြီးမှာ ဆိုးလ်ရှားက အခုလိုပြောခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီပွဲအနိုင်ရခဲ့ပေမယ့် ထိပ်ဆုံးနေရာက မန်စီးတီး အသင်းနဲ့ (၁၀)မှတ်အကွာ အဆင့်(၂)နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

ဆိုးလ်ရှား က “ပြိုင်ပွဲပြီးဆုံးသွားပြီလို့ ကျွန်တော်ဘယ်တုန်းကမှ မပြောဆိုခဲ့ပါဘူး။ကျွန်တော်တို့ ဟာ ကိုယ်ပိုင်အလုပ်ကိုပဲ အကောင်းဆုံးဆက်လက်လုပ်ကိုင်နေကြပါတယ်။

တစ်ခုခုဖြစ်လာနိုင်ပါသေးတယ်။ဒါက ကျွန်တော်တို့ စဉ်းစားတဲ့အရာမဟုတ်ပါဘူး။ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကိုပဲ စဉ်းစားကြပါတယ်”

“ဒီလိုအရာကိုပဲ ကျွန်တော်တို့ ထိန်းချုပ်နိုင်ပါတယ်။ကွင်းထဲသွားပြီး အရှိန်အဟုန်တည်ဆောက်ဖို့နဲ့ ကောင်းမွန်စွာ ကစားဖို့ အရေးကြီးပါတယ်။ဝက်စ်ဘရွမ်းနဲ့ ရှက်ဖီးပွဲက အားနည်းချက်တွေကို ဒီမှာထိုင်ပြီးရှင်းပြချင်ပါတယ်။

ဘာကြောင့် ကျွန်တော်တို့ ရထိုက်တဲ့ အမှတ်တွေကိုမရခဲ့တာလဲ၊ဒါပေမယ့် ဒါကလည်း ကျွန်တော်တို့လိုချင်တာမဟုတ်ပါဘူး။ကျွန်တော့်အတွက်တော့ ကောင်လေးတွေက တကယ်ကို အာရုံစူးစိုက်နေကြပါတယ်”လို့ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ကြားရက်မှာ ယူရိုပါလိဂ် (၃၂)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဆိုစီဒက် အသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။ဒီပွဲပြီးရင်တော့ ချယ်လ်ဆီး အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ ဆုဖလားအတြက္ ယွဥ္ၿပိဳင္ေနရတဲ့ ၿပိဳင္ပြဲဟာ မၿပီးဆုံးေသးပဲ တစ္ခုခုျဖစ္လာနိုင္ေသးတယ္လို႔ မန္ခ်က္စတာယူနိုက္တက္ အသင္းနည္းၿပ ဆိုးလ္ရွား က ေျပာလိုက္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းက နယူးကာဆယ္ အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ ပြဲအၿပီးမွာ ဆိုးလ္ရွားက အခုလိုေျပာခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီပြဲအနိုင္ရခဲ့ေပမယ့္ ထိပ္ဆုံးေနရာက မန္စီးတီး အသင္းနဲ႔ (၁၀)မွတ္အကြာ အဆင့္(၂)ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

ဆိုးလ္ရွား က “ၿပိဳင္ပြဲၿပီးဆုံးသြားၿပီလို႔ ကၽြန္ေတာ္ဘယ္တုန္းကမွ မေျပာဆိုခဲ့ပါဘူး။ကၽြန္ေတာ္တို႔ ဟာ ကိုယ္ပိုင္အလုပ္ကိုပဲ အေကာင္းဆုံးဆက္လက္လုပ္ကိုင္ေနၾကပါတယ္။

တစ္ခုခုျဖစ္လာနိုင္ပါေသးတယ္။ဒါက ကၽြန္ေတာ္တို႔ စဥ္းစားတဲ့အရာမဟုတ္ပါဘူး။ကၽြန္ေတာ္တို႔ဟာ ကၽြန္ေတာ္တို႔ရဲ့စြမ္းေဆာင္ရည္ကိုပဲ စဥ္းစားၾကပါတယ္”

“ဒီလိုအရာကိုပဲ ကၽြန္ေတာ္တို႔ ထိန္းခ်ဳပ္နိုင္ပါတယ္။ကြင္းထဲသြားၿပီး အရွိန္အဟုန္တည္ေဆာက္ဖို႔နဲ႔ ေကာင္းမြန္စြာ ကစားဖို႔ အေရးႀကီးပါတယ္။ဝက္စ္ဘရြမ္းနဲ႔ ရွက္ဖီးပြဲက အားနည္းခ်က္ေတြကို ဒီမွာထိုင္ၿပီးရွင္းျပခ်င္ပါတယ္။

ဘာေၾကာင့္ ကၽြန္ေတာ္တို႔ ရထိုက္တဲ့ အမွတ္ေတြကိုမရခဲ့တာလဲ၊ဒါေပမယ့္ ဒါကလည္း ကၽြန္ေတာ္တို႔လိုခ်င္တာမဟုတ္ပါဘူး။ကၽြန္ေတာ့္အတြက္ေတာ့ ေကာင္ေလးေတြက တကယ္ကို အာ႐ုံစူးစိုက္ေနၾကပါတယ္”လို႔ဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၾကားရက္မွာ ယူရိုပါလိဂ္ (၃၂)သင္းအဆင့္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဆိုစီဒက္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာပါ။ဒီပြဲၿပီးရင္ေတာ့ ခ်ယ္လ္ဆီး အသင္းနဲ႔ ပရီးမီးယားလိဂ္ ပြဲစဥ္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *