ပီအက်စ်ဂျီကို ရှုံးတာထက် ကာဒစ်ဇ် ကို မနိုင်လို့ ဒေါသပေါက်ကွဲနေတဲ့ ရော်နယ်လ်ကိုးမန်း

ဘာစီလိုနာ အသင်းနည်းပြ ရော်နယ်လ်ကိုးမန်း က ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ အသင်းကို ဂိုးပြတ်ရှုံးနိမ့်တာထက် လာလီဂါ ပွဲစဉ်မှာ ကာဒစ်ဇ် အသင်းကို အနိုင်မရခဲ့တာက ပိုပြီး စိတ်ပျက်ဖို့ ကောင်းတယ်လို့ ပြောလိုက်ပါတယ်။ဘာစီလိုနာ အသင်းဟာ မနေ့က ကစားခဲ့တဲ့ လာလီဂါပွဲစဉ်ရဲ့ပထမပိုင်းမှာ မက်ဆီရဲ့ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ပြန်ပေးခဲ့ရတဲ့ ပင်နယ်တီကြောင့် ကာဒစ်ဇ် နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာ အသင်းဟာ ဒီပွဲသရေကျခဲ့တာကြောင့် ထိပ်ဆုံးက အသလက်တီကို အသင်းနဲ့ (၈)မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။အသလက်တီကို အသင်းဟာ ဒီတစ်ပတ်ပွဲမှာ လီဗန်တေး အသင်းကို အရေးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာ အသင်းအနေနဲ့ နိုင်ပွဲရယူပြီး အမှတ်ကွဟချက်ကျဉ်းမြောင်းအောင် မလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ရော်နယ်လ်ကိုးမန်းက “ဒါဟာ စိတ်ပျက်ဖို့ ကောင်းပါတယ်။ဒီလိုပွဲမျိုးကို အနိုင်ရအောင်လုပ်ရမှာဖြစ်ပြီး ကျွန်တာ်တို့ မလုပ်ခဲ့ပါဘူး”

“ဒါဟာ အသလက်တီကို အသင်းရှုံးနိမ့်အပြီးမှာ အလွန်ကောင်းမွန်တဲ့ အခွင့်အရေးကြီးကို ဆုံးရှုံးလိုက်ရတာပါပဲ။ဒါဟာ ပီအက်စ်ဂျီ ကို ရှုံးတာထက်ပိုပြီး စိတ်ပျက်မိပါတယ်။ကစားသမားတစ်ဦးချင်းစီကို အပြစ်မတင်ချင်ပါဘူး။ကျွန်တော်တို့ရဲ့အရည်အသွေးကြောင့် ကျွန်တော်တို့ အနိုင်ရခဲ့သင့်ပါတယ်။ဦးဆောင်မှုဟာ အလွန်ကျဉ်းမြောင်းခဲ့တဲ့ အတွက် ဘယ်အချိန်မဆို ချေပဂိုးပေးလိုက်ရနိုင်ပါတယ်။တကယ်လည်းဖြစ်သွားပါတယ်”

“တကယ်လို့သာ ပွဲကို အဆုံးသတ်ဖို့ အတွက် ဒုတိယဂိုးမသွင်းဘူးဆိုရင် သရေကျပြီး ပွဲကို အဆုံးသတ်ဖို့ တံခါးဖွင့်ထားသလိုဖြစ်မှာပါ”လို့ ဆိုခဲ့ပါတယ်။ဘာစီလိုနာ အသင်းဟာ (၂၀၁၅)နောက်ပိုင်း ပထမဆုံးအကြိမ် ပြိုင်ပွဲစုံ (၈)ပွဲဆက် ပေးဂိုးပေးခဲ့ရတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းနည္းၿပ ေရာ္နယ္လ္ကိုးမန္း က ခ်န္ပီယံလိဂ္မွာ ပီအက္စ္ဂ်ီ အသင္းကို ဂိုးျပတ္ရႈံးနိမ့္တာထက္ လာလီဂါ ပြဲစဥ္မွာ ကာဒစ္ဇ္ အသင္းကို အနိုင္မရခဲ့တာက ပိုၿပီး စိတ္ပ်က္ဖို႔ ေကာင္းတယ္လို႔ ေျပာလိုက္ပါတယ္။ဘာစီလိုနာ အသင္းဟာ မေန႔က ကစားခဲ့တဲ့ လာလီဂါပြဲစဥ္ရဲ့ပထမပိုင္းမွာ မက္ဆီရဲ့ပင္နယ္တီသြင္းဂိုးနဲ႔ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ပြဲၿပီးခါနီးမွာ ျပန္ေပးခဲ့ရတဲ့ ပင္နယ္တီေၾကာင့္ ကာဒစ္ဇ္ နဲ႔ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာ အသင္းဟာ ဒီပြဲသေရက်ခဲ့တာေၾကာင့္ ထိပ္ဆုံးက အသလက္တီကို အသင္းနဲ႔ (၈)မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။အသလက္တီကို အသင္းဟာ ဒီတစ္ပတ္ပြဲမွာ လီဗန္ေတး အသင္းကို အေရးနိမ့္ခဲ့ေပမယ့္ ဘာစီလိုနာ အသင္းအေနနဲ႔ နိုင္ပြဲရယူၿပီး အမွတ္ကြဟခ်က္က်ဥ္းေျမာင္းေအာင္ မလုပ္နိုင္ခဲ့တာျဖစ္ပါတယ္။ေရာ္နယ္လ္ကိုးမန္းက “ဒါဟာ စိတ္ပ်က္ဖို႔ ေကာင္းပါတယ္။ဒီလိုပြဲမ်ိဳးကို အနိုင္ရေအာင္လုပ္ရမွာျဖစ္ၿပီး ကၽြန္တာ္တို႔ မလုပ္ခဲ့ပါဘူး”

“ဒါဟာ အသလက္တီကို အသင္းရႈံးနိမ့္အၿပီးမွာ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရးႀကီးကို ဆုံးရႈံးလိုက္ရတာပါပဲ။ဒါဟာ ပီအက္စ္ဂ်ီ ကို ရႈံးတာထက္ပိုၿပီး စိတ္ပ်က္မိပါတယ္။ကစားသမားတစ္ဦးခ်င္းစီကို အျပစ္မတင္ခ်င္ပါဘူး။ကၽြန္ေတာ္တို႔ရဲ့အရည္အေသြးေၾကာင့္ ကၽြန္ေတာ္တို႔ အနိုင္ရခဲ့သင့္ပါတယ္။ဦးေဆာင္မႈဟာ အလြန္က်ဥ္းေျမာင္းခဲ့တဲ့ အတြက္ ဘယ္အခ်ိန္မဆို ေခ်ပဂိုးေပးလိုက္ရနိုင္ပါတယ္။တကယ္လည္းျဖစ္သြားပါတယ္”

“တကယ္လို႔သာ ပြဲကို အဆုံးသတ္ဖို႔ အတြက္ ဒုတိယဂိုးမသြင္းဘူးဆိုရင္ သေရက်ၿပီး ပြဲကို အဆုံးသတ္ဖို႔ တံခါးဖြင့္ထားသလိုျဖစ္မွာပါ”လို႔ ဆိုခဲ့ပါတယ္။ဘာစီလိုနာ အသင္းဟာ (၂၀၁၅)ေနာက္ပိုင္း ပထမဆုံးအႀကိမ္ ၿပိဳင္ပြဲစုံ (၈)ပြဲဆက္ ေပးဂိုးေပးခဲ့ရတယ္လို႔လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *