အာဆင်နယ်ကို မထိတထိနဲ့ ခနဲ့လိုက်တဲ့ ဂွာဒီယိုလာ

တစ်ခါတစ်ရံမှာ ခင်ဗျားတို့ အနေနဲ့ (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရတာဟာ အလွန်ကောင်းမွန်တယ်လို့ မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာ က အာဆင်နယ် အသင်းကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောလိုက်ပါတယ်။

မန်စီးတီး အသင်းဟာ မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းကို စတာလင် ရဲ့ပွဲအစပိုင်းထဲက သွင်းဂိုးကြောင့် (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ဒီနိုင်ပွဲကြောင့် ပြိုင်ပွဲစုံ (၁၈)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက် မန်ချက်စတာယူနိုက်တက် အသင်းကို (၁၀)မှတ်အသာရကာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဂွာဒီယိုလာ က “ဒီပွဲဟာ ခက်ခဲလိမ့်မယ်ဆိုတာ ကျွန်တော်တို့ သိပေမယ့် ကျွန်တော်တို့ ဂိုးအစောကြီး သွင်းယူနိုင်ခဲ့ပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ကျွန်တော်တို့ ဒုတိယဂိုးနဲ့ တတိယဂိုးရနိုင်ပေမယ့် သူတို့ ခံစစ်ကလည်း အလွန်ကောင်းမွန်ခဲ့ပါတယ်”

“အာဆင်နယ်နဲ့ အာတီတာ ကို ကစားရတာ အလွန်ခက်ခဲပါတယ်။သူက ကျွန်တော်တို့ ကစားသမားတွေအကြောင်း ကောင်းကောင်းသိပါတယ်။

ဒီပွဲဟာ အလွန်ကောင်းမွန်တဲ့ ပွဲဖြစ်ခဲ့ပါတယ်။ပွဲတိုင်းကို ၂-၀,၃-၀,၄-၀ နဲ့ အနိုင်ရမှာမဟုတ်ပါဘူး။

တစ်ခါတစ်ရံ ၁-၀ နဲ့ နိုင်တာက အလွန်ကောင်းပါတယ်။ကျွန်တော်တို့ လုပ်နေတာက အရမ်းခက်တယ်ဆိုတာ ကျွန်တော်တို့ သိဖို့ လိုပါတယ်။ဒါကြောင့် ဒီရလဒ်ကို ကျွန်တော်သဘောကျပါတယ်”

“အခုအချိန်က လာမယ့်ပွဲအတွက်တွေးရမယ့် အချိန်လို့ ထင်ပါတယ်။ချန်ပီယံလိဂ်ကစားရမယ် ဒါပြီးရင် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ကစားရပါမယ်”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

မန်စီးတီး အသင်းဟာ ကြားရက်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် မိုချန်ဂလာဘတ် အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

တစ္ခါတစ္ရံမွာ ခင္ဗ်ားတို႔ အေနနဲ႔ (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရတာဟာ အလြန္ေကာင္းမြန္တယ္လို႔ မန္စီးတီး အသင္းနည္းၿပ ဂြာဒီယိုလာ က အာဆင္နယ္ အသင္းကို အနိုင္ရတဲ့ ပြဲအၿပီးမွာ ေျပာလိုက္ပါတယ္။

မန္စီးတီး အသင္းဟာ မေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အာဆင္နယ္ အသင္းကို စတာလင္ ရဲ့ပြဲအစပိုင္းထဲက သြင္းဂိုးေၾကာင့္ (၁)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရခဲ့တာျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ၿပိဳင္ပြဲစုံ (၁၈)ပြဲဆက္တိုက္ အနိုင္ရခဲ့ၿပီး ဒုတိယေနရာက ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာယူနိုက္တက္ အသင္းကို (၁၀)မွတ္အသာရကာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားကို ဆက္လက္ဦးေဆာင္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဂြာဒီယိုလာ က “ဒီပြဲဟာ ခက္ခဲလိမ့္မယ္ဆိုတာ ကၽြန္ေတာ္တို႔ သိေပမယ့္ ကၽြန္ေတာ္တို႔ ဂိုးအေစာႀကီး သြင္းယူနိုင္ခဲ့ၿပီး ထိန္းခ်ဳပ္နိုင္ခဲ့ပါတယ္။ကၽြန္ေတာ္တို႔ ဒုတိယဂိုးနဲ႔ တတိယဂိုးရနိုင္ေပမယ့္ သူတို႔ ခံစစ္ကလည္း အလြန္ေကာင္းမြန္ခဲ့ပါတယ္”

“အာဆင္နယ္နဲ႔ အာတီတာ ကို ကစားရတာ အလြန္ခက္ခဲပါတယ္။သူက ကၽြန္ေတာ္တို႔ ကစားသမားေတြအေၾကာင္း ေကာင္းေကာင္းသိပါတယ္။

ဒီပြဲဟာ အလြန္ေကာင္းမြန္တဲ့ ပြဲျဖစ္ခဲ့ပါတယ္။ပြဲတိုင္းကို ၂-၀,၃-၀,၄-၀ နဲ႔ အနိုင္ရမွာမဟုတ္ပါဘူး။

တစ္ခါတစ္ရံ ၁-၀ နဲ႔ နိုင္တာက အလြန္ေကာင္းပါတယ္။ကၽြန္ေတာ္တို႔ လုပ္ေနတာက အရမ္းခက္တယ္ဆိုတာ ကၽြန္ေတာ္တို႔ သိဖို႔ လိုပါတယ္။ဒါေၾကာင့္ ဒီရလဒ္ကို ကၽြန္ေတာ္သေဘာက်ပါတယ္”

“အခုအခ်ိန္က လာမယ့္ပြဲအတြက္ေတြးရမယ့္ အခ်ိန္လို႔ ထင္ပါတယ္။ခ်န္ပီယံလိဂ္ကစားရမယ္ ဒါၿပီးရင္ ဝက္စ္ဟမ္းနဲ႔ ပရီးမီးယားလိဂ္ကစားရပါမယ္”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

မန္စီးတီး အသင္းဟာ ၾကားရက္မွာ ခ်န္ပီယံလိဂ္ပြဲစဥ္အျဖစ္ မိုခ်န္ဂလာဘတ္ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *