မီလန်ဒါဘီမှာ အပြုံးပန်းဝေခဲ့ပြီး နှစ်ပေါင်း ၇၁ နှစ်ကြာက စံချိန်ကိုပါ လိုက်မှီခဲ့တဲ့ လူကာကူ

အင်တာမီလန် အသင်းကတော့ မနေ့ညက ကစားခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်မှာ အေစီမီလန် အသင်းကို (၃)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အမှတ်ပေးဇယားကို ပြတ်ပြတ်သားသားဦးဆောင်လိုက်ပြီဖြစ်ပါတယ်။အင်တာမီလန် အတွက် ဂိုးတွေကို မာတီးနတ်စ် က (၂)ဂိုးနဲ့ လူကာကူ က (၁)ဂိုးသွင်းယူခဲ့တာပါ။အင်တာ အသင်းဟာ ဒီနိုင်ပွဲကြောင့် အေစီမီလန် အသင်းကို (၄)မှတ်အသာရပြီး ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

လူကာကူ ကတော့ (၇၁)နှစ်အကြာမှာ မီလန်ဒါဘီ (၄)ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစား အင်တာမီလန် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။အင်တာမီလန် အသင်းဟာ ဒီနိုင်ပွဲကြောင့် (၁၁)နှစ်အကြာမှ ပထမဆုံး စီးရီးအေဖလားကို ရယူဖို့ အခွင့်အရေးရခဲ့ပြီလည်းဖြစ်ပါတယ်။အင်တာမီလန် အတွက် မီလန်ဒါဘီ(၄)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့တဲ့ ပထမဆုံး ကစားသမားကတော့ (၁၉၅၀) က လိုရန်ဇီ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ လူကာကူ က လိုရန်ဇီ ရဲ့စံချိန်မှတ်တမ်းကို (၇၁)နှစ်အကြာမှာ အမှီလိုက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။လူကာကူ ဟာ (၂၀၁၉) က မန်ချက်စတာယူနိုက်တက် အသင်းကနေ ရောက်ရှိလာထဲက အင်တာ အသင်းအတွက် ခြေစွမ်းပြသနေတာဖြစ်ပြီး ပြိုင်ပွဲစုံ (၈၁)ပွဲမှာ (၅၇)ဂိုးသွင်းယူနိုင်ခဲ့တာပါ။ဘယ်လ်ဂျီယံ ကစားသမား ဟာ ပြီးခဲ့တဲ့ အပတ်က လာဇီယို ကို အနိုင်ရတဲ့ ပွဲမှာ ဂိုးသွင်းယူပြီးနောက် ကစားသမားဘဝ သွင်းဂိုး(၃၀၀)ပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။

လူကာကူ ဟာ ဒီရာသီ စီးရီးအေ ပြိုင်ပွဲမှာ (၂၂)ပွဲကစားပြီး (၁၇)ဂိုးသွင်းယူကာ ပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာပါ။အင်တာ အသင်းဟာ အခုလ(၂၈)ရက်မှာတော့ စီးရီးအေ ပွဲစဉ်အဖြစ် ဂျီနိုအာ အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

အင္တာမီလန္ အသင္းကေတာ့ မေန႔ညက ကစားခဲ့တဲ့ မီလန္ဒါဘီပြဲစဥ္မွာ ေအစီမီလန္ အသင္းကို (၃)ဂိုး-ဂိုးမရွိနဲ႔ အနိုင္ရၿပီး အမွတ္ေပးဇယားကို ျပတ္ျပတ္သားသားဦးေဆာင္လိုက္ၿပီျဖစ္ပါတယ္။အင္တာမီလန္ အတြက္ ဂိုးေတြကို မာတီးနတ္စ္ က (၂)ဂိုးနဲ႔ လူကာကူ က (၁)ဂိုးသြင္းယူခဲ့တာပါ။အင္တာ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ ေအစီမီလန္ အသင္းကို (၄)မွတ္အသာရၿပီး ဦးေဆာင္နိုင္ခဲ့တာျဖစ္ပါတယ္။

လူကာကူ ကေတာ့ (၇၁)ႏွစ္အၾကာမွာ မီလန္ဒါဘီ (၄)ပြဲဆက္တိုက္ ဂိုးသြင္းယူနိုင္တဲ့ ပထမဆုံး ကစား အင္တာမီလန္ ကစားသမားအျဖစ္လည္း မွတ္တမ္းဝင္ခဲ့ပါတယ္။အင္တာမီလန္ အသင္းဟာ ဒီနိုင္ပြဲေၾကာင့္ (၁၁)ႏွစ္အၾကာမွ ပထမဆုံး စီးရီးေအဖလားကို ရယူဖို႔ အခြင့္အေရးရခဲ့ၿပီလည္းျဖစ္ပါတယ္။အင္တာမီလန္ အတြက္ မီလန္ဒါဘီ(၄)ပြဲဆက္ဂိုးသြင္းယူနိုင္ခဲ့တဲ့ ပထမဆုံး ကစားသမားကေတာ့ (၁၉၅၀) က လိုရန္ဇီ ျဖစ္ပါတယ္။

အခုအခ်ိန္မွာေတာ့ လူကာကူ က လိုရန္ဇီ ရဲ့စံခ်ိန္မွတ္တမ္းကို (၇၁)ႏွစ္အၾကာမွာ အမွီလိုက္နိုင္ခဲ့တာလည္းျဖစ္ပါတယ္။လူကာကူ ဟာ (၂၀၁၉) က မန္ခ်က္စတာယူနိုက္တက္ အသင္းကေန ေရာက္ရွိလာထဲက အင္တာ အသင္းအတြက္ ေျခစြမ္းျပသေနတာျဖစ္ၿပီး ၿပိဳင္ပြဲစုံ (၈၁)ပြဲမွာ (၅၇)ဂိုးသြင္းယူနိုင္ခဲ့တာပါ။ဘယ္လ္ဂ်ီယံ ကစားသမား ဟာ ၿပီးခဲ့တဲ့ အပတ္က လာဇီယို ကို အနိုင္ရတဲ့ ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ကစားသမားဘဝ သြင္းဂိုး(၃၀၀)ျပည့္ေျမာက္ခဲ့တာျဖစ္ပါတယ္။

လူကာကူ ဟာ ဒီရာသီ စီးရီးေအ ၿပိဳင္ပြဲမွာ (၂၂)ပြဲကစားၿပီး (၁၇)ဂိုးသြင္းယူကာ ၿပိဳင္ပြဲရဲ့ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္ေနတာပါ။အင္တာ အသင္းဟာ အခုလ(၂၈)ရက္မွာေတာ့ စီးရီးေအ ပြဲစဥ္အျဖစ္ ဂ်ီနိုအာ အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *