အတ္တလန်တာ နဲ့ ပွဲမှာ ဒဏ်ရာရနေတဲ့ အဓိက ကစားသမားကို အရဲစွန့်သုံးမှာမဟုတ်တဲ့ ဇီဒန်း

ရီးရယ်လ် အသင်းနည်းပြ ဇီဒန်းက ဘန်ဇီမာ ရဲ့ကြံခိုင်ရေးနဲ့ ပတ်သက်ပြီး ဘယ်လိုမှ အရဲစွန့်တာတွေ ပြုလုပ်သွားမှာမဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။

ဘန်ဇီမာ ဟာ ခြေကျင်းဝတ်ဒဏ်ရာရနေတာဖြစ်ပြီး ဒီမနက်က ကစားခဲ့တဲ့ ဗယ်လာဒိုးလစ် အသင်းနဲ့ ပွဲမှာ မပါဝင်နိုင်ခဲ့ပဲ လာမယ့်အပတ် အတ္တလန်တာ အသင်းနဲ့ ချန်ပီယဲလိဂ်ပွဲမှာလည်း ပါဝင်ဖို့ မသေချာတဲ့ အခြေအနေမှာ ရှိနေတာလည်းဖြစ်ပါတယ်။

ဘန်ဇီမာ ရဲ့ဒဏ်ရာအခြေအနေပြင်းထန်မှုကို ဒီနေ့မှာ စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်သွားမှာဖြစ်ပြီး ဇီဒန်း ကတော့ ပြင်သစ်ကစားသမားဟာ စီးရီးအေကလပ်အသင်းနဲ့ ပွဲမှာ ကြံခိုင်မှုပြည့်ဝမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဇီဒန်း က “ကျွန်တော်တို့ ဘန်ဇီမာ နဲ့ပတ်သက်ပြီး အရဲစွန့်တာတွေ ပြုလုပ်သွားမှာမဟုတ်ပါဘူး။ဘာဖြစ်လို့လဲဆိုရင် ရာသီဟာ အရှည်ကြီးကျန်ပါသေးတယ်။တကယ်လို့သာ သူဟာ ကြံခိုင်မှုပြည့်ဝနေရင် ကျွန်တော်တို့နဲ့ အတူရှိမှာဖြစ်ပြီး၊ မရှိရင်တော့ သူပါဝင်နိုင်မှာမဟုတ်ပါဘူး”

“ကျွန်တော်တို့ အရဲစွန့်သွားမှာမဟုတ်ပါဘူး။ကျွန်တော်တို့ ဘယ်တုန်းကမှ အရဲစွန့်တာတွေကို မလုပ်ခဲ့ပါဘူး။တကယ်လို့ ဒါဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆိုရင် အခြေအနေကွာခြားသွားပြီး ကျွန်တော်တို့ အရဲစွန့်နိုင်ပါတယ်။လာလီဂါနောက်ဆုံးပွဲဆိုရင်တော့ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် ပွဲတွေကစားဖို့ အများကြီးရှိပါသေးတယ်။အဲဒါကြောင့် ကျွန်တော်တို့ အရဲစွန့်မှာမဟုတ်ပါဘူး။မနက်ဖြန်မှာ စကန်ဖတ်စစ်ဆေးသွားမှာဖြစ်ပြီး ကျွန်တော်တို့ တွေ့ရမှာပါ”လို့ ဆိုခဲ့ပါတယ်။

လက်ရှိ ရီးရယ်လ် အသင်းမှာ ဘန်ဇီမာ အပြင် ရာမိုစ့်၊ ကာဗာဂျဲလ်၊ ရိုဒရီဂို၊ ဗယ်လ်ဗာဒီ၊ အိုဒရီအိုဇိုလာ၊ ဟာဇက်၊ မာဆယ်လို နဲ့ မီလီတာအို လည်း ဒဏ်ရာပြသနာတွေရှိနေတာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

Zawgyi

ရီးရယ္လ္ အသင္းနည္းၿပ ဇီဒန္းက ဘန္ဇီမာ ရဲ့ႀကံခိုင္ေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုမွ အရဲစြန႔္တာေတြ ျပဳလုပ္သြားမွာမဟုတ္ဘူးလို႔ ေျပာလိုက္ပါတယ္။

ဘန္ဇီမာ ဟာ ေျခက်င္းဝတ္ဒဏ္ရာရေနတာျဖစ္ၿပီး ဒီမနက္က ကစားခဲ့တဲ့ ဗယ္လာဒိုးလစ္ အသင္းနဲ႔ ပြဲမွာ မပါဝင္နိုင္ခဲ့ပဲ လာမယ့္အပတ္ အတၱလန္တာ အသင္းနဲ႔ ခ်န္ပီယဲလိဂ္ပြဲမွာလည္း ပါဝင္ဖို႔ မေသခ်ာတဲ့ အေျခအေနမွာ ရွိေနတာလည္းျဖစ္ပါတယ္။

ဘန္ဇီမာ ရဲ့ဒဏ္ရာအေျခအေနျပင္းထန္မႈကို ဒီေန႔မွာ စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္သြားမွာျဖစ္ၿပီး ဇီဒန္း ကေတာ့ ျပင္သစ္ကစားသမားဟာ စီးရီးေအကလပ္အသင္းနဲ႔ ပြဲမွာ ႀကံခိုင္မႈျပည့္ဝမွာ မဟုတ္ဘူးလို႔ ဆိုပါတယ္။

ဇီဒန္း က “ကၽြန္ေတာ္တို႔ ဘန္ဇီမာ နဲ႔ပတ္သက္ၿပီး အရဲစြန႔္တာေတြ ျပဳလုပ္သြားမွာမဟုတ္ပါဘူး။ဘာျဖစ္လို႔လဲဆိုရင္ ရာသီဟာ အရွည္ႀကီးက်န္ပါေသးတယ္။တကယ္လို႔သာ သူဟာ ႀကံခိုင္မႈျပည့္ဝေနရင္ ကၽြန္ေတာ္တို႔နဲ႔ အတူရွိမွာျဖစ္ၿပီး၊ မရွိရင္ေတာ့ သူပါဝင္နိုင္မွာမဟုတ္ပါဘူး”

“ကၽြန္ေတာ္တို႔ အရဲစြန႔္သြားမွာမဟုတ္ပါဘူး။ကၽြန္ေတာ္တို႔ ဘယ္တုန္းကမွ အရဲစြန႔္တာေတြကို မလုပ္ခဲ့ပါဘူး။တကယ္လို႔ ဒါဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲဆိုရင္ အေျခအေနကြာျခားသြားၿပီး ကၽြန္ေတာ္တို႔ အရဲစြန႔္နိုင္ပါတယ္။လာလီဂါေနာက္ဆုံးပြဲဆိုရင္ေတာ့ ျဖစ္နိုင္ပါတယ္။

ဒါေပမယ့္ ပြဲေတြကစားဖို႔ အမ်ားႀကီးရွိပါေသးတယ္။အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔ အရဲစြန႔္မွာမဟုတ္ပါဘူး။မနက္ျဖန္မွာ စကန္ဖတ္စစ္ေဆးသြားမွာျဖစ္ၿပီး ကၽြန္ေတာ္တို႔ ေတြ႕ရမွာပါ”လို႔ ဆိုခဲ့ပါတယ္။

လက္ရွိ ရီးရယ္လ္ အသင္းမွာ ဘန္ဇီမာ အျပင္ ရာမိုစ့္၊ ကာဗာဂ်ဲလ္၊ ရိုဒရီဂို၊ ဗယ္လ္ဗာဒီ၊ အိုဒရီအိုဇိုလာ၊ ဟာဇက္၊ မာဆယ္လို နဲ႔ မီလီတာအို လည္း ဒဏ္ရာျပသနာေတြရွိေနတာေၾကာင့္ အနားယူေနရတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *