အီတလီနဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းကာဆာနိုက ရော်နယ်ဒိုဟာ နည်းပြပီယာလိုရဲ့ကစားတဲ့ပုံစံအောက်မှာ အခက်တွေ့ရုန်းကန်နေရတယ်လို့ ပြောဆိုလိုက်ပါတယ်။ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ပေါ်တိုကို ဂျူဗီက ၂-၁ နဲ့ အရေးနိမ့်ခဲ့ပြီးနောက် ကာဆာနိုက ပြောဆိုခဲ့တာဖြစ်ပြီး ရော်နယ်ဒိုဟာ သူ့ရဲ့တစ်ကိုယ်ကောင်းဆန်ဆန်ကစားမှုကြောင့်သာ ဂိုးတွေအများအပြားရရှိခဲ့ပြီး အသင်းလိုက်ကစားပုံမှာတော့ အားနည်းတယ်လို့ အီတလီကြယ်ပွင့်ဟောင်းက သုံးသပ်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ ဒီရာသီမှာ ဂျူဗီအတွက် ပြိုင်ပွဲစုံ ၂၇ ပွဲကစားအပြီးမှာ ၂၃ ဂိုးအထိ သွင်းယူပေးထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသက် ၃၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပေါ်တူဂီသားဟာ ပေါ်တိုနဲ့ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ခြင်းမရှိဘဲ ရုန်းကန်ခဲ့ရပါတယ်။ ကာဆာနိုက ရော်နယ်ဒိုဟာ ထိပ်တန်းအဆင့်မှာ ကစားနိုင်ဆဲဖြစ်တယ်လို့ ယုံကြည်နေပေမယ့်လည်း ဒီရာသီမှာတော့ ခက်ခဲစွာရုန်းကန်ကစားနေရတယ်လို့လည်း ခံစားရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

“ကျွန်တော်အမြဲတမ်းပြောခဲ့ဖူးပါတယ်၊ သူက မယုံကြည်နိုင်ဖွယ်ရာကစားသမားဖြစ်ပြီး ဂိုးတွေဘီလီယံနဲ့ချီပြီး သွင်းယူနိုင်သူပါ၊ ဒါပေမယ့် ပီယာလိုရဲ့ ဘောလုံးဒဿနမှာတော့ သူ ခက်ခက်ခဲခဲရုန်းကန်နေရပါတယ်၊ သူက ပွဲတိုင်းဂိုးသွင်းနိုင်တယ်၊ ဒါအမှန်ပဲ၊ ဒါပေမယ့်လည်း အခု ပီယာလိုလက်အောက်မှာ သူ ရုန်းကန်နေရတယ်၊ သူက အမြဲတမ်း တစ်ကိုယ်ကောင်းနည်းနည်းဆန်ခဲ့ပြီး တခြားသူတွေ ဂိုးသွင်းဖို့ ဘယ်တော့မှ မပေးခဲ့ပါဘူး”

“သူက သွင်းဂိုးတွေအတွက် ရှင်သန်နေတဲ့ ကစားသမားမျိုးပါ၊ ပွဲအတွက်မဟုတ်ဘူး၊ ပွဲကြီးပွဲကောင်းတွေအတွက်လည်းမဟုတ်ဘူး၊ သူက ဂိုးတွေသွင်းဖို့ပဲ ရှင်သန်နေတာဖြစ်ပြီး လက်ရှိမှာတော့ သူ့အတွက် ခက်ခဲနေပါတယ်၊ ဂျူဗီက ချန်ပီယံလိဂ်ဖလားရယူနိုင်ဖို့ ချန်ပီယံလိဂ်ဖလားငါးကြိမ်ရကစားသမားတစ်ဦးကို ခေါ်ယူခဲ့ပါတယ်၊ ဒါပေမယ့် သူတို့ အဲဒီပြိုင်ပွဲမှာ တော်တော်လေးရုန်းကန်နေရပါတယ်၊ ဒါက ဆာရီကိုင်တွယ်ကတည်းကပါ” လို့ ကာဆာနိုက ပြောဆိုသွားခဲ့ပါတယ်။
Zawgyi
အီတလီနဲ႔ ဂ်ဴဗင္တပ္စ္တိုက္စစ္မႉးေဟာင္းကာဆာနိုက ေရာ္နယ္ဒိုဟာ နည္းျပပီယာလိုရဲ့ကစားတဲ့ပုံစံေအာက္မွာ အခက္ေတြ႕႐ုန္းကန္ေနရတယ္လို႔ ေျပာဆိုလိုက္ပါတယ္။ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ပထမအေက်ာ့မွာ ေပၚတိုကို ဂ်ဴဗီက ၂-၁ နဲ႔ အေရးနိမ့္ခဲ့ၿပီးေနာက္ ကာဆာနိုက ေျပာဆိုခဲ့တာျဖစ္ၿပီး ေရာ္နယ္ဒိုဟာ သူ႔ရဲ့တစ္ကိုယ္ေကာင္းဆန္ဆန္ကစားမႈေၾကာင့္သာ ဂိုးေတြအမ်ားအျပားရရွိခဲ့ၿပီး အသင္းလိုက္ကစားပုံမွာေတာ့ အားနည္းတယ္လို႔ အီတလီၾကယ္ပြင့္ေဟာင္းက သုံးသပ္ခဲ့ပါတယ္။
ေရာ္နယ္ဒိုကေတာ့ ဒီရာသီမွာ ဂ်ဴဗီအတြက္ ၿပိဳင္ပြဲစုံ ၂၇ ပြဲကစားအၿပီးမွာ ၂၃ ဂိုးအထိ သြင္းယူေပးထားသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း အသက္ ၃၆ ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ေပၚတူဂီသားဟာ ေပၚတိုနဲ႔ပြဲမွာ ေျခစြမ္းျပနိုင္ခဲ့ျခင္းမရွိဘဲ ႐ုန္းကန္ခဲ့ရပါတယ္။ ကာဆာနိုက ေရာ္နယ္ဒိုဟာ ထိပ္တန္းအဆင့္မွာ ကစားနိုင္ဆဲျဖစ္တယ္လို႔ ယုံၾကည္ေနေပမယ့္လည္း ဒီရာသီမွာေတာ့ ခက္ခဲစြာ႐ုန္းကန္ကစားေနရတယ္လို႔လည္း ခံစားရေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္။
“ကၽြန္ေတာ္အျမဲတမ္းေျပာခဲ့ဖူးပါတယ္၊ သူက မယုံၾကည္နိုင္ဖြယ္ရာကစားသမားျဖစ္ၿပီး ဂိုးေတြဘီလီယံနဲ႔ခ်ီၿပီး သြင္းယူနိုင္သူပါ၊ ဒါေပမယ့္ ပီယာလိုရဲ့ ေဘာလုံးဒႆနမွာေတာ့ သူ ခက္ခက္ခဲခဲ႐ုန္းကန္ေနရပါတယ္၊ သူက ပြဲတိုင္းဂိုးသြင္းနိုင္တယ္၊ ဒါအမွန္ပဲ၊ ဒါေပမယ့္လည္း အခု ပီယာလိုလက္ေအာက္မွာ သူ ႐ုန္းကန္ေနရတယ္၊ သူက အျမဲတမ္း တစ္ကိုယ္ေကာင္းနည္းနည္းဆန္ခဲ့ၿပီး တျခားသူေတြ ဂိုးသြင္းဖို႔ ဘယ္ေတာ့မွ မေပးခဲ့ပါဘူး”
“သူက သြင္းဂိုးေတြအတြက္ ရွင္သန္ေနတဲ့ ကစားသမားမ်ိဳးပါ၊ ပြဲအတြက္မဟုတ္ဘူး၊ ပြဲႀကီးပြဲေကာင္းေတြအတြက္လည္းမဟုတ္ဘူး၊ သူက ဂိုးေတြသြင္းဖို႔ပဲ ရွင္သန္ေနတာျဖစ္ၿပီး လက္ရွိမွာေတာ့ သူ႔အတြက္ ခက္ခဲေနပါတယ္၊ ဂ်ဴဗီက ခ်န္ပီယံလိဂ္ဖလားရယူနိုင္ဖို႔ ခ်န္ပီယံလိဂ္ဖလားငါးႀကိမ္ရကစားသမားတစ္ဦးကို ေခၚယူခဲ့ပါတယ္၊ ဒါေပမယ့္ သူတို႔ အဲဒီၿပိဳင္ပြဲမွာ ေတာ္ေတာ္ေလး႐ုန္းကန္ေနရပါတယ္၊ ဒါက ဆာရီကိုင္တြယ္ကတည္းကပါ” လို႔ ကာဆာနိုက ေျပာဆိုသြားခဲ့ပါတယ္။