မာရာဒိုနာရဲ့ ပိုင်ဆိုင်မှု ပေါင်သန်း ၇၀ ပျောက်ဆုံးနေမှုကြီး

မာရာဒိုနာ ရဲ့ပေါင်(၇၅)သန်းပိုင်ဆိုင်မှုထဲက ပေါင်သန်း(၇၀)ဟာ ပျောက်ဆုံးနေပြီး သူ့ရဲ့ကလေးတွေဟာ ပေါင်(၅)သန်းအောက်သာ တိုက်ပွဲဝင်ရန်ကျန်နေခဲ့တယ်လို့ ရှေ့နေတစ်ဦးက ပြောပါတယ်။မာရာဒိုနာ ဟာ သူသေဆုံးသွားတဲ့ အချိန်မှာ ပေါင်(၅)သန်းထက် ပိုပြီးများစွာ ပိုင်ဆိုင်ခဲ့တယ်လို့ မိသားစုရှေ့နေက ပြောခဲ့တာပါ။အာဂျင်တီးနား ဂန္တဝင်ကစားသမားက သူမသေဆုံးခင်အချိန်က သူ့မှာ ပေါင်(၇၅)သန်းဝန်းကျင်ရှိတယ်လို့ သူငယ်ချင်းတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

မာရာဒိုနာ ဟာ သူ့ရဲ့ပိုင်ဆိုင်မှုကို ထုတ်ဖော်ပြောခဲ့တဲ့ အတွက် သူ့ရဲ့ပိုင်ဆိုင်မှုဟာ ခိုးယူခံရနိုင်တယ်လို့ ရှေ့နေက ဆိုပါတယ်။မာရီယို က “ပေါင်(၇၅)သန်းနဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေရှိနေပေမယ့် သေးငယ်တဲ့တိုက်ခန်း၊ အိမ်အဟောင်း၊ ကား(၂)စီးနဲ့ ဘဏ်စာရင်းမှာ ပေါင်(၄)သန်းကျော်သာ ပေါ်ထွက်လာခဲ့ပါတယ်။ဒီ‌ယေဂို က ငွေအများအပြားရခဲ့ပေမယ့် ပြသနာက သူ့မှာမရှိတော့တာပါ။ကုန်ကျစရိတ် အစီရင်ခံစာတွေမထွက်လာသေးပါဘူး။အဲဒါကြောင့် ကျွန်တော်တို့လည်း မသိပါဘူး”

“သူသုံးစွဲခဲ့လား ဒါမှမဟုတ် အခြားသူတွေသုံးစွဲခဲ့လား ဒါမှမဟုတ် တစ်နေရာရာမှာပဲ ရှိမလား မရှိဘူးလားဆိုတာတော့ ကျွန်တော်တို့ မသိသေးပါဘူး။ဒီ‌ယေဂို က သူ့အိမ်ကို သူပဲဖွင့်နိုင်တယ်လို့ ထင်ထားပေမယ့် ထိမိသူဘယ်သူမဆိုလည်းဖြစ်နိုင်ပါတယ်။ကျွန်တော်တို့ ဟာ ဒီယိုဂို နာမည်နဲ့ ဘဏ်တစ်ခုမှာ အလွန်စိတ်ချရတဲ့ နေရာတစ်ခုကို ဖွင့်ပါတော့မယ်။ဒါပေမယ့် ကျွန်တော်တို့ သွားတဲ့ အခါမှာ မာရာဒိုနာ ဟာ ဘယ်တုန်းကမှ အဲ‌ဒီကို မသွားဘူးဆိုတာ တွေ့ရပါလိမ့်မယ်။ဒီယေဂို ဟာ လူတွေကို ရှေ့နေအဖြစ် ပေးလိုက်တဲ့အခါမှာ သူတို့ဟာ စာရင်းဖွင့်ပြီး သူ့နာမည်နဲ့ အလုပ်လုပ်ခဲ့ပါတယ်။ဒီယေဂို မှာ သန်းပေါင်းများစွာရှိခဲ့တယ်ဆိုရင် အဲ့ဒါက ဘယ်မှာလဲ?”

“ဒီယေဂိုကသာ သုံးစွဲခဲ့တယ်ဆိုရင် ပြသနာမရှိပါဘူး။ဖြစ်ပျက်ခဲ့တာကို ပြသခဲ့မယ်ဆိုရင် သူရဲ့အမွေဆက်ခံသူတွေဟာ အေးဆေးပဲဖြစ်နေပါလိမ့်မယ်။ဒါပေမယ့် အခုအချိန်မှာတော့ ဒါတွေကို သက်သေပြဖို့ စာရွက်စာတမ်းတွေမရှိတော့ပါဘူး”လို့ ဆိုခဲ့ပါတယ်။အာဂျင်တီးနား ဂန္တဝင်ကစားသမား မာရာဒိုနာ ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ(၂၅)ရက်က နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ဝာာဖြစ်ပါတယ်။

Zawgyi

မာရာဒိုနာ ရဲ့ေပါင္(၇၅)သန္းပိုင္ဆိုင္မႈထဲက ေပါင္သန္း(၇၀)ဟာ ေပ်ာက္ဆုံးေနၿပီး သူ႔ရဲ့ကေလးေတြဟာ ေပါင္(၅)သန္းေအာက္သာ တိုက္ပြဲဝင္ရန္က်န္ေနခဲ့တယ္လို႔ ေရွ႕ေနတစ္ဦးက ေျပာပါတယ္။မာရာဒိုနာ ဟာ သူေသဆုံးသြားတဲ့ အခ်ိန္မွာ ေပါင္(၅)သန္းထက္ ပိုၿပီးမ်ားစြာ ပိုင္ဆိုင္ခဲ့တယ္လို႔ မိသားစုေရွ႕ေနက ေျပာခဲ့တာပါ။အာဂ်င္တီးနား ဂႏၲဝင္ကစားသမားက သူမေသဆုံးခင္အခ်ိန္က သူ႔မွာ ေပါင္(၇၅)သန္းဝန္းက်င္ရွိတယ္လို႔ သူငယ္ခ်င္းေတြကို ေျပာဆိုခဲ့တာျဖစ္ပါတယ္။

မာရာဒိုနာ ဟာ သူ႔ရဲ့ပိုင္ဆိုင္မႈကို ထုတ္ေဖာ္ေျပာခဲ့တဲ့ အတြက္ သူ႔ရဲ့ပိုင္ဆိုင္မႈဟာ ခိုးယူခံရနိုင္တယ္လို႔ ေရွ႕ေနက ဆိုပါတယ္။မာရီယို က “ေပါင္(၇၅)သန္းနဲ႔ ပတ္သက္ၿပီး ေျပာဆိုမႈေတြရွိေနေပမယ့္ ေသးငယ္တဲ့တိုက္ခန္း၊ အိမ္အေဟာင္း၊ ကား(၂)စီးနဲ႔ ဘဏ္စာရင္းမွာ ေပါင္(၄)သန္းေက်ာ္သာ ေပၚထြက္လာခဲ့ပါတယ္။ဒီ‌ေယဂို က ေငြအမ်ားအျပားရခဲ့ေပမယ့္ ျပသနာက သူ႔မွာမရွိေတာ့တာပါ။ကုန္က်စရိတ္ အစီရင္ခံစာေတြမထြက္လာေသးပါဘူး။အဲဒါေၾကာင့္ ကၽြန္ေတာ္တို႔လည္း မသိပါဘူး”

“သူသုံးစြဲခဲ့လား ဒါမွမဟုတ္ အျခားသူေတြသုံးစြဲခဲ့လား ဒါမွမဟုတ္ တစ္ေနရာရာမွာပဲ ရွိမလား မရွိဘူးလားဆိုတာေတာ့ ကၽြန္ေတာ္တို႔ မသိေသးပါဘူး။ဒီ‌ေယဂို က သူ႔အိမ္ကို သူပဲဖြင့္နိုင္တယ္လို႔ ထင္ထားေပမယ့္ ထိမိသူဘယ္သူမဆိုလည္းျဖစ္နိုင္ပါတယ္။ကၽြန္ေတာ္တို႔ ဟာ ဒီယိုဂို နာမည္နဲ႔ ဘဏ္တစ္ခုမွာ အလြန္စိတ္ခ်ရတဲ့ ေနရာတစ္ခုကို ဖြင့္ပါေတာ့မယ္။ဒါေပမယ့္ ကၽြန္ေတာ္တို႔ သြားတဲ့ အခါမွာ မာရာဒိုနာ ဟာ ဘယ္တုန္းကမွ အဲ‌ဒီကို မသြားဘူးဆိုတာ ေတြ႕ရပါလိမ့္မယ္။ဒီေယဂို ဟာ လူေတြကို ေရွ႕ေနအျဖစ္ ေပးလိုက္တဲ့အခါမွာ သူတို႔ဟာ စာရင္းဖြင့္ၿပီး သူ႔နာမည္နဲ႔ အလုပ္လုပ္ခဲ့ပါတယ္။ဒီေယဂို မွာ သန္းေပါင္းမ်ားစြာရွိခဲ့တယ္ဆိုရင္ အဲ့ဒါက ဘယ္မွာလဲ?”

“ဒီေယဂိုကသာ သုံးစြဲခဲ့တယ္ဆိုရင္ ျပသနာမရွိပါဘူး။ျဖစ္ပ်က္ခဲ့တာကို ျပသခဲ့မယ္ဆိုရင္ သူရဲ့အေမြဆက္ခံသူေတြဟာ ေအးေဆးပဲျဖစ္ေနပါလိမ့္မယ္။ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ ဒါေတြကို သက္ေသျပဖို႔ စာရြက္စာတမ္းေတြမရွိေတာ့ပါဘူး”လို႔ ဆိုခဲ့ပါတယ္။အာဂ်င္တီးနား ဂႏၲဝင္ကစားသမား မာရာဒိုနာ ဟာ ၿပီးခဲ့တဲ့ႏွစ္ နိုဝင္ဘာ(၂၅)ရက္က ႏွလုံးေရာဂါနဲ႔ ကြယ္လြန္သြားခဲ့ဝာာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *