ရော်နယ်ဒို ဟာ အချိန်တိုင်းရဲ့အကောင်းဆုံး အဆုံးသတ်သူလို့ ချီးကျုးခဲ့တဲ့ အသင်းဖော်ဟောင်း

ရော်နယ်ဒို ဟာ အချိန်တိုင်းရဲ့အကောင်းဆုံး အဆုံးသတ်တဲ့ သူဖြစ်တယ်လို့ ဂျုဗင်တပ်စ် အသင်းဖော်ဟောင်း ဘာဇာဂလီ က ချီးကျုးလိုက်ပါတယ်။ဒါ့အပြင် ဘာဇာဂလီ က ရော်နယ်ဒို ဟာ အောင်မြင်မှုကို ဆာလောင်မွတ်သိတ်တဲ့သူလို့လည်း အီတလီကစားသမားဟောင်း က ဆိုပါတယ်။ရော်နယ်‌ဒို ဟာ အသက်(၃၆)နှစ် အရွယ်ရှိပြီဖြစ်ပေမယ့် အခုအချိန်ထိ ထိပ်တန်းအဆင့်ပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ဆဲဖြစ်ပါတယ်။

ရော်နယ်ဒို ဟာ ဘောလွန်းဒီအောဆုကို (၅)ကြိမ်‌ဆွတ်ခူးထားခဲ့တာဖြစ်ပြီး ဘာဇာဂလီ ကတော့ ရော်နယ်ဒိုနဲ့ ပြိုင်ဘက်အဖြစ်လည်းရင်ဆိုင်ခဲ့ရပြီး၊ တစ်သင်းထဲမှာလည်း အတူတွဲကစားခဲ့သူဖြစ်တာကြောင့် ပေါ်တူဂီကစားသမားကို အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ထားတာပါ။ဘာဇာဂလီ ဟာ (၂၀၁၉) က ကစားသမားဘဝကနေ အနားယူခဲ့တာဖြစ်ပါတယ်။

ဘာဇာဂလီ က “ရော်နယ်ဒို က ကျွန်တော်တို့ကို အမြဲတမ်းဂိုးတွေသွင်းနိုင်ခဲ့ပါတယ်။အဲဒါကြောင့် သူနဲ့တွေ့ဆုံရာမှာ အမြဲတမ်းခက်ခဲခဲ့ပါတယ်။ဒရော့ဘာကလည်း သဘာဝအတိုင်း ကောင်းမွန်တဲ့ သူဖြစ်ပါတယ်။ရော်နယ်ဒို က အချိန်တိုင်းရဲ့အကောင်းဆုံး အဆုံးသတ်တဲ့သူပါ။သူဟာ ကွဲပြားခြားနားတဲ့ နည်းလမ်းပေါင်းစုံနဲ့ ဂိုးတွေသွင်းယူနိုင်ခဲ့ပါတယ်။သူ့ရဲ့ဂိုးသွင်းမှတ်တမ်း က အရာအားလုံးကို ပြောပြနေပါတယ်။သူ့ရဲ့အန္တရယ်ရှိပြီး ဆာလောင်မှုတွေက မယုံနိုင်လောက်အောင် ပါပဲ”လို့ ဆိုခဲ့ပါတယ်။

ရော်နယ်ဒို ဟာ ဒီရာသီမှာလည်း ဂိုး(၂၀)ကျော်သွင်းထားပြီး (၁၅)ရာသီဆက်တိုက် ဒီလိုမျိုးသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရော်နယ်ဒို ဟာ ကလပ်အသင်းပေါင်းစုံမှာ သွင်းဂိုး (၆၆၁)ဂိုးသွင်းယူထားတာလည်းဖြစ်ပါတယ်။ဒါ့အပြင် ရော်နယ်ဒို ဟာ ပေါ်တူဂီလက်ရွေးစင် အသင်းအတွက် (၁၀၂)ဂိုးသွင်းယူထားတာဖြစ်ပါတယ်။

Zawgyi

ေရာ္နယ္ဒို ဟာ အခ်ိန္တိုင္းရဲ့အေကာင္းဆုံး အဆုံးသတ္တဲ့ သူျဖစ္တယ္လို႔ ဂ်ဳဗင္တပ္စ္ အသင္းေဖာ္ေဟာင္း ဘာဇာဂလီ က ခ်ီးက်ဳးလိုက္ပါတယ္။ဒါ့အျပင္ ဘာဇာဂလီ က ေရာ္နယ္ဒို ဟာ ေအာင္ျမင္မႈကို ဆာေလာင္မြတ္သိတ္တဲ့သူလို႔လည္း အီတလီကစားသမားေဟာင္း က ဆိုပါတယ္။ေရာ္နယ္‌ဒို ဟာ အသက္(၃၆)ႏွစ္ အရြယ္ရွိၿပီျဖစ္ေပမယ့္ အခုအခ်ိန္ထိ ထိပ္တန္းအဆင့္ၿပိဳင္ပြဲမွာ ေျခစြမ္းျပနိုင္ဆဲျဖစ္ပါတယ္။

ေရာ္နယ္ဒို ဟာ ေဘာလြန္းဒီေအာဆုကို (၅)ႀကိမ္‌ဆြတ္ခူးထားခဲ့တာျဖစ္ၿပီး ဘာဇာဂလီ ကေတာ့ ေရာ္နယ္ဒိုနဲ႔ ၿပိဳင္ဘက္အျဖစ္လည္းရင္ဆိုင္ခဲ့ရၿပီး၊ တစ္သင္းထဲမွာလည္း အတူတြဲကစားခဲ့သူျဖစ္တာေၾကာင့္ ေပၚတူဂီကစားသမားကို အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ထားတာပါ။ဘာဇာဂလီ ဟာ (၂၀၁၉) က ကစားသမားဘဝကေန အနားယူခဲ့တာျဖစ္ပါတယ္။

ဘာဇာဂလီ က “ေရာ္နယ္ဒို က ကၽြန္ေတာ္တို႔ကို အျမဲတမ္းဂိုးေတြသြင္းနိုင္ခဲ့ပါတယ္။အဲဒါေၾကာင့္ သူနဲ႔ေတြ႕ဆုံရာမွာ အျမဲတမ္းခက္ခဲခဲ့ပါတယ္။ဒေရာ့ဘာကလည္း သဘာဝအတိုင္း ေကာင္းမြန္တဲ့ သူျဖစ္ပါတယ္။ေရာ္နယ္ဒို က အခ်ိန္တိုင္းရဲ့အေကာင္းဆုံး အဆုံးသတ္တဲ့သူပါ။သူဟာ ကြဲျပားျခားနားတဲ့ နည္းလမ္းေပါင္းစုံနဲ႔ ဂိုးေတြသြင္းယူနိုင္ခဲ့ပါတယ္။သူ႔ရဲ့ဂိုးသြင္းမွတ္တမ္း က အရာအားလုံးကို ေျပာျပေနပါတယ္။သူ႔ရဲ့အႏၲရယ္ရွိၿပီး ဆာေလာင္မႈေတြက မယုံနိုင္ေလာက္ေအာင္ ပါပဲ”လို႔ ဆိုခဲ့ပါတယ္။

ေရာ္နယ္ဒို ဟာ ဒီရာသီမွာလည္း ဂိုး(၂၀)ေက်ာ္သြင္းထားၿပီး (၁၅)ရာသီဆက္တိုက္ ဒီလိုမ်ိဳးသြင္းယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေရာ္နယ္ဒို ဟာ ကလပ္အသင္းေပါင္းစုံမွာ သြင္းဂိုး (၆၆၁)ဂိုးသြင္းယူထားတာလည္းျဖစ္ပါတယ္။ဒါ့အျပင္ ေရာ္နယ္ဒို ဟာ ေပၚတူဂီလက္ေရြးစင္ အသင္းအတြက္ (၁၀၂)ဂိုးသြင္းယူထားတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *