သူတို့ကို ဟတ်ထရစ်သွင်းတဲ့ ဘတ်ပီဟာ မက်ဆီနဲ့ ရော်နယ်ဒို အဆင့်ရောက်ရှိမယ်လို့ ဂရစ်ဇ်မန်း ဆို

ဘာစီလိုနာ အသင်းတိုက်စစ်ကစားသမား ဂရစ်ဇ်မန်းက ဒီမနက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ သူတို့ဘက်ကို ဟတ်ထရစ်ဂိုးသွင်းယူခဲ့တဲ့ ဘတ်ပီ ကို ချီးကျုးလိုက်ပြီး ဘောလုံးလောကရဲ့နာမည်ကြီးကစားသမားတွေဖြစ်တဲ့ မက်ဆီ၊ ရော်နယ်ဒို တို့နဲ့ နှိုင်းယှဉ်လိုက်ပါတယ်။ပီအက်စ်ဂျီ အသင်းဟာ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ပထမအကျော့ ပွဲစဉ်အဖြစ် ဘာစီလိုနာ အသင်းကို နူးကမ့်ပ်မှာ (၄)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ဘာစီလိုနာ ရဲ့ချန်ပီယံလိဂ် မျှော်လင့်ချက်တွေဟာ (၁၆)သင်းအဆင့်မှာပဲ အဆုံးသတ်သွားရဖွယ်ရှိနေတာဖြစ်ပါတယ်။ဘတ်ပေး ဟာ ဒီပွဲမှာ (၃)ဂိုးသွင်းခဲ့တာကြောင့် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဘာစီလိုနာ အသင်းဘက်ကို ဟတ်ထရစ်သွင်းယူနိုင်တဲ့ တတိယမြောက် ကစားသမားလည်းဖြစ်လာခဲ့ပါတယ်။အရင်တုန်းက သွင်းယူခဲ့တဲ့သူ(၂)ဦးကတော့ နယူးကာဆယ် ကစားသမား အက်စ်ပရီလာနဲ့ ဒိုင်နမိုကိဗ် က ရှက်ဗ်ချင်ကို တို့ဖြစ်ပါတယ်။

ဂရစ်ဇ်မန်း က “ကျွန်တော် သူ့အတွက် အလွန်ပျော်ရွှင်ပါတယ်။သူဟာ ဝေဖန်မှုတွေအများကြီးခံခဲ့ရပါတယ်။မကြာသေးခင် က သူဟာ ကစားပုံမကောင်းဘူးဆိုပြီး ကျွန်တော်တို့ ဝေဖန်ခဲ့ကြပါတယ်။ဒါဟာ အရမ်းလွယ်ကူပါတယ်။ဒါပေမယ့် ပီအက်စ်ဂျီ ရဲ့အနာဂတ်ကြယ်ပွင့်ဟာ လီယိုနဲ့ ခရစ်စတီယာနို ရဲ့အဆင့်မှာ ရှိလိမ့်မယ်ဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။သူ့အတွက် တကယ့်ကို ကြီးမားတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်လို့”RMC Sport နဲ့တွေ့ဆုံရာမှာ ဆိုခဲ့ပါတယ်။

ဒါ့အပြင် ဂရစ်ဇ်မန်း က “ဒါဟာ ကျွန်တော်တို့ အတွက် ကြီးမားတဲ့ ရှုံးပွဲပါ။ဒီပွဲမှာ သူတို့က ကျွန်တော်တို့ထက် ပိုကောင်းပါတယ်။ပြောစရာဘာမှမရှိပါဘူး။ဒီပွဲဟာ ပြန်လာဖို့ ရှိပါသေးတယ်။ကျွန်တော်တို့ အနိုင်ရဖို့ အခြေအနေတွေ ကို ပြောင်းလဲဖို့ အဲဒီကိုသွားပါမယ်။ကျွန်တော်တို့ ခရီးသွားဧည့်သည်အဖြစ် အဲဒီကို သွားမှာတော့ မဟုတ်ပါဘူး”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းတိုက္စစ္ကစားသမား ဂရစ္ဇ္မန္းက ဒီမနက္က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲမွာ သူတို႔ဘက္ကို ဟတ္ထရစ္ဂိုးသြင္းယူခဲ့တဲ့ ဘတ္ပီ ကို ခ်ီးက်ဳးလိုက္ၿပီး ေဘာလုံးေလာကရဲ့နာမည္ႀကီးကစားသမားေတြျဖစ္တဲ့ မက္ဆီ၊ ေရာ္နယ္ဒို တို႔နဲ႔ ႏွိုင္းယွဥ္လိုက္ပါတယ္။ပီအက္စ္ဂ်ီ အသင္းဟာ ခ်န္ပီယံလိဂ္ (၁၆)သင္းအဆင့္ ပထမအေက်ာ့ ပြဲစဥ္အျဖစ္ ဘာစီလိုနာ အသင္းကို ႏူးကမ့္ပ္မွာ (၄)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အဲဒါေၾကာင့္ ဘာစီလိုနာ ရဲ့ခ်န္ပီယံလိဂ္ ေမၽွာ္လင့္ခ်က္ေတြဟာ (၁၆)သင္းအဆင့္မွာပဲ အဆုံးသတ္သြားရဖြယ္ရွိေနတာျဖစ္ပါတယ္။ဘတ္ေပး ဟာ ဒီပြဲမွာ (၃)ဂိုးသြင္းခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ဘာစီလိုနာ အသင္းဘက္ကို ဟတ္ထရစ္သြင္းယူနိုင္တဲ့ တတိယေျမာက္ ကစားသမားလည္းျဖစ္လာခဲ့ပါတယ္။အရင္တုန္းက သြင္းယူခဲ့တဲ့သူ(၂)ဦးကေတာ့ နယူးကာဆယ္ ကစားသမား အက္စ္ပရီလာနဲ႔ ဒိုင္နမိုကိဗ္ က ရွက္ဗ္ခ်င္ကို တို႔ျဖစ္ပါတယ္။

ဂရစ္ဇ္မန္း က “ကၽြန္ေတာ္ သူ႔အတြက္ အလြန္ေပ်ာ္ရႊင္ပါတယ္။သူဟာ ေဝဖန္မႈေတြအမ်ားႀကီးခံခဲ့ရပါတယ္။မၾကာေသးခင္ က သူဟာ ကစားပုံမေကာင္းဘူးဆိုၿပီး ကၽြန္ေတာ္တို႔ ေဝဖန္ခဲ့ၾကပါတယ္။ဒါဟာ အရမ္းလြယ္ကူပါတယ္။ဒါေပမယ့္ ပီအက္စ္ဂ်ီ ရဲ့အနာဂတ္ၾကယ္ပြင့္ဟာ လီယိုနဲ႔ ခရစ္စတီယာနို ရဲ့အဆင့္မွာ ရွိလိမ့္မယ္ဆိုတာ ကၽြန္ေတာ္ယုံၾကည္ပါတယ္။သူ႔အတြက္ တကယ့္ကို ႀကီးမားတဲ့ ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္လို႔”RMC Sport နဲ႔ေတြ႕ဆုံရာမွာ ဆိုခဲ့ပါတယ္။

ဒါ့အျပင္ ဂရစ္ဇ္မန္း က “ဒါဟာ ကၽြန္ေတာ္တို႔ အတြက္ ႀကီးမားတဲ့ ရႈံးပြဲပါ။ဒီပြဲမွာ သူတို႔က ကၽြန္ေတာ္တို႔ထက္ ပိုေကာင္းပါတယ္။ေျပာစရာဘာမွမရွိပါဘူး။ဒီပြဲဟာ ျပန္လာဖို႔ ရွိပါေသးတယ္။ကၽြန္ေတာ္တို႔ အနိုင္ရဖို႔ အေျခအေနေတြ ကို ေျပာင္းလဲဖို႔ အဲဒီကိုသြားပါမယ္။ကၽြန္ေတာ္တို႔ ခရီးသြားဧည့္သည္အျဖစ္ အဲဒီကို သြားမွာေတာ့ မဟုတ္ပါဘူး”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *