လီဗာပူးလ်ရဲ့ အဓိက တိုက်စစ်မှုး မိုဆာလာ ကိုခေါ်ယူချင်တဲ့ အသင်းများစွာရှိနေသလို လက်ရှိမှာစာချုပ်သစ် ချုပ်ဖို့ခက်ခဲနေဆဲဖြစ်လို့ စိတ်ပူနေသူတွေလည်းရှိပါတယ်။လီဗာပူးလ်ဟာ ဆာလာနေရာအတွက်ဂျိုတာ ကို အစားထိုးဖို့စီစဉ်ထားပေမယ့် မိုဆာလာ လို ခြေစွမ်းမြင့်မားစွာ အသင်းကို တွန်းတင်ပေးနိုင်ပါ့မလားဆိုတဲ့ မယုံကြည်ခြင်းတွေကရှိနေပါသေးတယ်။ ဆာလာကို ရီးရဲလ်က အတော်လေးအလိုရှိနေကာ သူတို့ရဲ့ညာခြမ်းအတွက်အဖြေလို့သတ်မှတ်ထားပေမယ့် အသင်းဖော် ဘရာဇီးလ်ကွင်းလယ်လူ ဖာဘင်ဟိုကဝောာ့ အန်ဖီးလ်မှာပျော်ရွှင်နေသေးတယ်လို့ဆိုပါတယ်။

ဆာလာ အနေနဲ့လာမယ့်တစ်ရာသီဆိုရင်စာချုပ်ကုန်ဆုံးတော့မှာဖြစ်လို့ လီဗာပူးလ်ဖက်ကတိုးမြှင့်ဖို့ကြိုးစားနေသော်လည်း လက်ရှိအထိအဆင်မချောသေးပါဘူး။ဖာဘင်ဟိုက”နာမည်ကြီးကစားသမားတိုင်းက ကောလဟာလတွေတိုင်းမှာပါဝင်နေတတ်တာပါပဲ။ဆာလာ က လီဗာပူးလ်မှာကစားနေတာပါ။ဒါကကမ္ဘာ့အကြီးကျယ်ဆုံးအသင်းတွေထဲကတစ်င်းမဟုတ်လား။သူ့နာမည်ကိုအခြားအသင်းတွေ အထူးသဖြင့် မတူညီတဲ့လိဂ်က အသင်းတွေနဲ့သတင်းထွက်တာကမထူးဆန်းဘူးလို့ကျနော်ထင်ပါတယ်။ကျနော့်အမြင်မှာတော့ သူက တကယ်ကိုပျော်ရွှင်နေသလို ပုံစံကောင်းလည်းရနေတာပဲလေ။သူက အမြဲတမ်းတောင်းဆိုမှု့မြင့်မားတဲ့သူပါ။

သူကအမြဲတမါးလည်းအကောင်းဆုံးဖြစ်ချင်နေသလို အသင်းအတွက်လညမကောင်းဆုံးဖြစ်စေမယ့်အရာတွေသာပြုလုပ်ပေးသူပါ။ပြီးတော့သူကတကယ်လည်းအလုပ်ကြိုးစားသူပါပဲ၊ ဒီလိုသတင်းတွေထွက်လာတိုင်းလည်း လက်ရှိအခြေအနေတွေကနေဘာမှကွဲပြားသွားမှာမဟုတ်ပါဘူး။သူကဂိုးတွေသွင်းယူနေတာပဲမဟုတ်လား ဒါကိုလူတွေမြင်ဖို့လိုပါတယ်။အဝတ်လဲခန်းမှာဆိုရင်လည်းသူကအမြဲတမ်း ဟာသတွေပြောနေပြီး အားလုံးကိုရယ်မောပျော်ရွှင်စေသူပါ။သူ့အတွက်တစ်စုံတစ်ခုထိခိုက်မယ့်အရာရှိတယ်လို့တော့ကျနော်မထင်ပါဘူး။ခြုံပြောရရင် ဒီလိုအခြေအမြစ်မရှိတဲ့သတင်းတွေနောက် ကျနော်ကလိုက်လေ့မရှိလို့ သေချာတော့မသိတာအမှန်ပါပဲ”

“ကျနော်ပြောခဲ့သလို ကစားသမားကောင်းဆိုတာ အမြဲတမ်းအသင်းကြီးတွေနဲ့အသံထွက်နေမှာပဲလေ”လို့ဆိုပါတယ်။ဆာလာ ရဲ့ စာချုပ်က တစ်ပတ်ကိုပေါင်နှစ်သိန်းတန်ကြေးရှ်ပြီး ယခု (၁၂) လအတွင်းမဆွေးနွေးနိုင်ရင် ဇန်နဝါရီမှာဆာလာ အနေနဲ့ကြိုက်နှစ်သက်ရာအသင်းကိုအလွတ်ပြောင်းဖို့ရွေးချယ်နိုင်နေပါပြီ။အသက်(၂၈)နှစ်အရွယ် ပီဂျစ်ကစားသမကပိုက်ဆံမက်မောသူမဟုတ်လို့သူ့အတွက် လစာပြသနာမရှိပေမယ့် အဓိကပြနသနာက ၂၀၂၂ ကမ္ဘာ့ဖလားကိုသဆဘာကျနေတဲ့ကလောပ့်က လီဗာပူးလ်ကနေထွက်ခွာသွားမှာကိုစိုးရိမ်နေပြီး (၃၀) ဝန်းကျင်မှာ အန်ဖီးလ်ရဲ့ဘော့စ်အသစ် နဲ့ အဆင်မချောမှာ မူဝါဒ နဲ့မကိုက်မှာကိုစိုးရိမ်နေဟန်ရှိပါတယ်။
Zawgyi