လမ်းပတ်နေရာအစားထိုးဖို့ နည်းပြနှစ်ဦးကို ကြိုတင်ရှာဖွေထားတဲ့ ချယ်လ်ဆီး
ချဲလ်ဆီးအသင်းဟာရလာဒ်ဆိုးတွေကြား ရုန်းကန်နေရတဲ့နောက်နည်းပြအပြောင်းလဲလုပ်ဖို့ ပြင်ဆင်လာတယ်လို့ ဂျာမဏီထိပ်သီး အားကစားသတင်းဌာန ဖြစ်တဲ့ Bildရဲ့ ပင်တိုင်ဆောင်းပါးရှင် ခရစ်တီယန်ဖောခ့်ကဆိုပါတယ်။ချဲလ်ဆီးဟာ ရာသီအစမှာ ရလာဒ်ကောင်းနေသလောက် လက်ရှိမှာ အဆင့် တစ်ဆယ်ပတ်လည်ရပ်တည်နေရသလို အခြေအနေအဆိုးဆူံးဆိုတဲ့အာဆင်နယ်နဲ့ သုံးမှတ်တဲ့ကွာဟတော့လို့ အနေထားတွေကမလှတော့ဘူးလို့ဆိုရပါမယ်။
အထူးသဖြင့် ကြီးမားတဲ့ပြောင်းရွှေ့ကြေးပမာဏကိုအသုံးပြူထားပေမယ့် သင့်တော်တဲ့ ရလာဒ်နဲ့ဆုဖလား မရရှိတာက တော်တန်ရုံစိတ်မ‌ရှည်တတ်တဲ့ ရုရှားသူဌေးရဲ့ ဇ ကိုစမ်းသလို ဖြစ်နေပြီး နည်းပြတစ်ယောက်ကို (၂)နှစ်အထိတောင်မစစာင့်တတ်တဲ့ မိုဗခ်ျ ကြောင့် လန်‌ဒန်က စတန်းဖိုဒ့်ဘရခ်ျ မှာ လမ်းပတ်ရဲ့ကံတော် ကုန်ဖို့နီးကပ်လာပါပြီ။အထူးသဖြင့် IQ 150 ရှိတဲ့ လူတစ်ယောက်အနေနဲ့ ဘယ်အခြေပနေရောက်နေလည်းဆိုတာအများထက်ပိုသိမယ်ထင်ပါတယ်။ ချဲလ်ဆီးဟာဆိုးရွားတဲ့ ရာသီကို လမ်းပတ်ကိုင်တွယ်တဲ့အချိန်တစ်ခူလုံးအတွက်ပေါင်သန်း(၃၃၀)ကျော်အသုံးပြုထားပေမယ့်ရင်ဆိုင်နေရပါတယ်။
ဒီအခေုပနေတွေကြောင့် ချဲလ်ဆီးသာနည်းပြအပြောင်းလဲလုပ်မယ်ဆိုရင် ယခုလအတွင်းဖြစ်နိုင်ပြီး ချဲလ်ဆီးတာဝန်ရှိသူတွေက နည်းပြကြီးနည်းပြနှစ်ယောက်နဲ့ အကြိတ်နယ်ဆွေးနွေးနေတယ်လို့ ဖောခ့်ကဆိုပါတယ်။ဖောခ်ါရဲ့ပြောဆိုမှု့အရ ချဲလ်‌ဆီး ဟာ ပီအက်စ်ဂျီကပြုတ်လာတဲ့တူချယ်နဲ့ နည်းပြလောကကို နှစ်ရ သီလောက် အလှမ်းကွာနေတဲ့ အီတလီနည်းပြကြီး အလ်လီဂရီတို့ဖြစ်တယ်လို့ဆိုပါတယ်။ လမ်းပတ်နေရာကို ယခုတစ်ပတ်ယှဉ်ပြိူင်မယ့် စိန့် နဲ့ ပွဲမှာ စိန့်နည်းပြ ဟော့ နဲ့လည်း အစားထိုးဖို့စောင့်ကြည့်နေတာမျိုးရှိတယ်လို့ အဂ်လန်မီဒီယာတွေကဖော်ပြခဲ့ပါသေးတယ်။
လမ်းပတ်ဟာ အထောင်တိုက်စစ်မှုးစစ်စစ် အဖြစ် လိုက်ပဇ်မှာ ဘယ်ခြမ်း အတွင်း နေရာကစားတဲ့ ဝါနာကို ထားသုံးနေရာကနေ စမှားပြီး ဇီယခ်ျ့ ဝယ်ပြီး ကိုင်ဟားဗက်ဇ် ထပ်ဝယ်တာကလည်း နေရာတွေထပ်စေခဲ့ပါတယ်။‌အထောင်တိုက်စစ်မှုးစစ်မရှ်ိလိူ့ ဂျရူးကိုပဲအားကိုးနေရသလို ခံစစ်ကလည်း ဇူးမား နဲ့ သက်ကြီးဝါကြီး ဆေးလ်ဗားသာရှိပါတယ်။ ဒီလိုအနေထားမှာ အသင်းက ဘယ်ခြမ်းနဲ့ညာခြမ်းအယ်ထွက်နေပြီး အားကစားရုံမှာ လက်မောင်းလေ့ကျင့်ခန်းပဲလုပ်နေတဲ့လူနဲ့တောင် ဆင်တူနေပါသေးတယ်။ဒီလိုအနေထားမှာ ဟန်ချက် ညီပြီး တန်ပိုအတင်ချလုပ်ပေးနိင်တဲ့ကွင်းလယ်မရှိတာက အတော်လေးဗျာများစေသလို သူ့ရဲ့ဗျူဟာနဲ့တော့ လက်ရှိလူစာရင်းက အံမဝင် လှပါဘူး။ထူးခြားတာတစ်ခုက ချဲလ်ဆီးချိတ်ဆက်နေတဲ့နည်းပြနှစ်ဦးလုံးက (၄-၃-၃)အခြေပြုနည်းပြတွေဖြစ်လို့လက်ရှိလူစာရင်း‌နဲ့ကိုက်ညီနေတာပါပဲ။
Zawgyi
Leave a Reply
Your email address will not be published. Required fields are marked *