ဂွာဒီယိုလာနဲ့ ဇီဒန်းကိုကျော်ပြီး ဆယ်စုနှစ်အကောင်းဆုံးနည်းပြဆုကို ဆီမြွန်နီရရှိ

ဇီဒန်းဆိုတာ ၂၀၁၀-၂၀၂၀ အတွင်း ကြည့်မယ်ဆိုရင် ချန်ပီယံလိဂ်သူံးကြိမ်ဆက်ရခဲ့တဲ့ကမ္ဘာပေါ်မှာတစ်ဦးတည်းသော ရှိတဲ့နည်းပြ၊ ချန်ပီယံလိဂ်ဆိုတာ နှစ်နှစ်ဆက်ဗိုလ်လုပွဲတက်တာမျိုးက ၂၀၀၉ မှ မန်ယူနိုက်တဒ် စလုပ်ခဲ့ပြီး နောက်ဆယ်နှစ်အကြာမှာ ဇီဒန်း ရဲ့ ရီးရဲလ် က ချန်ပီယံလိဂ်ဗိုလ်လုပွဲကိုသုံးကြိမ်ဆက်တက်ခဲ့ကာ ချန်ပီယံလိဂ်ဖလားကို သုံးနှစ်ဆက်ရယူခဲ့ပြီး‌ေိာက် ၂၀၁၀-၂၀၂၀ ဆယ်စုနှစ်တစ်ခုအတွင်းအကောင်းဆုံးနည်းပြဆုကို ဇီဒန်းရရှိနိင်တယ်ဆိုတဲ့မှတ်ချက်တွေလည်း ထွက်ပေါ်ခဲ့ပေမယ့် လက်ရှိမှာ အမြင်ဟာ အထင်နဲ့ခြားနားစွာထွက်ပေါ်လာပါတယ်။

ဇီဒန်းရဲ့အခြားတစ်ဖက်မှာ နောက်ထပ် နည်းစနစ်ဉာဏ်ကြီးရှင်တစ်ဦးရှိနေပြီ ဘာစိလိုနာ ၊ဘိုင်ယန်၊မန်စီးတီတိူ့မှာအောင်မြင်ခဲ့တဲ့ ဂွာဒီယိုလာ ကို လည်း ဆုရနိုင်တယ်လို့ရေပန်းစားပေမယ့် တကယ်တမ်း ဆယ်စုနှစ်တစ်ခုအတွင်းအကောင်းဆူံးနည်းပြဆုကိုရရှိသွားသူကတော့ အက်တလက်တီကိုမက်ဒရစ်နည်းပြကြီး ဒီယေဂိုဆီမြွန်နီပါ။နိုင်ငံတကာဘောလုံးအမွေအနှစ်နဲ့ နည်းဗျူဟာ စောင့်ကြည့်လေ့လာရေး (IFFHS) ကချီးမြှင့်တဲ့ဒီဆု အတွက် အဖွဲ့ရဲ့ မှတ်ချက်မှာ”ဒီယေဂိုဆီမြွန်နီဟာ သူရဲ့ကလပ် အက်သလက်တီကို နဲ့ သိပ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေပြသခဲ့ပါတယ်။လာလီဂါ(၁)၊ကိူပါဒယ်ရေး(၁)၊စူပါကိုပါ(၁)၊ယူရိုပါလိဂ်(၁)၊ယူအီးအဖ်အေစူပါကပ်(၁)၊ချန်ပီယံလိဂ်ဗိုလ်လုပွဲနှစ်ကြိမ်တိုင် တက်ရောက်နိုင်ခဲ့ပါတယ်။ဆီမြွန်နီ ရဲ့ပြုပြင်ပြောင်းလဲမှု့၊သူ့ရဲ့အစွမ်းအစတွေကြောင့် ၂၀၁၁-၂၀၂၀ ဆယ်စုနှစ်အတွက်ဆုကို ရရှိသွားခြင်းဖြစ်ပါတယ်”လို့ဖော်ပြခဲ့ပါတယ်။

ဒီဆယ်စုနှစ်အတွင်းမှာ ဆီမြွန်နီက ဇီဒန်းထက် ဆုဖလားပိုနည်းခဲ့သလို ဂွာဒီယိုလာ ထက် အောင်မြင်မှု့လျော့နည်းခဲ့ပေမယ့် အေတီကို ကို တည်ငြိမ်စွာ အဆင့်တန်းတစ်ခုမှာ ကာလရှည်ကြာထိန်းထားနိုင်တာကြောင့် အမှတ်ပေးစနစ်အရ ဆီမြွန်နီက ဒီဆုကို ရရှိခဲ့တာဖြစ်ပါတယ်။အမှတ်ပေးစနစ်အရ ဂွာဒီယိုလာ (၂)၊ကလောပ့်(၃)တို့က ဆီမြွန်နီနောက်မှာ အသီးသီး ရပ်တည်နေပြီး ချန်ပီယံလိဂ် ဘုရင်ဖြစ်လာတဲ့ ဇီဒန်း က ပီအက်စ်ဂျီ၊အာဆင်နယ်တိူ့ကထွက်ခွာခဲ့ရပြီး လက်ရှိစပိန်မှာနည်းပြပြန်လုပ်နေတဲ့ အမ်မရီနောက် အဆင့်(၇)မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။ အက်တလက်တီကို ကိုရောက်ရှိပြီးမကြခင်မှာပဲ လာလီဂါဆုဖလားဆွတ်ခူးခဲ့သလို အောင်မြင်တဲ့ကစားသမားများစွာကိုလည်း ဆီမြွန်နီက မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိရာသီမှာလည်း (၁၆)ပွဲကစားကာ (၄၁)မှတ်ရရှိထားပြီး ဒုတိယနေရာကရီးရဲလ် (၃၇)မှတ်ကို လေးမှတ်ဖြတ်ထားသလို အေတီကို လက်ထဲမှာ နှစ်ပွဲကျန်နေသေးလို့ အဆင်မချောရင် လာလီဂါဖလားက အေတီကို ရဲ့ ကွင်းကြီးမှာနန်းစိုက်သွားနိုင်ပါတယ်။စပိန်လာလီဂါဘုရင်ဟောင်း ဘာစီလိုနာက (၃၄) မှတ်သာရှိသေးလို့ အေတီကိုသာနှစိပွဲထပ်နိုင်ခဲ့ရင် အမှတ်ကွာဟချက်မြင့်မားမှု့က ဘာစီအတွက်အဆင့်သုံးနေရာကိုပဲအားစိုက်ရဖို့ဖြစ်လာပါတယ်။ အေတီကို က အရှေ့နှစ်တွေမှာကြီးမားတဲ့ဝယ်ယူမှု့တွေမလုပ်ခဲ့ပဲ တောင့်တင်းပြီးနည်းစနစ်ကျတဲ့အသင်းဖြစ်စေဖို့ သာ အကယ်ဒမီ နဲ့ တန်ဖိုးသင့်ကစားသမားတွေသာဝယ်ယူ ရှေ့တက်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဆီမြွန်နီရဲ့ခံစစ်ကစားချင်းအနုပညာနဲ့အတူ အေတီကို ကလည်း ဥရောပမှာ ကန်ရခက်တဲ့အသင်းကြီးတစ်သင်းဖြစ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

Zawgyi

ဇီဒန္းဆိုတာ ၂၀၁၀-၂၀၂၀ အတြင္း ၾကည့္မယ္ဆိုရင္ ခ်န္ပီယံလိဂ္သူံးႀကိမ္ဆက္ရခဲ့တဲ့ကမၻာေပၚမွာတစ္ဦးတည္းေသာ ရွိတဲ့နည္းျပ၊ ခ်န္ပီယံလိဂ္ဆိုတာ ႏွစ္ႏွစ္ဆက္ဗိုလ္လုပြဲတက္တာမ်ိဳးက ၂၀၀၉ မွ မန္ယူနိုက္တဒ္ စလုပ္ခဲ့ၿပီး ေနာက္ဆယ္ႏွစ္အၾကာမွာ ဇီဒန္း ရဲ့ ရီးရဲလ္ က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကိုသုံးႀကိမ္ဆက္တက္ခဲ့ကာ ခ်န္ပီယံလိဂ္ဖလားကို သုံးႏွစ္ဆက္ရယူခဲ့ၿပီး‌ေိာက္ ၂၀၁၀-၂၀၂၀ ဆယ္စုႏွစ္တစ္ခုအတြင္းအေကာင္းဆုံးနည္းျပဆုကို ဇီဒန္းရရွိနိင္တယ္ဆိုတဲ့မွတ္ခ်က္ေတြလည္း ထြက္ေပၚခဲ့ေပမယ့္ လက္ရွိမွာ အျမင္ဟာ အထင္နဲ႔ျခားနားစြာထြက္ေပၚလာပါတယ္။

ဇီဒန္းရဲ့အျခားတစ္ဖက္မွာ ေနာက္ထပ္ နည္းစနစ္ဉာဏ္ႀကီးရွင္တစ္ဦးရွိေနၿပီ ဘာစိလိုနာ ၊ဘိုင္ယန္၊မန္စီးတီတိူ႔မွာေအာင္ျမင္ခဲ့တဲ့ ဂြာဒီယိုလာ ကို လည္း ဆုရနိုင္တယ္လို႔ေရပန္းစားေပမယ့္ တကယ္တမ္း ဆယ္စုႏွစ္တစ္ခုအတြင္းအေကာင္းဆူံးနည္းျပဆုကိုရရွိသြားသူကေတာ့ အက္တလက္တီကိုမက္ဒရစ္နည္းျပႀကီး ဒီေယဂိုဆီႁမြန္နီပါ။နိုင္ငံတကာေဘာလုံးအေမြအႏွစ္နဲ႔ နည္းဗ်ဴဟာ ေစာင့္ၾကည့္ေလ့လာေရး (IFFHS) ကခ်ီးျမႇင့္တဲ့ဒီဆု အတြက္ အဖြဲ႕ရဲ့ မွတ္ခ်က္မွာ”ဒီေယဂိုဆီႁမြန္နီဟာ သူရဲ့ကလပ္ အက္သလက္တီကို နဲ႔ သိပ္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္ေတြျပသခဲ့ပါတယ္။လာလီဂါ(၁)၊ကိူပါဒယ္ေရး(၁)၊စူပါကိုပါ(၁)၊ယူရိုပါလိဂ္(၁)၊ယူအီးအဖ္ေအစူပါကပ္(၁)၊ခ်န္ပီယံလိဂ္ဗိုလ္လုပြဲႏွစ္ႀကိမ္တိုင္ တက္ေရာက္နိုင္ခဲ့ပါတယ္။ဆီႁမြန္နီ ရဲ့ျပဳျပင္ေျပာင္းလဲမႈ႔၊သူ႔ရဲ့အစြမ္းအစေတြေၾကာင့္ ၂၀၁၁-၂၀၂၀ ဆယ္စုႏွစ္အတြက္ဆုကို ရရွိသြားျခင္းျဖစ္ပါတယ္”လို႔ေဖာ္ျပခဲ့ပါတယ္။

ဒီဆယ္စုႏွစ္အတြင္းမွာ ဆီႁမြန္နီက ဇီဒန္းထက္ ဆုဖလားပိုနည္းခဲ့သလို ဂြာဒီယိုလာ ထက္ ေအာင္ျမင္မႈ႔ေလ်ာ့နည္းခဲ့ေပမယ့္ ေအတီကို ကို တည္ၿငိမ္စြာ အဆင့္တန္းတစ္ခုမွာ ကာလရွည္ၾကာထိန္းထားနိုင္တာေၾကာင့္ အမွတ္ေပးစနစ္အရ ဆီႁမြန္နီက ဒီဆုကို ရရွိခဲ့တာျဖစ္ပါတယ္။အမွတ္ေပးစနစ္အရ ဂြာဒီယိုလာ (၂)၊ကေလာပ့္(၃)တို႔က ဆီႁမြန္နီေနာက္မွာ အသီးသီး ရပ္တည္ေနၿပီး ခ်န္ပီယံလိဂ္ ဘုရင္ျဖစ္လာတဲ့ ဇီဒန္း က ပီအက္စ္ဂ်ီ၊အာဆင္နယ္တိူ႔ကထြက္ခြာခဲ့ရၿပီး လက္ရွိစပိန္မွာနည္းျပျပန္လုပ္ေနတဲ့ အမ္မရီေနာက္ အဆင့္(၇)မွာသာ ရပ္တည္နိုင္ခဲ့ပါတယ္။ အက္တလက္တီကို ကိုေရာက္ရွိၿပီးမၾကခင္မွာပဲ လာလီဂါဆုဖလားဆြတ္ခူးခဲ့သလို ေအာင္ျမင္တဲ့ကစားသမားမ်ားစြာကိုလည္း ဆီႁမြန္နီက ေမြးထုတ္ေပးနိုင္ခဲ့ပါတယ္။

လက္ရွိရာသီမွာလည္း (၁၆)ပြဲကစားကာ (၄၁)မွတ္ရရွိထားၿပီး ဒုတိယေနရာကရီးရဲလ္ (၃၇)မွတ္ကို ေလးမွတ္ျဖတ္ထားသလို ေအတီကို လက္ထဲမွာ ႏွစ္ပြဲက်န္ေနေသးလို႔ အဆင္မေခ်ာရင္ လာလီဂါဖလားက ေအတီကို ရဲ့ ကြင္းႀကီးမွာနန္းစိုက္သြားနိုင္ပါတယ္။စပိန္လာလီဂါဘုရင္ေဟာင္း ဘာစီလိုနာက (၃၄) မွတ္သာရွိေသးလို႔ ေအတီကိုသာႏွစိပြဲထပ္နိုင္ခဲ့ရင္ အမွတ္ကြာဟခ်က္ျမင့္မားမႈ႔က ဘာစီအတြက္အဆင့္သုံးေနရာကိုပဲအားစိုက္ရဖို႔ျဖစ္လာပါတယ္။ ေအတီကို က အေရွ႕ႏွစ္ေတြမွာႀကီးမားတဲ့ဝယ္ယူမႈ႔ေတြမလုပ္ခဲ့ပဲ ေတာင့္တင္းၿပီးနည္းစနစ္က်တဲ့အသင္းျဖစ္ေစဖို႔ သာ အကယ္ဒမီ နဲ႔ တန္ဖိုးသင့္ကစားသမားေတြသာဝယ္ယူ ေရွ႕တက္လာခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ဆီႁမြန္နီရဲ့ခံစစ္ကစားခ်င္းအႏုပညာနဲ႔အတူ ေအတီကို ကလည္း ဥေရာပမွာ ကန္ရခက္တဲ့အသင္းႀကီးတစ္သင္းျဖစ္လာခဲ့ၿပီလည္းျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *