မက်ဆီထွက်ခဲ့ရင်တောင် မိအေးနှစ်ခါနာဖြစ်နေဦးမယ့် ဘာစီလိုနာ

မက်ဆီ ဟာ အသင်းနဲ့ စာချုပ်ချုပ်ခဲ့တုန်းက ပါဝင်ခဲ့တဲ့ အပိုဆုကြေးတွေကြောင့် ဘာစီလိုနာ အသင်းကနေ (၂၀၂၅)အထိ ဝင်ငွေတွေရနေဦးမှာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာ အသင်းကနေ မထွက်ခွာခဲ့ရတဲ့ မက်ဆီ နဲ့ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၆)လသာ ကျန်ရှိတော့တာကြောင့် အာဂျင်တီးနား ကစားသမား ဟာ ရာသီအကုန်မှာ အသင်းကနေထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။

ကမ္ဘာပေါ်ရှိ ကလပ်အသင်းအများအပြားဟာ ဘာစီလိုနာ အသင်းလို ကိုရိုနာဗိုင်းရပ်စ် ကြောင့် အသင်းရဲ့ဘဏ္ဍာရေးအခြေအနေဟာ ထိခိုက်မှု‌တွေရှိနေကြတဲ့အတွက် ရုန်းထွက်နိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ဒီအချိန်မှာ ဘာစီလိုနာ အသင်းကတော့ မက်‌ဆီ ကို လာမယ့်နှစ်တွေမှာလည်း ပိုက်ဆံ ဆက်လက်ပေးနေရတော့မှာပါ။မာကာ ရဲ့ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ (၂၀၁၇) က မက်ဆီကို စာချုပ်သက်တမ်းတိုးရာမှာ အပိုဆုကြေးထည့်သွင်းခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ အပိုဆုကြေး စုစုပေါင်း ယူရို(၇၈)သန်းရရှိမှာဖြစ်ပြီး တစ်ဝက်ကိုတော့ ပြီးခဲ့တဲ့နွေရာသီက ပေးပြီးသွားခဲ့ပြီဖြစ်ပါတယ်။အဲဒါကြောင့် မက်ဆီ ဟာ ဘာစီလိုနာ အသင်းမှာ မရှိရင်လည်း နောက်ထပ်ယူရို (၃၉)သန်းကို ထပ်မံရရှိမှာလည်းဖြစ်ပါတယ်။ဘောလွန်းဒီအော(၆) ကြိမ်ရကစားသမား ဟာ ဒီယူရို(၃၉)သန်းကို (၄)နှစ်တာကာလအတွင်း (၈)ကြိမ်ခွဲပြီးရရှိမှာဖြစ်တယ်လို့ သတင်းမှာ ဆိုထားပါတယ်။

ဒီနှစ်အစမှာ အကောင်းဆုံးပုံစံ ပြန်ရနေတဲ့ မက်‌ဆီ ဟာ ဘာစီလိုနာ အသင်းအတွက် အခုရာသီပြိုင်ပွဲစုံ (၁၄)ဂိုးသွင်းယူထားပြီး (၆)ဂိုးဖန်တီးထားတာလည်းဖြစ်ပါတယ်။မက်ဆီ ကို ခေါ်ယူဖို့ ပီအက်စ်ဂျီ နဲ့ မန်စီးတီး အသင်းတို့က စိတ်ဝင်စားနေတာဖြစ်ပါတယ်။

Zawgyi

မက္ဆီ ဟာ အသင္းနဲ႔ စာခ်ဳပ္ခ်ဳပ္ခဲ့တုန္းက ပါဝင္ခဲ့တဲ့ အပိုဆုေၾကးေတြေၾကာင့္ ဘာစီလိုနာ အသင္းကေန (၂၀၂၅)အထိ ဝင္ေငြေတြရေနဦးမွာျဖစ္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာ အသင္းကေန မထြက္ခြာခဲ့ရတဲ့ မက္ဆီ နဲ႔ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၆)လသာ က်န္ရွိေတာ့တာေၾကာင့္ အာဂ်င္တီးနား ကစားသမား ဟာ ရာသီအကုန္မွာ အသင္းကေနထြက္ခြာဖြယ္ရွိေနတာျဖစ္ပါတယ္။

ကမၻာေပၚရွိ ကလပ္အသင္းအမ်ားအျပားဟာ ဘာစီလိုနာ အသင္းလို ကိုရိုနာဗိုင္းရပ္စ္ ေၾကာင့္ အသင္းရဲ့ဘ႑ာေရးအေျခအေနဟာ ထိခိုက္မႈ‌ေတြရွိေနၾကတဲ့အတြက္ ႐ုန္းထြက္နိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ဒီအခ်ိန္မွာ ဘာစီလိုနာ အသင္းကေတာ့ မက္‌ဆီ ကို လာမယ့္ႏွစ္ေတြမွာလည္း ပိုက္ဆံ ဆက္လက္ေပးေနရေတာ့မွာပါ။မာကာ ရဲ့ေဖာ္ျပခ်က္အရ ဘာစီလိုနာ အသင္းဟာ (၂၀၁၇) က မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးရာမွာ အပိုဆုေၾကးထည့္သြင္းခဲ့တာျဖစ္ပါတယ္။

မက္ဆီ ဟာ အပိုဆုေၾကး စုစုေပါင္း ယူရို(၇၈)သန္းရရွိမွာျဖစ္ၿပီး တစ္ဝက္ကိုေတာ့ ၿပီးခဲ့တဲ့ေႏြရာသီက ေပးၿပီးသြားခဲ့ၿပီျဖစ္ပါတယ္။အဲဒါေၾကာင့္ မက္ဆီ ဟာ ဘာစီလိုနာ အသင္းမွာ မရွိရင္လည္း ေနာက္ထပ္ယူရို (၃၉)သန္းကို ထပ္မံရရွိမွာလည္းျဖစ္ပါတယ္။ေဘာလြန္းဒီေအာ(၆) ႀကိမ္ရကစားသမား ဟာ ဒီယူရို(၃၉)သန္းကို (၄)ႏွစ္တာကာလအတြင္း (၈)ႀကိမ္ခြဲၿပီးရရွိမွာျဖစ္တယ္လို႔ သတင္းမွာ ဆိုထားပါတယ္။

ဒီႏွစ္အစမွာ အေကာင္းဆုံးပုံစံ ျပန္ရေနတဲ့ မက္‌ဆီ ဟာ ဘာစီလိုနာ အသင္းအတြက္ အခုရာသီၿပိဳင္ပြဲစုံ (၁၄)ဂိုးသြင္းယူထားၿပီး (၆)ဂိုးဖန္တီးထားတာလည္းျဖစ္ပါတယ္။မက္ဆီ ကို ေခၚယူဖို႔ ပီအက္စ္ဂ်ီ နဲ႔ မန္စီးတီး အသင္းတို႔က စိတ္ဝင္စားေနတာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *