ပထမဆုံးဆုဖလားရယူဖို့ မက်ဆီအသင့်ရှိနေတယ်ဆိုတဲ့ ကိုးမန်း

ဘာစီလိုနာ အသင်းတိုက်စစ်မှုး မက်ဆီ ဟာ ဆိုစီဒက် အသင်းနဲ့ ကစားမယ့် စပိန်စူပါဖလား အကြိုဗိုလ်လုပွဲမှာ ကြံခိုင်မှုအပြည့်နဲ့ ပါဝင်မှာဖြစ်တယ်လို့ နည်းပြ ရော်နယ်လ်ကိုးမန်း က ပြောလိုက်ပါတယ်။ဒါ့အပြင် ဘာစီလိုနာ အသင်းရဲ့တိုးတက်မှုကို ပြသဖို့ ဆုဖလားယူသွားမယ်လို့ လည်း နည်းပြက ဆိုခဲ့ပါတယ်။

မက်ဆီ ဟာ ဂရန်နာဒါ ကို အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ အနည်းငယ်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဆိုခဲ့တာကြောင့် စိုးရိမ်မှုတွေရှိခဲ့တာဖြစ်ပါတယ်။မက်ဆီ ဟာ အခုနှစ်အတွင်းမှာ သူ့ရဲ့အကောင်းဆုံးခြေစွမ်းကို ပြန်ရနေပြီး နောက်ဆုံး (၂)ပွဲမှာ (၄)ဂိုးသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီနိုင်ပွဲတွေကြောင့် လာလီဂါ အမှတ်ပေးဇယား အဆင့်(၃) အထိရောက်ရှိလာခဲ့ပါတယ်။ဒါ့အပြင် ဘာစီလိုနာ အသင်းဟာ ပြိုင်ပွဲစုံ(၈)ပွဲဆက်ရှုံးပွဲမရှိခဲ့တာလည်းဖြစ်ပါတယ်။

ရော်နယ်လ်ကိုးမန်း က ” အသင်းမှာ ဒဏ်ရာပြသနာရှိနေတဲ့ ကစားသမားတွေအများကြီးရှိပါတယ်။မက်ဆီကလည်း အဲဒီထဲက တစ်ယောက်ပါ။အဲ‌ဒါကြောင့်လည်း ဂရန်နာဒါနဲ့ ပွဲမှာ သူ့ကို လူစားလဲခဲ့ရတာပါ။မနက်ဖြန်မှာတော့ လူတိုင်းပါဝင်နိုင်မယ်လို့ထင်ပါတယ်။ကျွန်တော်တို့ အတောင့်တင်းဆုံး အသင်းနဲ့ ကစားပြီး နောက်တစ်ဆင့်တက်မှာပါ။ဒီဆုဖလား ဟာ အရေးကြီးဆုံးဖလားမဟုတ်ပေမယ့် အကြိုဗိုလ်လုပွဲ ကစားရမှာဖြစ်တဲ့ အတွက်အကောင်းဆုံးစွမ်းဆောင်မှာပါ။

“ဆုဖလားရခဲ့မယ်ဆိုရင် ကျွန်တော်တို့ကို ယုံကြည်မှုပိုပေးမှာပါ။ဒါပေမယ့်လည်း တစ်ဆင့်ချင်းစီ သွားရမှာပါလို့” ဆိုခဲ့ပါတယ်။ဘာစီလိုနာ အသင်းဟာ ဒီပွဲအနိုင်ရခဲ့ရင် ရီးရယ်လ် နဲ့ ဘီလ်ဘာအို တို့ ပွဲစဉ်က အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ဘာစီလိုနာ အသင္းတိုက္စစ္မႈး မက္ဆီ ဟာ ဆိုစီဒက္ အသင္းနဲ႔ ကစားမယ့္ စပိန္စူပါဖလား အႀကိဳဗိုလ္လုပြဲမွာ ႀကံခိုင္မႈအျပည့္နဲ႔ ပါဝင္မွာျဖစ္တယ္လို႔ နည္းၿပ ေရာ္နယ္လ္ကိုးမန္း က ေျပာလိုက္ပါတယ္။ဒါ့အျပင္ ဘာစီလိုနာ အသင္းရဲ့တိုးတက္မႈကို ျပသဖို႔ ဆုဖလားယူသြားမယ္လို႔ လည္း နည္းျပက ဆိုခဲ့ပါတယ္။

မက္ဆီ ဟာ ဂရန္နာဒါ ကို အနိုင္ရခဲ့တဲ့ လာလီဂါပြဲစဥ္မွာ အနည္းငယ္ထိခိုက္ဒဏ္ရာရခဲ့တယ္လို႔ဆိုခဲ့တာေၾကာင့္ စိုးရိမ္မႈေတြရွိခဲ့တာျဖစ္ပါတယ္။မက္ဆီ ဟာ အခုႏွစ္အတြင္းမွာ သူ႔ရဲ့အေကာင္းဆုံးေျခစြမ္းကို ျပန္ရေနၿပီး ေနာက္ဆုံး (၂)ပြဲမွာ (၄)ဂိုးသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီနိုင္ပြဲေတြေၾကာင့္ လာလီဂါ အမွတ္ေပးဇယား အဆင့္(၃) အထိေရာက္ရွိလာခဲ့ပါတယ္။ဒါ့အျပင္ ဘာစီလိုနာ အသင္းဟာ ၿပိဳင္ပြဲစုံ(၈)ပြဲဆက္ရႈံးပြဲမရွိခဲ့တာလည္းျဖစ္ပါတယ္။

ေရာ္နယ္လ္ကိုးမန္း က ” အသင္းမွာ ဒဏ္ရာျပသနာရွိေနတဲ့ ကစားသမားေတြအမ်ားႀကီးရွိပါတယ္။မက္ဆီကလည္း အဲဒီထဲက တစ္ေယာက္ပါ။အဲ‌ဒါေၾကာင့္လည္း ဂရန္နာဒါနဲ႔ ပြဲမွာ သူ႔ကို လူစားလဲခဲ့ရတာပါ။မနက္ျဖန္မွာေတာ့ လူတိုင္းပါဝင္နိုင္မယ္လို႔ထင္ပါတယ္။ကၽြန္ေတာ္တို႔ အေတာင့္တင္းဆုံး အသင္းနဲ႔ ကစားၿပီး ေနာက္တစ္ဆင့္တက္မွာပါ။ဒီဆုဖလား ဟာ အေရးႀကီးဆုံးဖလားမဟုတ္ေပမယ့္ အႀကိဳဗိုလ္လုပြဲ ကစားရမွာျဖစ္တဲ့ အတြက္အေကာင္းဆုံးစြမ္းေဆာင္မွာပါ။

“ဆုဖလားရခဲ့မယ္ဆိုရင္ ကၽြန္ေတာ္တို႔ကို ယုံၾကည္မႈပိုေပးမွာပါ။ဒါေပမယ့္လည္း တစ္ဆင့္ခ်င္းစီ သြားရမွာပါလို႔” ဆိုခဲ့ပါတယ္။ဘာစီလိုနာ အသင္းဟာ ဒီပြဲအနိုင္ရခဲ့ရင္ ရီးရယ္လ္ နဲ႔ ဘီလ္ဘာအို တို႔ ပြဲစဥ္က အနိုင္ရတဲ့ အသင္းနဲ႔ ဗိုလ္လုပြဲအျဖစ္ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *