ဘတ်ပေးကို ခေါ်ဖို့ ကစားသမား(၆)ဦးအထိရောင်းပြီး ငွေရှာမယ့် ရီးရယ်လ်

ရီးရယ်လ် အသင်းဟာ ပီအက်စ်ဂျီ အသင်း တိုက်စစ်ကစားသမား ဘတ်ပေး ကို အခုလာမယ့် နွေရာသီမှာ ခေါ်ယူဖို့ အတွက် အခုအချိန်ထဲက စတင်လှုပ်ရှားနေပြီလည်းဖြစ်ပါတယ်။အဲဒါကြောင့် ရီးရယ်လ် အသင်းဟာ ပြင်သစ်ကစားသမားကို ခေါ်ယူဖို့ ကစားသမားအများအပြားကို ရောင်းချပြီး ပြောင်းရွှေ့ကြေးတွေကို ရှာဖွေဖို့ စီစဉ်နေပြီလည်းဖြစ်ပါတယ်။

ဘတ်ပေး ဟာ ရီးရယ်လ်နည်းပြ ဇီဒန်း နှစ်သက်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းအတွက် ခေါ်ယူချင်နေတာလည်းဖြစ်ပါတယ်။ဘတ်ပေးနဲ့ ပီအက်စ်ဂျီ အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၂) မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အခုအချိန်ထိ သဘောတူညီမှုမရသေးတာလည်းဖြစ်ပါတယ်။

ဒီအချက်ကို ရီးရယ်လ် အသင်းက အခွင့်ကောင်းယူဖို့ ကြံစည်နေတာလည်းဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အသင်းရဲ့ဘဏ္ဍာရေးထိခိုက်ခဲ့တဲ့ အတွက် ပြီးခဲ့တဲ့ နွေရာသီက ကစားသမားသစ် ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာလည်းဖြစ်ပါတယ်။

အဲဒါကြောင့် စပိန်ကလပ် ဟာ ဘတ်ပေး ကို ခေါ်ယူဖို့ အတွက် ကစားသမားတွေရောင်းချဖို့ ရှိနေတာဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ကစားသမား‌တွေရောင်းချရာကနေ ပေါင် (၁၃၄)သန်း အထိ အသင်းရဲ့ဘတ်ဂျတ်ထံ မြင့်တင်နိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

ရီးရယ်လ် အသင်း ရောင်းချဖို့ စီစဉ်ထားတဲ့ ကစား သမားတွေကတော့ နာမည်ကြီး ကစားသမားတွေဖြစ်တဲ့ ဂါရတ်ဘေးလ်၊ အစ္စကို၊ မာဆယ်လို၊ ဆီဘယ်လော့စ်၊ လူကာဂျိုဗစ် နဲ့ ဘရာဟင်ဒီယက်ဇ် တို့ ဖြစ်တယ်လို့ AS သတင်းက ဖော်ပြထားပါတယ်။

ရီးရယ်လ် အသင်းဟာ အခုရာသီ လာလီဂါ ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အသလက်တီကို အသင်းထက် (၂)ပွဲပိုကစားထားပြီး (၄)မှတ်လျော့နည်းကာ ဒုတိယနေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ရီးရယ်လ် အသင်းဟာ ကြားရက်မှာ စပိန်စူပါဖလားပွဲစဉ်အဖြစ် ဘီလ်ဘာအို အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Zawgyi

ရီးရယ္လ္ အသင္းဟာ ပီအက္စ္ဂ်ီ အသင္း တိုက္စစ္ကစားသမား ဘတ္ေပး ကို အခုလာမယ့္ ေႏြရာသီမွာ ေခၚယူဖို႔ အတြက္ အခုအခ်ိန္ထဲက စတင္လႈပ္ရွားေနၿပီလည္းျဖစ္ပါတယ္။အဲဒါေၾကာင့္ ရီးရယ္လ္ အသင္းဟာ ျပင္သစ္ကစားသမားကို ေခၚယူဖို႔ ကစားသမားအမ်ားအျပားကို ေရာင္းခ်ၿပီး ေျပာင္းေရႊ႕ေၾကးေတြကို ရွာေဖြဖို႔ စီစဥ္ေနၿပီလည္းျဖစ္ပါတယ္။

ဘတ္ေပး ဟာ ရီးရယ္လ္နည္းၿပ ဇီဒန္း ႏွစ္သက္တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းအတြက္ ေခၚယူခ်င္ေနတာလည္းျဖစ္ပါတယ္။ဘတ္ေပးနဲ႔ ပီအက္စ္ဂ်ီ အသင္းတို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ (၂၀၂၂) မွာ ကုန္ဆုံးေတာ့မွာျဖစ္ၿပီး အခုအခ်ိန္ထိ သေဘာတူညီမႈမရေသးတာလည္းျဖစ္ပါတယ္။

ဒီအခ်က္ကို ရီးရယ္လ္ အသင္းက အခြင့္ေကာင္းယူဖို႔ ႀကံစည္ေနတာလည္းျဖစ္ပါတယ္။ရီးရယ္လ္ အသင္းဟာ ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ အသင္းရဲ့ဘ႑ာေရးထိခိုက္ခဲ့တဲ့ အတြက္ ၿပီးခဲ့တဲ့ ေႏြရာသီက ကစားသမားသစ္ ေခၚယူနိုင္ခဲ့ျခင္းမရွိတာလည္းျဖစ္ပါတယ္။

အဲဒါေၾကာင့္ စပိန္ကလပ္ ဟာ ဘတ္ေပး ကို ေခၚယူဖို႔ အတြက္ ကစားသမားေတြေရာင္းခ်ဖို႔ ရွိေနတာျဖစ္ပါတယ္။ရီးရယ္လ္ အသင္းဟာ ကစားသမား‌ေတြေရာင္းခ်ရာကေန ေပါင္ (၁၃၄)သန္း အထိ အသင္းရဲ့ဘတ္ဂ်တ္ထံ ျမင့္တင္နိုင္ဖို႔ ေမၽွာ္လင့္ေနတာလည္းျဖစ္ပါတယ္။

ရီးရယ္လ္ အသင္း ေရာင္းခ်ဖို႔ စီစဥ္ထားတဲ့ ကစား သမားေတြကေတာ့ နာမည္ႀကီး ကစားသမားေတြျဖစ္တဲ့ ဂါရတ္ေဘးလ္၊ အစၥကို၊ မာဆယ္လို၊ ဆီဘယ္ေလာ့စ္၊ လူကာဂ်ိဳဗစ္ နဲ႔ ဘရာဟင္ဒီယက္ဇ္ တို႔ ျဖစ္တယ္လို႔ AS သတင္းက ေဖာ္ျပထားပါတယ္။

ရီးရယ္လ္ အသင္းဟာ အခုရာသီ လာလီဂါ ၿပိဳင္ပြဲမွာ ထိပ္ဆုံးေနရာက အသလက္တီကို အသင္းထက္ (၂)ပြဲပိုကစားထားၿပီး (၄)မွတ္ေလ်ာ့နည္းကာ ဒုတိယေနရာမွာ ရပ္တည္ေနတာလည္းျဖစ္ပါတယ္။ရီးရယ္လ္ အသင္းဟာ ၾကားရက္မွာ စပိန္စူပါဖလားပြဲစဥ္အျဖစ္ ဘီလ္ဘာအို အသင္းနဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *