ဒုတိယနေရာက လီဗာပူးလ်နဲ့ပွဲအတွက် အသင့်ပဲလိုပြောပြီး စိန်ခေါ်စကားဆိုခဲ့တဲ့ ပေါ့ဘာ

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစား သမား ပေါ့ဘာ က အခုတစ်ပတ် လီဗာပူးလ် အသင်းနဲ့ ကစားမယ့်ကြီးမားတဲ့ အခိုက်အတန့်အတွက် တည်ငြိမ်မှုကို ဆက်လက်ထားရှိဖို့ တိုက်တွန်းလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီမနက်က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဘန်လေ အသင်းကို ပေါ့ဘာ ရဲ့တစ်လုံးထဲသောသွင်းဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါဟာ နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် အနားယူခဲ့တဲ့ (၂၀၁၂-၁၃) ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာကို ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒုတိယနေရာက လီဗာပူးလ် အသင်းကို (၃)မှတ်ဖြတ်ထားပြီး ဒီတစ်ပတ်မှာ အနိုင်ရခဲ့ရင် (၆)မှတ်ဖြတ်ထားနိုင်မှာလည်းဖြစ်ပါတယ်။

ပေါ့ဘာ က “ဒါဟာ လူတိုင်းအတွက် လှပတဲ့ ပွဲစဉ်ဖြစ်ပါလိမ့်မယ်။ဒါဟာ ကြီးမားတဲ့ ပွဲတစ်ခုပါ။အဲ‌ဒါကြောင့် အဆင်သင့်ပြင်ကြပါစို့။ကျွန်တော်တို့ ဒီညအနိုင်ရခဲ့တဲ့ အတွက် လီဗာပူးလ် နဲ့ ကစားတဲ့အခါမှာ ကျွန်တော်တို့ဟာ လိဂ်ရဲ့ထိပ်ဆုံးအသင်းဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ငါတို့ အေးဆေးတည်ငြိမ်ဖို့လိုပါတယ်။အခုအချိန်ကတော့ ကြီးမားတဲ့အခိုက်အတန့်ပါပဲ
။ဘာတွေဖြစ်သွားမလဲဆိုတာ ကျွန်တော်တို့ ကြည့်ကျတာပေါ့”လို့ ဆိုခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ရာသီက အန်ဖီးလ်မှာ လီဗာပူးလ် အသင်းကို အရေးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အဝေးကွင်းမှာ ရှုံးပွဲမရှိတာ (၁၅)ပွဲရှိသွားခဲ့ပြီဖြစ်ပါတယ်။ဒီ(၁၅)ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းက (၁၂)ပွဲအနိုင်ရခဲ့တာဖြစ်ပါတယ်။

Zawgyi

မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္ကစား သမား ေပါ့ဘာ က အခုတစ္ပတ္ လီဗာပူးလ္ အသင္းနဲ႔ ကစားမယ့္ႀကီးမားတဲ့ အခိုက္အတန႔္အတြက္ တည္ၿငိမ္မႈကို ဆက္လက္ထားရွိဖို႔ တိုက္တြန္းလိုက္ပါတယ္။မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒီမနက္က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ဘန္ေလ အသင္းကို ေပါ့ဘာ ရဲ့တစ္လုံးထဲေသာသြင္းဂိုးနဲ႔ အနိုင္ယူၿပီး ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာကို တက္ေရာက္နိုင္ခဲ့ပါတယ္။

ဒါဟာ နည္းျပႀကီး ဆာအဲလက္စ္ဖာဂူဆန္ အနားယူခဲ့တဲ့ (၂၀၁၂-၁၃) ရာသီေနာက္ပိုင္း ပထမဆုံးအႀကိမ္ ပရီးမီးယားလိဂ္အမွတ္ေပးဇယား ထိပ္ဆုံးေနရာကို ေရာက္ရွိခဲ့တာလည္းျဖစ္ပါတယ္။လက္ရွိအခ်ိန္မွာ မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ဒုတိယေနရာက လီဗာပူးလ္ အသင္းကို (၃)မွတ္ျဖတ္ထားၿပီး ဒီတစ္ပတ္မွာ အနိုင္ရခဲ့ရင္ (၆)မွတ္ျဖတ္ထားနိုင္မွာလည္းျဖစ္ပါတယ္။

ေပါ့ဘာ က “ဒါဟာ လူတိုင္းအတြက္ လွပတဲ့ ပြဲစဥ္ျဖစ္ပါလိမ့္မယ္။ဒါဟာ ႀကီးမားတဲ့ ပြဲတစ္ခုပါ။အဲ‌ဒါေၾကာင့္ အဆင္သင့္ျပင္ၾကပါစို႔။ကၽြန္ေတာ္တို႔ ဒီညအနိုင္ရခဲ့တဲ့ အတြက္ လီဗာပူးလ္ နဲ႔ ကစားတဲ့အခါမွာ ကၽြန္ေတာ္တို႔ဟာ လိဂ္ရဲ့ထိပ္ဆုံးအသင္းျဖစ္မယ္ဆိုတာ ကၽြန္ေတာ္တို႔ သိပါတယ္။ငါတို႔ ေအးေဆးတည္ၿငိမ္ဖို႔လိုပါတယ္။အခုအခ်ိန္ကေတာ့ ႀကီးမားတဲ့အခိုက္အတန႔္ပါပဲ
။ဘာေတြျဖစ္သြားမလဲဆိုတာ ကၽြန္ေတာ္တို႔ ၾကည့္က်တာေပါ့”လို႔ ဆိုခဲ့ပါတယ္။

မန္ခ်က္စတာယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ရာသီက အန္ဖီးလ္မွာ လီဗာပူးလ္ အသင္းကို အေရးနိမ့္ၿပီးေနာက္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ့အေဝးကြင္းမွာ ရႈံးပြဲမရွိတာ (၁၅)ပြဲရွိသြားခဲ့ၿပီျဖစ္ပါတယ္။ဒီ(၁၅)ပြဲမွာ မန္ခ်က္စတာယူနိုက္တက္ အသင္းက (၁၂)ပြဲအနိုင္ရခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *