ဘန်လေကိုအနိုင်ယူပြီး အချစ်ဦးရင်ခွင်ထဲ ပြန်ခိုလှုံနိုင်ခဲ့တဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ်ပွဲကျန်အဖြစ်ကစားခဲ့တဲ့ ဘန်လေနဲ့ ယူနိုက်တက်တို့ရဲ့ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ပေါ့ဂ်ဘာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် လီဗာပူးလ်နဲ့ ပွဲတူအနေထားဖြစ်သွားချိန်မှာ ယူနိုက်တက်က ၃ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်လိုက်ပြီး လာမယ့် အန်ဖီးလ်ပွဲစဉ်မတိုင်ခင်မှာ စိတ်ပိုင်းဆိုင်ရာအရ အင်အားအပြည့်ရှိသွားခဲ့ပြီဖြစပါတယ်။

အဝေးကွင်းဆိုရင် ရလဒ်ကောင်းလေ့ရှိတဲ့ ယူနိုက်တက်ဟာ ဒီပုံစံကိုဆက်ထိန်းထားနိုင်ခဲ့ပြီး အနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့် ဂိုးရဖို့အတွက်တော့ ရုန်းကန်နေခဲ့ရပြီး ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ ခြေစွမ်းမပြနိုင်တာကြောင့် ဆိုးလ်ရှားတစ်ယောက် နည်းနည်းတော့ သောကပွားနေခဲ့ရပါတယ်။ ကစားကွက်အရ၊ ဘောလုံးပိုင်ဆိုင်မှုအရ အသာစီးရခဲ့ပေမယ့် ဂိုးသွင်းပေးမယ့်သူ မရှိဖြစ်နေခဲ့လို့ ယူနိုက်တက်ဆီက သွင်းဂိုးတွေကို ပထမပိုင်းမှာ မတွေ့ခဲ့ရပါဘူး။

ဒုတိယပိုင်းမှာ ကာဗာနီဝင်လာခဲ့ပြီး တိုက်စစ်မြှင့်ခဲ့တဲ့နောက် ဘန်လေတို့ တောင့်ခံနိုင်ဖို့ ခဲယဉ်းလာခဲ့ပါတယ်။ ဒါကြောင့်လည်း ရက်ရှ်ဖို့ဒ်ရဲ့ ဖန်တီးပေးမှုကနေ ပေါ့ဂ်ဘာက ဧရိယာထိပ်ကနေ အပြင်းကန်သွင်းရာမှာ ဘန်လေကစားသမားနဲ့ထိပြီး လမ်းကြောင်းပြောင်းဂိုးဝင်ခဲ့လို့ အဖိုးတန်အနိုင်ဂိုးကိုရရှိခဲ့ပါတယ်။ ပေါ့ဂ်ဘာရဲ့ကန်ချက်က တကယ်ကောင်းမွန်ခဲ့သလို ရက်ရှ်ဖို့ကလည်း ပေါ့ဂ်ဘာကို အသင့်ကန်ရုံပဲဆိုတဲ့ အနေအထားဖြစ်အောင် အတိအကျဖန်တီးပေးနိုင်ခဲ့ပါတယ်။

ပွဲပြီးခါနီးမှာ ဘန်လေကဆက်တိုက်ပြန်ဖိခဲ့ပြီး ဂိုးရဖို့အတွက် နီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ခံစစ်ပိုင်းက အကောင်းဆုံးဟန့်တားနိုင်ခဲ့လို့ ချေပဂိုးမပေးခဲ့ရဘဲ အဖိုးတန်နိုင်ပွဲကို ရယူသွားခဲ့ကာ လီဗာပူးလ်အထက်မှာ ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။ လာမယ့်ပရီးမီးယားလိဂ်ပွဲအဖြစ် အန်ဖီးလ်မှာ လီဗာပူးလ်နဲ့ ယူနိုက်တက်တို့ကစားရမှာဖြစ်ပြီး အဆိုပါပွဲက ချန်ပီယံဆုအတွက် အရေးပါတဲ့ပွဲစဉ်ဖြစ်လာပြီး ကမ္ဘာ့ရန်နှစ်သင်း အကြိတ်အနယ်ကစားရတော့မှာပဲဖြစ်ပါတယ်။

Zawgyi

ပရီးမီးယားလိဂ္ပြဲက်န္အျဖစ္ကစားခဲ့တဲ့ ဘန္ေလနဲ႔ ယူနိုက္တက္တို႔ရဲ့ပြဲစဥ္မွာေတာ့ ယူနိုက္တက္ဟာ ေပါ့ဂ္ဘာရဲ့ တစ္လုံးတည္းေသာသြင္းဂိုးနဲ႔ အနိုင္ရရွိသြားခဲ့ပါတယ္။ ဒါေၾကာင့္ လီဗာပူးလ္နဲ႔ ပြဲတူအေနထားျဖစ္သြားခ်ိန္မွာ ယူနိုက္တက္က ၃ မွတ္ျဖတ္ကာ အမွတ္ေပးဇယားကို ဦးေဆာင္လိုက္ၿပီး လာမယ့္ အန္ဖီးလ္ပြဲစဥ္မတိုင္ခင္မွာ စိတ္ပိုင္းဆိုင္ရာအရ အင္အားအျပည့္ရွိသြားခဲ့ၿပီျဖစပါတယ္။

အေဝးကြင္းဆိုရင္ ရလဒ္ေကာင္းေလ့ရွိတဲ့ ယူနိုက္တက္ဟာ ဒီပုံစံကိုဆက္ထိန္းထားနိုင္ခဲ့ၿပီး အနိုင္ယူခဲ့ပါတယ္။ ဒါေပမယ့္ ဂိုးရဖို႔အတြက္ေတာ့ ႐ုန္းကန္ေနခဲ့ရၿပီး ရက္ရွ္ဖို႔ဒ္နဲ႔ မာရွယ္တို႔ ေျခစြမ္းမျပနိုင္တာေၾကာင့္ ဆိုးလ္ရွားတစ္ေယာက္ နည္းနည္းေတာ့ ေသာကပြားေနခဲ့ရပါတယ္။ ကစားကြက္အရ၊ ေဘာလုံးပိုင္ဆိုင္မႈအရ အသာစီးရခဲ့ေပမယ့္ ဂိုးသြင္းေပးမယ့္သူ မရွိျဖစ္ေနခဲ့လို႔ ယူနိုက္တက္ဆီက သြင္းဂိုးေတြကို ပထမပိုင္းမွာ မေတြ႕ခဲ့ရပါဘူး။

ဒုတိယပိုင္းမွာ ကာဗာနီဝင္လာခဲ့ၿပီး တိုက္စစ္ျမႇင့္ခဲ့တဲ့ေနာက္ ဘန္ေလတို႔ ေတာင့္ခံနိုင္ဖို႔ ခဲယဥ္းလာခဲ့ပါတယ္။ ဒါေၾကာင့္လည္း ရက္ရွ္ဖို႔ဒ္ရဲ့ ဖန္တီးေပးမႈကေန ေပါ့ဂ္ဘာက ဧရိယာထိပ္ကေန အျပင္းကန္သြင္းရာမွာ ဘန္ေလကစားသမားနဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းဂိုးဝင္ခဲ့လို႔ အဖိုးတန္အနိုင္ဂိုးကိုရရွိခဲ့ပါတယ္။ ေပါ့ဂ္ဘာရဲ့ကန္ခ်က္က တကယ္ေကာင္းမြန္ခဲ့သလို ရက္ရွ္ဖို႔ကလည္း ေပါ့ဂ္ဘာကို အသင့္ကန္႐ုံပဲဆိုတဲ့ အေနအထားျဖစ္ေအာင္ အတိအက်ဖန္တီးေပးနိုင္ခဲ့ပါတယ္။

ပြဲၿပီးခါနီးမွာ ဘန္ေလကဆက္တိုက္ျပန္ဖိခဲ့ၿပီး ဂိုးရဖို႔အတြက္ နီးစပ္ခဲ့ပါတယ္။ ဒါေပမယ့္ ယူနိုက္တက္ခံစစ္ပိုင္းက အေကာင္းဆုံးဟန႔္တားနိုင္ခဲ့လို႔ ေခ်ပဂိုးမေပးခဲ့ရဘဲ အဖိုးတန္နိုင္ပြဲကို ရယူသြားခဲ့ကာ လီဗာပူးလ္အထက္မွာ ရပ္တည္နိုင္ခဲ့ၿပီျဖစ္ပါတယ္။ လာမယ့္ပရီးမီးယားလိဂ္ပြဲအျဖစ္ အန္ဖီးလ္မွာ လီဗာပူးလ္နဲ႔ ယူနိုက္တက္တို႔ကစားရမွာျဖစ္ၿပီး အဆိုပါပြဲက ခ်န္ပီယံဆုအတြက္ အေရးပါတဲ့ပြဲစဥ္ျဖစ္လာၿပီး ကမၻာ့ရန္ႏွစ္သင္း အႀကိတ္အနယ္ကစားရေတာ့မွာပဲျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *