အင်တာ၊ နာပိုလီ တို့နဲ့ ကစားမယ့်ပွဲမှ အဓိက ကစားသမားတစ်ဦးကို လက်လွှတ်ရမယ့် ဂျုဗီ

ဂျုဗင်တပ်စ် အသင်းရဲ့တိုက်စစ်ကစားသမား ဒိုင်ဘားလား ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် အင်တာမီလန် အသင်းနဲ့ စီးရီးအေ ပွဲစဉ်အပြင် စူပါကိုပါအီတလီယာဗိုလ်လုပွဲကို ပါဝင်နိုင်မှာမဟုတ်ဘူးလို့ ဂိုးလ်ကွန်း သတင်းက ဖော်ပြလိုက်ပါတယ်။ဂျုဗင်တပ်စ် အသင်းက ဒိုင်ဘားလား ရဲ့ဒဏ်ရာအခြေအနေကို စမ်းသပ်စစ်ဆေးမှုတွေပြုလုပ်ပြီး ကစားသမားရဲ့ဒဏ်ရာအခြေအနေကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒိုင်ဘားလား ဟာ ဘယ်ဘက်ဒူးအရွတ်ဒဏ်ရာကြောင့် ခန့်မှန်းခြေ (၁၅)ရက်ကနေ (၂၀)ရက် ကြားအနားယူရဖွယ်ရှိတယ်လို့ အီတလီကလပ်က ဆိုခဲ့တာဖြစ်ပါတယ်။ဒိုင်ဘားလား ဟာ ဂျုဗင်တက်ပ်စ် အသင်းက ဆက်ဆူအိုလို အသင်းကို (၃)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ပွဲစဉ်ရဲ့ပထမပိုင်းမှာပဲ ဒူးဒဏ်ရာကြောင့် ကူလူဆက်ဗ်စကီး နဲ့ လူစားလဲမှုပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ဒိုင်ဘားလား ဟာ ဒီရာသီ သူ့ရဲ့စီးရီးအေ (၁၁)ပွဲ‌မြောက်ကို ပါဝင်ကစားခဲ့ပေမယ့် ဒဏ်ရာရရှိခဲ့တာကြောင့် အနားယူရတော့မှာလည်းဖြစ်ပါတယ်။

ဂျုဗင်တပ်စ် အသင်းဟာ ကြားရက်မှာ ဂျီနိုအာ အသင်းနဲ့ ကိုပါအီတလီယာ ဖလားပွဲစဉ်အဖြစ် ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒိုင်ဘားလား အပြင် ကွင်းလယ်ကစားသမား မက်ကန်နီး နဲ့ ခြေကျင်းဝတ်ဒဏ်ရာပြသနာရှိနေတဲ့ ချီဆာ လည်းပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သတင်းမှာ ဆိုပါတယ်။ဂျုဗင်တပ်စ် အသင်းဟာ ဒီပွဲပြီးရင် အင်တာနဲ့ စီးရီးအေ၊ နာပိုလီ နဲ့ စူပါကိုပါအီတလီယာဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အရေးကြီးတဲ့ ပွဲတွေမှာ အာဂျင်တီးနား ကစားသမားကို လက်လွှတ်ရမှာဖြစ်တဲ့ အတွက် နည်းပြ ပီယာလို အတွက် စိတ်ညစ်စရာဖြစ်လာခဲ့ပါတယ်။

ဂျု‌ဗင်တပ်စ် အသင်းဟာ ဆက်ဆူအိုလို နဲ့ ပွဲမှာ အနိုင်ရပြီးနောက် ထိပ်ဆုံးနေရာက အေစီမီလန် အသင်းထက် တစ်ပွဲလျော့နည်းပြီး ရမှတ်(၇)မှတ် နဲ့ အမှတ်ပေးဇယား အဆင့် (၄)နေရာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

Zawgyi

ဂ်ဳဗင္တပ္စ္ အသင္းရဲ့တိုက္စစ္ကစားသမား ဒိုင္ဘားလား ဟာ ဒူးအရြတ္ဒဏ္ရာေၾကာင့္ အင္တာမီလန္ အသင္းနဲ႔ စီးရီးေအ ပြဲစဥ္အျပင္ စူပါကိုပါအီတလီယာဗိုလ္လုပြဲကို ပါဝင္နိုင္မွာမဟုတ္ဘူးလို႔ ဂိုးလ္ကြန္း သတင္းက ေဖာ္ျပလိုက္ပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းက ဒိုင္ဘားလား ရဲ့ဒဏ္ရာအေျခအေနကို စမ္းသပ္စစ္ေဆးမႈေတြျပဳလုပ္ၿပီး ကစားသမားရဲ့ဒဏ္ရာအေျခအေနကို ထုတ္ျပန္ခဲ့တာျဖစ္ပါတယ္။

ဒိုင္ဘားလား ဟာ ဘယ္ဘက္ဒူးအရြတ္ဒဏ္ရာေၾကာင့္ ခန႔္မွန္းေၿခ (၁၅)ရက္ကေန (၂၀)ရက္ ၾကားအနားယူရဖြယ္ရွိတယ္လို႔ အီတလီကလပ္က ဆိုခဲ့တာျဖစ္ပါတယ္။ဒိုင္ဘားလား ဟာ ဂ်ဳဗင္တက္ပ္စ္ အသင္းက ဆက္ဆူအိုလို အသင္းကို (၃)ဂိုး-(၁)ဂိုးနဲ႔ အနိုင္ရခဲ့တဲ့ စီးရီးေအ ပြဲစဥ္ရဲ့ပထမပိုင္းမွာပဲ ဒူးဒဏ္ရာေၾကာင့္ ကူလူဆက္ဗ္စကီး နဲ႔ လူစားလဲမႈျပဳလုပ္ခဲ့ရတာျဖစ္ပါတယ္။ဒိုင္ဘားလား ဟာ ဒီရာသီ သူ႔ရဲ့စီးရီးေအ (၁၁)ပြဲ‌ေျမာက္ကို ပါဝင္ကစားခဲ့ေပမယ့္ ဒဏ္ရာရရွိခဲ့တာေၾကာင့္ အနားယူရေတာ့မွာလည္းျဖစ္ပါတယ္။

ဂ်ဳဗင္တပ္စ္ အသင္းဟာ ၾကားရက္မွာ ဂ်ီနိုအာ အသင္းနဲ႔ ကိုပါအီတလီယာ ဖလားပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ဒိုင္ဘားလား အျပင္ ကြင္းလယ္ကစားသမား မက္ကန္နီး နဲ႔ ေျခက်င္းဝတ္ဒဏ္ရာျပသနာရွိေနတဲ့ ခ်ီဆာ လည္းပါဝင္နိုင္မွာ မဟုတ္ဘူးလို႔ သတင္းမွာ ဆိုပါတယ္။ဂ်ဳဗင္တပ္စ္ အသင္းဟာ ဒီပြဲၿပီးရင္ အင္တာနဲ႔ စီးရီးေအ၊ နာပိုလီ နဲ႔ စူပါကိုပါအီတလီယာဗိုလ္လုပြဲ ကစားရမွာျဖစ္ၿပီး အေရးႀကီးတဲ့ ပြဲေတြမွာ အာဂ်င္တီးနား ကစားသမားကို လက္လႊတ္ရမွာျဖစ္တဲ့ အတြက္ နည္းၿပ ပီယာလို အတြက္ စိတ္ညစ္စရာျဖစ္လာခဲ့ပါတယ္။

ဂ်ဳ‌ဗင္တပ္စ္ အသင္းဟာ ဆက္ဆူအိုလို နဲ႔ ပြဲမွာ အနိုင္ရၿပီးေနာက္ ထိပ္ဆုံးေနရာက ေအစီမီလန္ အသင္းထက္ တစ္ပြဲေလ်ာ့နည္းၿပီး ရမွတ္(၇)မွတ္ နဲ႔ အမွတ္ေပးဇယား အဆင့္ (၄)ေနရာကို ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။

Leave a Reply

Your email address will not be published. Required fields are marked *